AI နည်းပညာကို အခြားကုမ္ပဏီတွေထံ ရောင်းချလိုနေတဲ့ Prisma

date_range 21 August 2017

AI နည်းပညာကို အခြားကုမ္ပဏီတွေထံ ရောင်းချလိုနေတဲ့ Prisma

visibility 1080 Views

                Prisma ဟာ AI နည်းပညာကိုအသုံးပြုပြီး ဓာတ်ပုံတွေကို ပန်းချီကားပုံစံ နဲ့ အခြားဆန်းပြားလှတဲ့ Filter မျိုးစုံပြောင်းလဲပေးနိုင်တဲ့ Photo Editing App တစ်ခုအဖြစ် လွန်ခဲ့တဲ့နှစ်က Social Media တွေပေါ်မှာ ရေပန်းစားခဲ့ပါတယ်။ Prisma App ကို ရုရှားနိုင်ငံမှ Alexey Moiseenkov, Oleg Poyaganov, Ilya Frolov, Andrey Usoltsev တို့ပူးပေါင်းပြုလုပ်ခဲ့ပြီး၊ လွန်ခဲ့တဲ့နှစ် ဇွန်လလောက်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

                လက်ရှိအချိန်မှာတော့ Prisma မှာ အသုံးပြုထားတဲ့ AI နည်းပညာတွေကို တခြားကုမ္ပဏီတွေအတွက် ရောင်းချလိုတယ်လို့ Prisma ရဲ့ CEO ဖြစ်တဲ့ Alexey Moiseenkov မှ ပြောကြားခဲ့ပါတယ်။ Alexey မှလည်း

ကျွန်တော်တို့တွေဟာ Deep Learning နဲ့ Communication အတွက် ပိုမိုကောင်းမွန်စေမယ့် အခွင့်အရေးတွေကိုတွေ့ရှိထားပါတယ်

လို့ The Verge ကိုပြောကြားခဲ့ပါတယ်။

                ဆက်လက်ပြီးတော့လည်း Alexey ကနေ

ကျွန်တော်တို့အနေနဲ့ Vision Technology ကျွမ်းကျင်မှုနဲ့ပတ်သက်လို့ ကုမ္ပဏီအတော်များများလိုအပ်နေတယ်လို့ ခံစားရပါတယ်။ Google ကိုယ်တိုင်တောင် Computer Vision အတွက် ကုမ္ပဏီအချို့ကို၀ယ်ယူနေပါတယ်။ ကျွန်တော်တို့အနေနဲ့ Machine Vision နည်းပညာကို အခြားကုမ္ပဏီတွေရဲ့ App မှာ ထည့်သွင်းနိုင်ဖို့အတွက် အကူအညီအများကြီးပေးအပ်နိုင်တယ်လို့ ယုံကြည်ပါတယ်

လို့လည်း ပြောကြားခဲ့ပါသေးတယ်။

                Prisma အနေနဲ့ Vision Tools တွေကို အဆင်သင့်ပဲရောင်းချပေးနိုင်မှာဖြစ်ပြီး၊ အဆိုပါ Vision Tools တွေထဲမှာ ပုံတွေကို ခွဲခြမ်းစိတ်ဖြာတာ၊ Face Mapping တွေပြုလုပ်တာ၊ နောက်ခံ Scene နဲ့ Object တွေကို ခွဲခြားသိရှိနိုင်တာ စတဲ့ နည်းပညာတွေလည်းပါ၀င်မှာဖြစ်ပါတယ်။ ကုမ္ပဏီမှလည်း အဆိုပါနည်းပညာတွေကို Cloud Storage မှ ပြုလုပ်တာမဟုတ်ဘဲ Device တွေပေါ်မှာ တစ်ခါတည်းထည့်သွင်းပြီး အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးနိုင်တယ်လို့လည်း သိရှိရပါတယ်။ 

                ဒီလိုမျိုး Cloud Storage အသုံးမပြုတဲ့အတွက် App ဟာ အလုပ်လုပ်ရ မြန်ဆန်လာမှာဖြစ်သလို Data နဲ့ Battery စားတာလည်း သက်သာလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Cloud Storage ဆီသို့ အသွားအပြန် Data လမ်းကြောင်း မလိုအပ်တဲ့အတွက် ပိုမိုစိတ်ချရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ Prisma ကလည်း ဒီလို နည်းပညာတွေကို ပြသနိုင်ဖို့အတွက် prismalabs.ai ဆိုတဲ့ Website အသစ်တစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။

                ဆက်လက်သိရှိချက်တွေအရ Prisma ရဲ့ CEO တစ်ဦးဖြစ်တဲ့ Moiseenkov မှ ပြောကြားချက်အရ ကုမ္ပဏီဟာ Prisma App ကို ဆက်လက်ထားရှိမှာဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာနဲ့ စမ်းသပ်ချက်တွေကိုလည်း App အတွင်း ထည့်သွင်းပေးနေဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။ Prisma App ကို အခုထက်ထိတိုင်အောင် နေ့စဉ်အသုံးပြုသူ ၅ သန်းမှ ၁၀ သန်းအထိ ရှိနေသေးပြီး၊ အသုံးပြုသူအများစုဟာ အမေရိကန်နိုင်ငံမှဖြစ်တယ်လို့ ဆိုပါတယ်။ 

                ဒီလိုမျိုး နည်းပညာတွေရောင်းချလိုပေမယ့် Prisma App ကိုလည်း ဆက်လက်ပြီး Update တွေပြုလုပ်သွားမှာဖြစ်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ပူပင်စရာတော့မရှိလောက်ဘူးလို့ ယူဆရပါတယ်။ 

References
The Verge
About Author
Assinged Tags
Applications Photography App Prisma Prisma AI-Powered App Photo Filter
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed