Multimedia ပိုင်းမှာ ပိုမိုကောင်းမွန်လာမယ့် Helio P30 နဲ့ P23 Chipset အသစ်တွေကို MediaTek က စတင်မိတ်ဆက်

date_range 30 August 2017

Multimedia ပိုင်းမှာ ပိုမိုကောင်းမွန်လာမယ့် Helio P30 နဲ့ P23 Chipset အသစ်တွေကို MediaTek က စတင်မိတ်ဆက်

visibility 500 Views

                MediaTek ဆိုတာနဲ့ စမတ်ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနေသူတွေအဖို့ ရင်းနှီးကြမယ့်နာမည်တစ်မျိုးပါပဲ။ အခုအချိန်မှတော့ Chipset တွေကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်အောင်ပြုလုပ်ပေးနေတဲ့ MediaTek ကနေ Mid-Range Series ဖြစ်တဲ့ Helio P Series အတွက် Processor အသစ်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အခုအသစ်ထွက်ရှိလာမယ့် Helio P30 နဲ့ P23 တို့မှာ Multimedia အသုံးပြုမှုတွေကို သိသိသာသာကောင်းမွန်အောင် ပြုလုပ်ပေးထားမယ်လို့လည်းသိရှိထားပါတယ်။ 

                Mid-Range ဆိုပေမယ့်လည်း Helio P30 ဟာ High-End Series ဖြစ်တဲ့ Helio X Series နဲ့ Performance သိပ်မကွာလောက်မယ့် အနေအထားမှာရှိတယ်လို့လည်းသိရှိရပြီး၊ Helio P23 အနေနဲ့ကတော့ လွန်ခဲ့တဲ့နှစ်ကထုတ်လုပ်ခဲ့တဲ့ Helio P20 နေရာကိုဆက်ခံမယ့် သဘောမျိုးနဲ့ထွက်ရှိလာတာဖြစ်ပါတယ်။

 

                Performance ပိုင်းကိုပြောရမယ်ဆိုရင်တော့ 16nm Octa-Core CPU အသုံးပြုထားပါတယ်။ Cortex-A53 Core ရှစ်လုံးကို Cluster တစ်ခုမှာ Core လေးလုံးထည့်သွင်းထားပြီး၊ စုစုပေါင်း Cluster နှစ်ခု ပါ၀င်မှာဖြစ်ပါတယ်။ CPU Clock Speed ကိုတော့ အမြင့်ဆုံးအနေနဲ့ 2.3GHz အထိအသုံးပြုလို့ရမှာဖြစ်ပြီး၊ ဒီ Speed ဟာ လွန်ခဲ့တဲ့နှစ်ကထုတ်လုပ်ခဲ့တဲ့ P20 နဲ့သိပ်မကွာခြားတာကြောင့် Performance ပိုင်းမှာတော့ ထူးထူးခြားခြားကြီး ပိုမိုကောင်းမွန်လာမယ့် Processor မျိုးမဟုတ်ပါဘူး။  Memory အနေနဲ့ကတော့ 6GB ပမာဏအထိထောက်ပံ့ပေးနိုင်မယ်လို့ သိရှိရပြီး၊ LPDD4X RAM အမျိုးအစားကို 1600MHz အထိ ထောက်ပံ့ပေးနိုင်မယ်လို့ဆိုပါတယ်။

                GPU အနေနဲ့ လွန်ခဲ့တဲ့နှစ်က Helio P20 မှာအသုံးပြုခဲ့တဲ့ Mali-T880MP2 ကိုဆက်လက်အသုံးမပြုတော့ဘဲ Helio P30 နဲ့ P23 နှစ်ခုစလုံးမှာ ဒီထက်ပိုမိုကောင်းမွန်ပြီး Power စားသက်သာတဲ့ Mali-G71MP2 ကိုပြောင်းလဲ အသုံးပြုထားတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့လည်း GPU Clock Speed တော့ မတူညီကြပါဘူး။ Helio P23 အတွက် GPU Clock Speed ဟာ 770 MHz ပဲရှိပြီး၊ Helio P30 အတွက်ကိုတော့ 950MHz ထိရရှိနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ MediaTek ရဲ့ပြောကြားချက်အရ Processor နှစ်ခုလုံးရဲ့ Performance ကွာခြားချက်ဟာ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိရှိတယ်လို့ဆိုပါတယ်။ 

                စိတ်၀င်စားဖို့ကောင်းတာကတော့ CCU (Camera Control Unit) ကို Helio P23 နဲ့ P30 နှစ်မျိုးစလုံးမှာထည့်သွင်းပေးထားတာပါ။ အရင်တုန်းကတော့ ဒီ CCU ကို Helio X Series အတွက်ပဲ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပြီး၊ အခုချိန်မှာတော့ Mid-Range ဖြစ်တဲ့ Helio P23 နဲ့ P30 အတွက်ပါထည့်သွင်းအသုံးပြုလာပြီပဲဖြစ်ပါတယ်။ 

                CCU ကိုထည့်သွင်းအသုံးပြုထားခြင်းအားဖြင့် Camera အတွက် Focus နဲ့ Exposure Correction Process တွေဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Helio P30 မှာဆို CCU အပြင် VPU (Vision Processing Unit) ကိုပါ ထည့်သွင်းပေးထားမယ်လို့ သိရှိရပါတယ်။

                ဒီ VPU ဟာ Tensilica Digital Signal Processor အမျိုးအစားတစ်ခုဖြစ်ပြီး၊ Data တွက်ချက်မှုတွေအမြောက်အများကို Power မစားပဲပြုလုပ်နိုင်ဖို့အတွက် Design ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီ နည်းပညာကို Audio နဲ့ Voice Processing တွေအတွက်လည်း အတော်များများအသုံးပြုကြပါသေးတယ်။

                MediaTek ဟာ VPU API တွေကိုလည်း Developer တွေအသုံးပြုနိုင်အောင် ပြုလုပ်ပေးလျက်ရှိတယ်လို့လည်း သိရှိရပါတယ်။ Developer တွေအနေနဲ့လည်း CPU Core တစ်ခုထက်ပိုပြီးအသုံးပြုနိုင်မယ့် Heterogeneous Compute Apps တွေ၊ VR/AR Apps တွေ ဖန်တီးနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

                ဒါပေမဲ့လည်း ဒီလို VPU API တွေထောက်ပံ့ပေးနိုင်တာကို Qualcomm မှလည်း သူတို့ရဲ့ Processor Component ထဲမှာထည့်သွင်းပေးခဲ့ပြီး၊ MediaTek မှလည်း Qualcomm နဲ့အပြိုင်အဆိုင် VPU API တွေကို High-End အပြင် Mid-Range Series အတွက်ပါ ထည့်သွင်းပေးဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ 

                Camera အတွက်ကတော့ Helio P23 ဟာ 13+13 Megapixel Dual Camera ဒါမှမဟုတ် 24 Megapixel Sensor တစ်ခုထောက်ပံ့ပေးနိုင်ပြီး၊ Helio P30 ဟာဆိုရင်တော့ 16+16 Megapixel Dual Camera ဒါမှမဟုတ် 25 Megapixel Sensor တစ်ခုကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Dual Camera Setup တွေအတွက်လည်း RGB+Monochrome, Wide Angle နဲ့ Telephoto Lenses စ တာတွေကို ထောက်ပံ့ပေးနိုင်ဦးမှာဖြစ်ပါတယ်။

                Multimedia ပိုင်းနဲ့ပတ်သက်လို့လည်း SoC နှစ်ခုစလုံးဟာ Multimedia Processing Unit တစ်ခု သက်သက်ပါ၀င်ပြီး၊ Decode Support အတွက် H.265 (HEVC) 4K2K Video တွေကို 30fps (Frames Per Second) နဲ့ Process ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Ultra-High Resolution Display တွေကိုတော့ ဒီ Mid-End Series Chip နှစ်ခုလုံး ထောက်ပံ့ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ P23 နဲ့ P30 နှစ်ခုစလုံးဟာ အမြင့်ဆုံးအနေနဲ့ FHD+ Display (2160 x 1080 Resolution)  အထိထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။


                တခြားစိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ P23 နဲ့ P30 SoC နှစ်ခုစလုံးဟာ Dual 4G SIM အသုံးပြုနိုင်မယ့် Feature ပါ၀င်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ P23 နဲ့ P30 တို့ဟာ ကမ္ဘာမှာ ပထမဦးဆုံး 4G SIM Card နှစ်ကတ်ကို တစ်ပြိုင်နက်တည်း VoLTE/ViLTE အသုံးပြုနိုင်မယ့် Chipset တွေဖြစ်လာမှာပါ။ ဒါ့အပြင် SIM Slot နှစ်ခုစလုံးမှာ 4G Data အပြင် Voice နဲ့ Video Calls တွေအတွက် LTE Network အသုံးပြုပြီးခေါ်ဆိုနိုင်ဦးမှာဖြစ်ပါတယ်။ 

                ဒါ့အပြင် ဒီ Chipset တွေထဲမှာ MediaTek ရဲ့ TAS 2.0 Smart Antenna Technology ပါ၀င်လာမှာပါ။ ဒါကြောင့်မို့ ဖုန်းကိုဘယ်လိုပဲကိုင်ထားကိုင်ထား ဖုန်းအတွင်းမှာရှိတဲ့ Antenna ဟာ Signal ပိုမိဖို့အတွက် အလိုအလျောက် ချိန်ညှိပေးနိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်။ ဒီနည်းပညာအတွက်လည်း Antenna တစ်ခုပဲလိုအပ်ပြီး၊ Radiations တွေရရှိတဲ့ Directions တွေကို အလိုအလျောက်ပြောင်းလဲပေးပြီး Signal ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့လည်း သိရှိရပါတယ်။

                MediaTek အနေနဲ့ P23 ကို ကမ္ဘာတစ်၀န်းမှာ အသုံးပြုနေတဲ့ LTE Network Band တွေကိုထည့်သွင်းပေးထားပြီး Global Product တစ်ခုအနေနဲ့ ဖြန့်ချိဖို့ ရည်ရွယ်ထားပါတယ်။ P23 အတွက် Global Version ကို 4G LTE-Advanced (FDD-LTE နဲ့ TDD-LTE) Network တွေအပြင်၊ 3G/2G Network တွေအတွက် WCDMA, TD-SCDMA, CDMA2000/EVDO, EDGE နဲ့ GSM စ တဲ့ Network တွေထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ 

                MediaTek ကနေ အသစ်ထုတ်လုပ်မယ့် P23 နဲ့ P30 SoC တွေကို ယခု ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ တွေ့မြင်ရဖို့ရှိပါတယ်။

References
Anandtech Android Authority
About Author
Assinged Tags
MediaTek Processor SoC Helio P23 Helio P30 Mediatek Helio P30 Mediatek Helio P23
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed