KFC China မှာ မျက်နှာနဲ့ ငွေပေးချေနိုင်တဲ့စနစ်ကို စတင် အသုံးပြု

date_range 03 September 2017

KFC China မှာ မျက်နှာနဲ့ ငွေပေးချေနိုင်တဲ့စနစ်ကို စတင် အသုံးပြု

visibility 140 Views

                တရုတ်နိုင်ငံ၊ Hangzhou မြို့က KFC ဆိုင်ခွဲတစ်ခုမှာ လာရောက်စားသောက်သူတွေအနေနဲ့ ငွေသား၊ Credit Card နဲ့ Mobile Payment တွေနဲ့ အပြင်၊ အခုအခါ မိမိမျက်နှာကိုပါ အသုံးပြုပြီး ငွေပေးချေနိုင်ပြီ ဖြစ်ပါတယ်။

                Face Recognition Payment လို့ ခေါ်ဆိုတဲ့ မျက်နှာအသုံးပြုငွေပေးချေမှုစနစ်အသစ်ကို ပြီးခဲ့တဲ့သောကြာနေ့က KFC brand အခွဲတစ်ခုဖြစ်တဲ့ KPro စားသောက်ဆိုင်မှာ စတင်မိတ်ဆက်ခဲ့တာပါ။

                တရုတ် E-Commerce မှာ ဘုရင်တစ်ဆူဖြစ်တဲ့ Alibaba ရဲ့ အခွဲတစ်ခုဖြစ်တဲ့ Ant Financial ( အရင် Alipay ) ကနေ ရေးဆွဲထားတဲ့ “Smile to Pay” ငွေချေစနစ်ကို အသုံးပြုထားတာဖြစ်ပြီး၊ အခု KFC ဆိုင်ဟာ "ကမ္ဘာမှာ ပထမဆုံး Face Recognition Payment စနစ် သုံးနိုင်ခဲ့တဲ့ ဆိုင်" ဖြစ်တယ်လို့ Ant Financial က ဆိုပါတယ်။

via GIPHY

                မိမိမျက်နှာကို အသုံးပြုပြီး ငွေပေးချေချင်တဲ့ စားသုံးသူတွေအနေနဲ့ Alipay အကောင့်တစ်ခုရှိဖို့ လိုအပ်ပြီး၊ Ordering Machine ( အစားအသောက်မှာယူတဲ့စက်) မှာ မျက်နှာကို Scan ဖတ်ကာ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ အကောင့်လုံခြုံမှုအတွက် မိမိဖုန်းနံပါတ်ကို ရိုက်ထည့်ပေးဖို့တော့ လိုပါသေးတယ်။

“ 3D Camera နဲ့ Liveness Detection Algorithm ( User စစ်မှန်ကြောင်း ခွဲခြားတဲ့စနစ်)  တို့ကို ပေါင်းစပ်အသုံးပြုထားတဲ့ Smile to Pay စနစ်ဟာ တခြားလူတွေရဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ သုံးပြီး၊ စနစ်ကို လိမ်ဖို့ ကြိုးစားမှုတွေကို ကာကွယ်ပေးနိုင်တာကြောင့်၊ ကိုယ့်အကောင့်သုံးပြီး ငွေချေမှာတွေ ပူစရာမလိုပါဘူး”

                လို့ Ant Financial ရဲ့ Biometric Identification Technology ( ဇီဝအချက်အလက်သုံးစစ်ဆေးမှုနည်းပညာပိုင်း) ဒါရိုက်တာ Jidong Chen က ပြောကြားခဲ့ပါတယ်။

                တရုတ်နိုင်ငံဟာ Facial Recognition Technology ပိုင်းမှာ ဦးဆောင်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ နိုင်ငံ နေရာအနှံ့အပြားမှာ Facial Recognition နည်းပညာကို ကောင်းကောင်းအသုံးချနေပါတယ်။

                Beijing က သမိုင်းဝင် Temple of Heaven မှာလည်း အိမ်သာသုံးစက္ကူလိပ်တွေ အခိုးခံရမှုကနေ ကာကွယ်ဖို့ ဒီနည်းပညာကို အသုံးပြုလျက်ရှိပြီး၊ လေဆိပ်နဲ့ ဘူတာရုံတချို့မှာလည်း လက်မှတ်စနစ်အတွက် Facial Recognition နည်းပညာကို ယခုနှစ်အစောပိုင်းက စတင်အသုံးပြုခဲ့ပါတယ်။

References
Reuters Gadgets NDTV
About Author
Assinged Tags
Biometrics Biometrics Authentication Face Recognition KFC KFC China Face Recognition Payment Payment Smile to Pay Alipay Ant Financial
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed