Siri ဦးစီးမှူးအဖြစ် Software Engineering ဌာနအကြီးအကဲဖြစ်တဲ့ Craig Federighi ကို လွှဲပြောင်းပေးအပ်

date_range 02 September 2017

Siri ဦးစီးမှူးအဖြစ် Software Engineering ဌာနအကြီးအကဲဖြစ်တဲ့ Craig Federighi ကို လွှဲပြောင်းပေးအပ်

visibility 380 Views

                Apple ဟာ Siri Development Team အတွက် ဦးစီးမှူးတာဝန်ကို Apple Software and Services က Senior Vice President ဖြစ်သူ Eddy Cue လက်ထဲကနေ Software Engineering ဌာနအကြီးအကဲဖြစ်တဲ့၊ Craig Federighi ဆီ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

                Apple Website ရဲ့ Leadership စာမျက်နှာမှာ Siri အတွက် တာဝန်လွှဲပြောင်းထားမှုကို Apple Insider က မနေ့ကမှ စတင်တွေ့ရှိခဲ့တာဖြစ်ပေမယ့်၊ ပြီးခဲ့တဲ့ အင်တာဗျူးတချို့နဲ့ Apple ပွဲတွေမှာ Siri အကြောင်းကို Federighi ပဲ တာဝန်ယူရှင်းလင်းပြောကြားခဲ့တာကို ကြည့်မယ်ဆိုရင် အခုလို တာဝန်လွှဲပြောင်းပေးခဲ့တာ ကြာပြီလို့ ယူဆရပါတယ်။

                Craig Federighi ဟာ Apple ရဲ့ iOS, macOS စတဲ့ Operating Systems တွေကို အဓိကတာဝန်ယူထားသူဖြစ်ပြီး၊ Siri ကိုပါ သူ့လက်ထဲ ထည့်လိုက်တာက Apple အနေနဲ့ Siri ကို သူ့ Operating Systems တွေထဲ ထဲ ပိုမိုထဲထဲဝင်ဝင် ထည့်သွင်းမယ့် လက္ခဏာတစ်ခုလို့ ယူဆနိုင်ပါတယ်။

                Eddy Cue ကတော့ အရင်အတိုင်း iTunes Store, Apple Music, Apple Pay, Apple Maps, iCloud ၊ iWork နဲ့ iLfe Apps တွေကို ဆက်လက်ကြီးကြပ်သွားမှာဖြစ်ပြီး၊ Siri တာဝန်ပေါ့သွားတာကြောင့် Apple အတွက် ကိုယ်ပိုင် Video Content တွေ ဖန်တီးတဲ့ဘက်ကို ပိုမိုအာရုံစိုက်သွားဖို့ ရှိပါတယ်။ Apple ဟာ ကိုယ်ပိုင် TV Shows နဲ့ Movies တွေ ဖန်တီးဖို့လည်း လုပ်ဆောင်နေပြီး၊ Sony Pictures Television ရဲ့ အကြီးတန်းအမှုဆောင်အရာရှိနှစ်ဦးကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။ 

References
Mac Rumors The Verge
About Author
Assinged Tags
Siri Apple Software Engineering Craig Federighi Digital Assistant Intelligent Digital Assistant
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed