အရှေ့ရော အနောက်မှာပါ Screen ပါဝင်တဲ့ YotaPhone 3 ကို တရားဝင်မိတ်ဆက်

date_range 25 August 2017

အရှေ့ရော အနောက်မှာပါ Screen ပါဝင်တဲ့ YotaPhone 3 ကို တရားဝင်မိတ်ဆက်

visibility 1140 Views

                Screen ကို အနောက်မှာပါ ထည့်သွင်းပြီး နာမည်ရလာတဲ့ဖုန်းဖြစ်တဲ့ YotaPhone ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ YotaPhone 3 Smartphone ကို သြဂတ်စ်လ ၂၃ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။

                YotaPhone 3 ကလည်း အရှေ့မှာ 5.5" AMOLED Full HD Display ပါဝင်တဲ့အပြင် အနောက်မှာလည်း 5.2" E-Ink Display ပါဝင်ဦးမှာပါ။ အရှေ့ Display မှာ Fingerprint Scanner ပါဝင်တဲ့ Home Button ပါဝင်သလို၊ အနောက် Display မှာလည်း Recent, Home, Back စတဲ့ Capacitive Keys ၃ ခုပါဝင်ဦးမှာဖြစ်ပါတယ်။


                YotaPhone 3 ဖုန်းကို Qualcomm Snapdragon 625 CPU အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 64GB နဲ့ 128GB ဆိုပြီး ရွေးချယ်နိုင်ပါလိမ့်မယ်။ 

                YotaPhone 3 မှာ 13MP Back Camera နဲ့ Front Selfie Camera ကို 12MP Camera အသုံးပြုပေးထားတဲ့အတွက် မဆိုးဘူးလို့ ပြောလို့ရမှာပါ။ Android 7.1.1 ကို အခြေခံ YotaOS 3.0 နဲ့ Run မှာဖြစ်ပြီး USB-Type C Port နဲ့ ဖြစ်ပါတယ်။

                YotaPhone 3 မှာ 3300mAh Battery ပါဝင်ပြီ၊  E-Ink Display နဲ့ အသုံးပြုတာက Battery ကို ပိုပြီး ချွေတာနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ 64GB Version ကို $360 ဝန်းကျင်၊ 128GB Version ကို $465 ဝန်းကျင်ကျသင့်မှာဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့ကစတင်ကာ JD.com ကနေ Pre-order လက်ခံသွားမှာဖြစ်ပါတယ်။


References
GSM Arena
About Author
Assinged Tags
Smartphones Dual Screen YotaPhone YotaPhone 3 Dual-Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed