မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် YouTube ဗီဒီယိုတွေကို MP3 ပြောင်းပေးတဲ့ နာမည်ကြီး Website ပိတ်သိမ်းခံရ

date_range 07 September 2017

မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် YouTube ဗီဒီယိုတွေကို MP3 ပြောင်းပေးတဲ့ နာမည်ကြီး Website ပိတ်သိမ်းခံရ

visibility 680 Views

                လွန်ခဲ့တဲ့နှစ်တုန်းက လူသုံးများတဲ့ ဂျာမနီအခြေစိုက် YouTube to MP3 Converter Website တစ်ခုဖြစ်တဲ့ youtube-mp3.org ကို တေးသံသွင်းတော်တော်များများက မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် တရားစွဲဆိုခဲ့ပါတယ်။ အဆိုပါ Website ဟာ Record Labels ( တေးသံသွင်းကုမ္ပဏီ) တွေက ပိုင်ဆိုင်တဲ့ သီချင်းဗီဒီယိုတွေကို အရင်းပြုပြီး၊ ကြော်ငြာတွေကနေ ပိုက်ဆံရှာခဲ့တဲ့ အတွက် အခုလို တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

                အခုလို တရားစွဲဆိုမှုတွေအပြီးမှာတော့ YouTube-MP3 Website ပိုင်ရှင်တွေအနေနဲ့ Website ကို ချက်ချင်းပိတ်သိမ်းပစ်ဖို့၊ ပမာဏမဖော်ပြထားတဲ့လျော်ကြေးငွေ ပေးအပ်ဖို့နဲ့ တရားလိုတွေထံကို Domain လွှဲပြောင်းပေးဖို့ သဘောတူညီခဲ့ရပါတယ်။

                Youtube-mp3.org ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ လူအသုံးများဆုံး YouTube Audio Ripping ဆိုက်တစ်ခုဖြစ်ပြီး၊ Users တွေအနေနဲ့ YouTube Videos တိုင်းလိုလိုကို Audio MP3 ဖိုင်တွေအဖြစ် အခမဲ့ကူးပြောင်းနိုင်တဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။ အဆိုပါ MP3 ဖိုင်တွေကို Download ရယူကာ၊ Offline လည်းနားဆင်နိုင်ပါတယ်။

                ပြီးခဲ့တဲ့နှစ်မှာတော့ youtube-mp3.org ကို ဂီတစျေးကွက်ကို ကိုယ်စားပြုတဲ့ RIAA (Recording Industry Association of America) ၊ BPI (British Recorded Music Industry) နဲ့ IFPI (International Federation of the Phonographic Industry) သုံးခုလုံးက မူပိုင်ခွင့်ချိုးဖောက်မှုအပြင်၊ YouTube ရဲ့ ကူးယူမှုကာကွယ်ရေးစနစ်ကို Bypass လုပ်မှု၊ United States ရဲ့ Digital မူပိုင်ခွင့်ဥပဒေ (DMCA) ကို ချိုးဖောက်မှုတို့နဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

                အခုအခါမှာတော့ အမှုကို ကြေအေးဖို့ အထက်ပါအတိုင်း သဘောတူညီမှုရရှိခဲ့ပြီဖြစ်သလို၊ Site ကို ထိန်းချုပ်လည်ပတ်သူတွေအနေနဲ့ နောက်ထပ်မှာလည်း “မူပိုင်ခွင့်ငြိစွန်းတဲ့” နည်းပညာ (သို့မဟုတ်) Service တွေကို Design လုပ်တာ၊ Develop လုပ်တာ၊ ဖြန့်ချိလွှင့်တင်တာတွေ ထပ်မလုပ်ဖို့ တားမြစ်ခံခဲ့ရပါတယ်။

                လက်ရှိမှာ youtube-mp3.org ကို ဝင်ရောက်အသုံးပြုနိုင်ဆဲဖြစ်ပေမယ့်၊ Audio Convert လုပ်တဲ့အခါမှာ Error Message ပဲ မြင်ရတော့မှာဖြစ်ကာ၊ Convert လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ Youtube-mp3.org ဟာ IFPI ရဲ့ Report တစ်ခုအရ တစ်လကို Visitor ပေါင်း သန်း ၆၀ လောက်ရှိတဲ့ Website တစ်ခုလည်း ဖြစ်ပါတယ်။


References
Gadgets NDTV
About Author
Assinged Tags
Youtube Pirate Websites Copyright Copyright Infringement Website MP3 Audio Ripping Stream-ripping
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed