Huawei ကုမ္ပဏီဟာ စမတ်ဖုန်းတွေကိုသာ High-End, Mid-Range, Budget တွေဆက်တိုက်ထုတ်လုပ်ပြီး အောင်မြင်မှုတွေရရှိနေပေမဲ့ Tablet Series ဖြစ်တဲ့ Mediapad အတွက်ကတော့ အမျိုးအစား သိပ်များများစားစားမရှိသလို Tablet ပိုင်းမှာ ကြိုးစားအားထုတ်မှု အတော်ကိုအားနည်းပါတယ်။
အခုအချိန်မှာတော့ Huawei ကနေ Mediapad Tablet အသစ်လေးမျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ Tablet လေးမျိုးကတော့ Mediapad T3 10”, Mediapad T3 8”, Mediapad M3 Lite 10”, Mediapad M3 Lite 8” စတဲ့ Tablet တွေပဲဖြစ်ပါတယ်။
Mediapad T3 အကြောင်းကို စ ပြောရမယ်ဆိုရင်တော့ မျက်နှာပြင် ၁၀ လက်မအကျယ်အ၀န်းရှိတဲ့ Model (T3 10”) ကို USD $159 သတ်မှတ်ထားပြီး၊ ၈ လက်မ Model (T3 8”) ကိုတော့ USD $139 သတ်မှတ်ထားပါတယ်။ စျေးနှုန်းလည်းချိုသာတာကြောင့် Specifications အမြင့်တွေကိုလည်း ဒီ Tablet တွေမှာ တွေ့မြင်ရမှာမဟုတ်ပါဘူး။ Snapdragon 425 SoC, 16GB Internal Storage (MicroSD အကြောင်းမသိရှိရသေး), 2GB RAM, 4800 mAh ပါ၀င်လာမှာဖြစ်ပါတယ်။ Screen Resolution အနေနဲ့ 1280x800 ကို Model နှစ်မျိုးစလုံးအတွက် ထောက်ပံ့ပေးနိုင်မယ်လို့လည်း သိရှိရပါတယ်။
Mediapad M3 Lite မှာတော့ မျက်နှာပြင် ၁၀ လက်မ Model (M3 Lite 10”) အတွက် USD $249 နဲ့ မျက်နှာပြင် ၈ လက်မ Model (M3 Lite 8”) အတွက် USD $199 သတ်မှတ်ပေးထားပါတယ်။ ဒီ Tablet တွေမှာ Snapdragon 430 SoC, 16GB Internal Storage (MicroSD အကြောင်းမသိရှိရသေး), 3GB RAM ပါ၀င်လာမှာဖြစ်ပါတယ်။ Screen Resolution ကို မော်ဒယ်နှစ်မျိုးစလုံးအတွက် 1920x1200 ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Battery ကိုတော့ 8” လက်မ Model မှာ 4800 mAh နဲ့ 10” လက်မ Model မှာတော့ 6660 mAh အသီးသီးပါ၀င်လာမှာဖြစ်ပါတယ်။
ဒီ Tablet တွေအကုန်လုံးမှာ Android 7.0 (Nougat) နဲ့အတူ EMUI 5.1 ပါ၀င်လာမှာဖြစ်ပါတယ်။ Snapdragon 425 နဲ့ 430 တို့ဟာ Heavy Use အတွက် အဆင်သိပ်မပြေပေမယ့် သာမန်စာဖတ်၊ ရုပ်ရှင်ကြည့်၊ Social Media အသုံးပြုတာလောက်အတွက်ကတော့ သင့်တော်မယ့် Tablet အမျိုးစားတွေလို့လည်း သိရှိရပါတယ်။
Join Us On