Google Search Results မှာတင် ဗီဒီယိုတွေကို ခြောက်စက္ကန့်စာ Preview ကြည့်နိုင်ပြီ

date_range 20 August 2017

Google Search Results မှာတင် ဗီဒီယိုတွေကို ခြောက်စက္ကန့်စာ Preview ကြည့်နိုင်ပြီ

visibility 120 Views

                Google ရဲ့ ပြိုင်ဘက် Bing မှာ ရှိပြီးသား Feature တစ်ခုဖြစ်တဲ့ Video Preview Feature ဟာ အင်တာနက်ပေါ်က များပြားလှတဲ့ Video တွေကို ရှာဖွေတဲ့သူတွေအတွက် တော်တော်အသုံးဝင်တဲ့ Feature တစ်ခုလို့ ဆိုရမှာပါ။ ကိုယ်ရှာလိုက်တဲ့ ဗီဒီယိုတစ်ခုကို Search Result မှာတင် စက္ကန့်အနည်းငယ်စာလောက် ကြိုကြည့်နိုင်တာကြောင့် ကိုယ်ကြည့်ချင်တဲ့ ဗီဒီယိုဟုတ်ရဲ့လားဆိုတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။

                အခုအခါမှာတော့ Google ကလည်း ဒီလို Video Preview Feature ကို သူ့ရဲ့ Google Search Result မှာ ထည့်ပေးလိုက်ပါပြီ။ Bing လိုတော့ စက္ကန့် ၃၀ အထိ Preview ကြည့်လို့ရမှာမဟုတ်ဘဲ၊ ခြောက်စက္ကန့်စာပဲ ကြည့်လို့ရမှာဖြစ်ပါတယ်။ လောလောဆည်မှာ Android က Google Apps ( Chrome, Google) တို့ကနေပဲ ဒီ Feature ကို ရရှိဦးမှာဖြစ်ပြီး၊ Desktop နဲ့ iOS ကနေတော့ မရသေးဘူးလို့ သိရပါတယ်။

via GIPHY

                Google ရဲ့ ပြောကြားချက်အရ YouTube က ဗီဒီယိုတွေတင်မဟုတ်ဘဲ၊ Web ပေါ်မှာရှိသမျှ ဗီဒီယိုတိုင်းလိုလိုကို ခြောက်စက္ကန့်စာ Preview ပြပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အွန်လိုင်းပေါ် တင်တင်ချင်း၊ ဗီဒီယိုအသစ်တချို့တလေကိုတော့ ချက်ချင်း Preview မပြပေးနိုင်တာတွေလည်း ရှိနိုင်ပါတယ်။

                Google Six-Second Preview Video တွေရဲ့ ထူးခြားချက်တစ်ခုကတော့ ကုမ္ပဏီရဲ့ Machine Learning နည်းပညာတွေကို ထည့်သွင်းအသုံးပြုပေးထားတာကြောင့်၊ ဗီဒီယိုတစ်ခုလုံးကို အလိုအလျောက်စိစစ်ကြည့်ရှုကာ ဗီဒီယိုရဲ့ အကြောင်းအရာကို ခြုံငုံထိမိစေမယ့် ခြောက်စက္ကန့်စာကိုပဲ Preview ပြပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ Algorithm နဲ့ပတ်သတ်ပြီး Google က အကျယ်တဝင့်တော့ မရှင်းပြခဲ့ပါဘူး။

                Video Preview Feature ဟာ Default အနေနဲ့ Wi-Fi ချိတ်ထားမှ အလုပ်လုပ်မှာဖြစ်တာကြောင့်၊ မိုဘိုင်းဒေတာကုန်မှာ စိုးရိမ်တဲ့လူတွေအနေနဲ့လည်း စိတ်ပူစရာမရှိပါဘူး။ ဒါကိုမှ မိုဘိုင်းဒေတာနဲ့ သုံးချင်တယ်ဆိုရင်လည်း Google Chrome နဲ့ Google Apps Settings တွေထဲမှာ သွားဖွင့်ပေးလို့ရပါတယ်။

References
Digital Trends Google Blog
About Author
Assinged Tags
Google Google App Chrome Machine Learning Google Search Search Results Video Preview Mobile Apps
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed