AMD Pro Processor အသုံးပြုထားတဲ့ လုပ်ငန်းသုံး ThinkPad Laptop မော်ဒယ်လ်သစ်နှစ်မျိုးကို Lenovo မိတ်ဆက်

date_range 08 September 2017

AMD Pro Processor အသုံးပြုထားတဲ့ လုပ်ငန်းသုံး ThinkPad Laptop မော်ဒယ်လ်သစ်နှစ်မျိုးကို Lenovo မိတ်ဆက်

visibility 260 Views

                Lenovo အနေနဲ့ လုပ်ငန်းသုံး ThinkPad Laptop ThinkPad A275 နဲ့ ThinkPad A475 ဆိုတဲ့ မော်ဒယ်လ်သစ်နှစ်မျိုးကို ကြာသပတေးနေ့က (၇-၇-၂၀၁၇) တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုမော်ဒယ်သစ်နှစ်မျိုးဟာ Lenovo က ထုတ်လုပ်ခဲ့သမျှ ThinkPad Laptop တွေထဲမှာ ထူးထူးခြားခြား AMD Pro Processor ကို အသုံးပြုထားတဲ့ ပထမဆုံး ThinkPad Laptop တွေပဲ ဖြစ်ပါတယ်။

                ThinkPad Laptop တွေဟာ လုပ်ငန်းသုံး Laptop အမျိုးအစားတွေ ဖြစ်တဲ့အတွက် Multitasking နဲ့ Hardware-Level Security ပိုင်းမှာ ပိုမိုကောင်းမွန်သွားစေဖို့အတွက် 7th Generation AMD Pro A12 Processor တွေကို တပ်ဆင်အသုံးပြုရခြင်းဖြစ်တယ်လို့လည်း Lenovo က တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

                ThinkPad A275 မော်ဒယ်လ်ကတော့ ကန်ဒေါ်လာ ၈၆၉ ဒေါ်လာ၊ A475 မော်ဒယ်လ်ကတော့ ကန်ဒေါ်လာ ၈၄၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ဒီလကုန်လောက်မှာ တရားဝင်ရောင်းချသွားမယ်လို့ သိရပါတယ်။ မော်ဒယ်လ်နှစ်ခုမှာ ကွဲသွားတာကတော့ Display Size ပဲ ဖြစ်ပါတယ်။ A275 မော်ဒယ်လ်က 12.5 in Display နဲ့ ဖြစ်ပြီး၊ A475 မော်ဒယ်လ်ကတော့ 14 in Display နဲ့ ဖြစ်ပါတယ်။


                မော်ဒယ်လ်နှစ်ခုစလုံးရဲ့ Resolution အနေနဲ့ကတော့ 1600x900 pixels ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝယ်ယူသူတွေအနေနဲ့ Base Model Display ကို အကြိုက်မတွေ့ဘူးဆိုရင်လည်း Resolution 1920x1080 ရရှိမယ့် Full HD IPS Display ကို ရွေးချယ်နိုင်မှာဖြစ်ပြီး၊ Touch Display လိုချင်လည်းရသလို၊ မလိုချင်လည်း ရပါတယ်။

                Graphics Card အနေနဲ့ မော်ဒယ်လ်နှစ်မျိုးလုံးမှာ Radeon R7-Class Graphics Card ကို အသုံးပြုထားပြီး၊ RAM ကတော့ 16GB DDR4 ရှိမှာပါ။ ROM ကိုလည်း 512GB NVMe M2 SSD နဲ့လိုချင်လား၊ 1TB HHD နဲ့လိုချင်လား၊ ဝယ်ယူသူက ရွေးချယ်နိုင်မှာပါ။

                အလေးချိန်တွေအနေနဲ့ A275 က 1.3 kg လေးပြီး၊ A475 ကတော့ 1.6 kg လေးမှာဖြစ်ပါတယ်။ Port တွေအနေနဲ့ USB 3.0 Type-A Port နှစ်ခု၊ USB Type-C Connector တစ်ခု၊ HDMI Port တစ်ခု၊ Ethernet, Card Reader, Headphone Jack တို့ ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး Wireless Connection အတွက် LTE-A Mobile BroadBand, Wi-Fi 802.11 ac, Bluetooth 4.1 တို့ ပါဝင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့ မော်ဒယ်လ်နှစ်မျိုးစလုံး ၁၀ နာရီကျော်ကျော်ပေးစွမ်းနိုင်မယ်လို့လည်း သိရပါတယ်။

“Lenovo အနေနဲ့ ကုမ္ပဏီသက်တမ်း ၂၅ နှစ်တာကာလအတွင်းမှာ ထုတ်လုပ်ခဲ့သမျှ Product တွေဟာ ဝယ်ယူသူတွေ စိတ်ကျေနပ်မှုရရှိနိုင်အောင် ကြိုးစားခဲ့ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ ThinkPad Laptop တွေဟာလည်း ပြောင်းလဲနေတဲ့ နည်းပညာနဲ့ကိုက်ညီပြီး Lenovo ရဲ့ Enterprise Customer တွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ Multitasking နဲ့ Hardware-Level Security ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်”

လို့ Lenovo ရဲ့ အမှုဆောင်အရာရှိ Jerry Paradise က ပြောကြားခဲ့ပါတယ်။

References
Gadget NDTV
About Author
Assinged Tags
Lenovo Lenovo Laptops ThinkPad A275 ThinkPad A475
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed