Pure Adaptive Noise Cancellation ပါ၀င်တဲ့ Beats Studio3 Wireless Headphones ကို စတင်မိတ်ဆက်

date_range 05 September 2017

Pure Adaptive Noise Cancellation ပါ၀င်တဲ့ Beats Studio3 Wireless Headphones ကို စတင်မိတ်ဆက်

visibility 300 Views

                နာမည်ကြီး Audio ကုမ္ပဏီတစ်ခုဖြစ်တဲ့ Beats ဟာ Apple ရဲ့ W1 Chip ပါ၀င်တဲ့ Beats Studio3 Wireless Headphone တွေကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ Studio3 Headphone မှာ Pure Adaptive Noise Cancellation (ANC) နည်းပညာကို အသုံးပြုထားတဲ့အတွက် ပတ်၀န်းကျင်ဘယ်လိုပဲ ဆူညံနေပါစေ၊ မိမိနားထောင်နေတဲ့ သီချင်းအသံအပေါ် သက်ရောက်မှုတစ်ခုမှ မရှိနိုင်ဘူးလို့ သိရှိရပါတယ်။


                အခုထွက်ရှိလာတဲ့ Beats Studio 3 Wireless Headphone ဟာ Battery Life အနေနဲ့ Pure ANC ဖွင့်ထားခဲ့ရင် ၂၂ နာရီအကြာအထိ နားဆင်နိုင်မှာဖြစ်ပြီး၊ Pure ANC ပိတ်ထားခဲ့မယ်ဆိုရင်တော့ နာရီ ၄၀ နဲ့အထက် နားထောင်နိုင်မှာဖြစ်ပါတယ်။ Fast Fuel Quick Charging Technology ပါ၀င်တဲ့အတွက် သုံးနာရီစာသီချင်းနားဆင်မှုပြုလုပ်နိုင်ဖို့အတွက် ၁၀ မိနစ်လောက်ပဲ Charging သွင်းဖို့လိုအပ်တယ်လို့ သိရှိရပါတယ်။

                Beats မှလည်း Pure ANC Technology မှာ Advanced Algorithms တွေကိုအသုံးပြုထားပြီး၊ နားဆင်သူနဲ့ ပတ်၀န်းကျင်အကြားအမြဲစောင့်ကြည့်နေမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုမျိုးစောင့်ကြည့်နေပြီးတော့ မလိုအပ်တဲ့ ပတ်၀န်းကျင်ကအသံတွေ (ဥပမာ- လေယာဉ်စီးနေတဲ့အခါ၊ ဆူညံနေတဲ့ ကော်ဖီဆိုင်ထဲ ထိုင်နေရတာ) ကို ဖယ်ရှားပေးသွားမှာဖြစ်ပါတယ်။ 

                ဒါ့အပြင် Pure ANC ဟာ နားရွက်ပုံစံမတူတာ၊ ဆံပင် နဲ့ မျက်မှန်တပ်ထားတာတွေ  စတဲ့ အခြေအနေအမျိုးမျိုးကြောင့် မိမိသီချင်းနားထောင်နေတဲ့အသံ အပြင်ကိုပေါက်ကြားတာမျိုးလည်း မဖြစ်အောင် ချိန်ညှိပေးနိုင်ဦးမှာဖြစ်ပါတယ်။ 

                ဒီထက်ပိုမိုကောင်းမွန်တာကတော့ Pure ANC ဟာ မိမိသီချင်းနားထောင်နေတဲ့အချိန်မှာ အပြင်ဆူညံသံတွေ၀င်နေလား၊ မ၀င်နေဘူးလားဆိုတာကို အမြဲစစ်ဆေးနေမှာဖြစ်ပြီး သီချင်းသံကိုပဲ ကြည်ကြည်လင်လင်ကြားရအောင် အလိုအလျောက်ချိန်ညှိပေးနေမှာပါ။ Audio Calibration အတွက်ကိုလည်း Real-time ပြုလုပ်ပေးနေမှာဖြစ်ပြီး၊ တစ်စက္ကန့်အတွင်းမှာ အကြိမ်ရေ ငါးသောင်းခန့်အထိ အမျိုးမျိုးချိန်ညှိပေးနိုင်စွမ်းရှိတာမို့ အတော်လေးကို ကောင်းမွန်တဲ့နည်းပညာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။


                Apple ရဲ့ AirPods Earbuds တွေထဲမှာထည့်သွင်းအသုံးပြုထားတဲ့ W1 Chip လည်း Studio3 Headphone ထဲမှာ ပါ၀င်တာကြောင့် Apple Device တွေနဲ့ချိတ်ဆက်တဲ့အခါ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး၊ iCloud အတူတူချိတ်ဆက်ထားတဲ့ Device တွေမှာဆိုရင် Device တစ်ခုနဲ့ တစ်ခု အထစ်အငေါ့မရှိပဲ အပြောင်းအလဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

                Apple W1 Chip မှာ Class 1 Bluetooth ပါ၀င်တဲ့အတွက် Apple မဟုတ်တဲ့ အခြား Device တွေမှာလည်း Studio3 နဲ့  ချိတ်ဆက်နားဆင်နိုင်မှာဖြစ်ပါတယ်။  ဖုန်းဖြေကြားတာတွေ၊ သီချင်းရှေ့/နောက်ကျော်တာ နဲ့ Siri ကို Activate လုပ်တာတို့ကို On-Ear Controls နဲ့ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 3.5mm RemoteTalk Cable လည်းပါ၀င်လာမှာဖြစ်ပြီး၊ In-Line Controls တွေကိုလည်း Cable ပေါ်မှာမြင်တွေ့ရမှာဖြ်စပါတယ်။

                Beats Studio3 Wireless Headphone တွေကို Apple Website မှာ USD $349.95 ခန့်နဲ့ United States အတွက် Order မှာယူနိုင်ပြီး၊ Canada နိုင်ငံအတွက်ကတော့ Canada Dollar $399.95 နဲ့ Order မှာနိုင်ပါတယ်။ UK အတွက်ကတော့ £299.95 ခန့်နဲ့ Order မှာနိုင်တယ်လို့သိရှိရပါတယ်။ Order မှာယူထားတဲ့ Customer တွေအတွက် အောက်တိုဘာ လ လယ်လောက်မှာ ပို့ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။

                Beats Studio3 Headphone ဟာ အရင်ထွက်ရှိခဲ့တဲ့ Beats Studio Wireless ပုံစံနဲ့ဆင်တူပြီး၊ နူးညံ့တဲ့ Over-Ear Cushions တွေပါ၀င်ပါတယ်။ အရောင်အနေနဲ့ကတော့ Red, Matte Black, White, Porcelain Rose, Blue နဲ့ Shadow Gray ဆိုပြီး ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

References
MacRumors
About Author
Assinged Tags
Siri Beats Electronics Beats Beats Music Beats Headphones Apple Beats Studio 3 Beats Audio Adaptive Noise Cancellation
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed