6-Axis Stabilization ပါဝင်တဲ့ Mijia 4K Compact Action Camera ကို Xiaomi မိတ်ဆက်

date_range 28 August 2017

6-Axis Stabilization ပါဝင်တဲ့ Mijia 4K Compact Action Camera ကို Xiaomi မိတ်ဆက်

visibility 700 Views

                Xiaomi ဟာ Mijia 4K Compact Action Camera လို့ နာမည်ပေးထားတဲ့ Action Cam အသစ်ကို တရုတ်နိုင်ငံမှာ တနင်္ဂနွေနေ့က မိတ်ဆက်သွားခဲ့ပါတယ်။ တရုတ်ယွမ်ငွေ ၆၉၉ ( ကန်ဒေါ်လာ ၁၀၀ ကျော်ခန့်) သာ ရှိတာကြောင့်၊ စျေးတော်တော်သက်သာတဲ့ 4K Action Cam တစ်ခုလို့ ဆိုရမှာပါ။

                Mijia 4K Compact Action Camera ဟာ နာမည်ပေးထားတဲ့အတိုင်း 4K Video တွေကို ရိုက်ကူးနိုင်မှာ ဖြစ်သလို၊ Accelerometer နဲ့ Gyro ပေါင်းစပ်အသုံးပြုထားတဲ့ 6-Axis Stabilization စနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။

                အလေးချိန်အားဖြင့် ၉၉ ဂရမ်သာရှိပြီး၊ Amarella A12S75 Processor ကို အသုံးပြုထားကာ၊ ဘေးပတ်ပတ်လည်က ဆူညံသံတွေကို လျှော့ချပေးနိုင်မယ့် 3D Motion Noise Reduction လည်း ပါဝင်တယ်လို့ သိရပါတယ်။ RAW File Format တွေလည်း ရိုက်ကူးသိမ်းဆည်းထားနိုင်ပါတယ်။

                Display အနေနဲ့ ၂.၄ လကမမ Display ပါဝင်ပြီး၊ Camera Sensor အတွက် Sony ရဲ့ IMX317 Camera Sensor ၊ f/2.8 ၊ 3,2mm Focal Length နဲ့ 145-degree Wide Angel Lens တို့ကို အသုံးပြုထားပါတယ်။ 4K ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ 4K ဗီဒီယိုကိုတော့ အများဆုံး 30fps အထိ ရိုက်ကူးနိုင်မှာဖြစ်ကာ၊ 1080p Full HD Video ဆိုရင်တော့ 60 fps နဲ့ ရိုက်နိုင်မှာ ဖြစ်ပါတယ်။

                Mijia 4K Compact Action Camera ရဲ့ ထူးခြားချက်တစ်ခုကတော့ ရိုက်ကူးလိုက်သမျှ ဗီဒီယိုတိုင်းဟာ တုန်ခါမှုမရှိစေအောင်လို့ ဝင်ရိုးခြောက်ဘက်ချိန်ညှိမှုစနစ် 6-Axis Stabilization (EIS) ကို အသုံးပြုထားပါတယ်။ Gyroscope သုံး 3-Axis Stabilization နဲ့ 3-Axis Accelerometer System ကို ပေါင်းစပ်အသုံးပြုထားတာကြောင့်   လှုပ်ရှားရင်း ဗီဒီယိုရိုက်ကူးပေမယ့်၊ ဗီဒီယိုက တုန်ခါမှုအနည်းဆုံးနဲ့ Record လုပ်နိုင်မှာပါ။ Camera Modes တွေအနေနဲ့ Slow Motion, Timer Shotting, Delay Camera, High-Speed Continuous Shooting စတဲ့ Mode ပေါင်း ကိုးခုတိတိ ပါဝင်မှာပါ။

                ဘက်ထရီသက်တမ်းကတော့ 4K နဲ့ပဲ ရိုက်မယ်ဆိုရင် ၂ နာရီတိတိခံပြီး၊ 1080p နဲ့ ဆက်တိုက်ရိုက်မယ်ဆိုရင်တော့ ၃ နာရီတိတိ ခံမှာပါ။ မမ်မိုရီကတ်ကတော့ အများဆုံး 64 GB ပဲ စိုက်လို့ရမှာ ဖြစ်ပါတယ်။ Wi-Fi နဲ့ Bluetooth 4.1 တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

                Xiaomi ရဲ့ Products တွေ ထုံးစံအတိုင်း အခု Mijia 4K Compact Action Cam ကို တရုတ်မှာပဲ ရောင်းချသွားဖို့ရှိပြီး၊ တခြားနိုင်ငံတွေအတွက်တော့ တင်ပို့ဖို့ မရှိသေးပါဘူး။

References
Gadgets NDTV
About Author
Assinged Tags
Xiaomi Camera 4K EIS Mijia Mijia 4K Compact Action Camera
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed