Google Maps နဲ့ Search မှာ ကိုယ်သိချင်တဲ့မေးခွန်းတွေကို တခါတည်းမေးနိုင်တဲ့ Q & A Sections ပါဝင်လာပြီ

date_range 18 August 2017

Google Maps နဲ့ Search မှာ ကိုယ်သိချင်တဲ့မေးခွန်းတွေကို တခါတည်းမေးနိုင်တဲ့ Q & A Sections ပါဝင်လာပြီ

visibility 200 Views

                Google ကုမ္ပဏီရဲ့ အဓိက Services ၂ ခုဖြစ်တဲ့ Google Maps နဲ့ Google Search ဟာ လက်ရှိလူသုံးအများဆုံး Services ၂ ခုပါ။ ဒါပေမယ့်လည်း အစကတည်းက အခြေခံအနေနဲ့ ပါဝင်သင့်တဲ့ Feature တစ်ခု လှစ်ဟင်းနေခဲ့ပါတယ်။ အဲ့ဒါကတော့ Questions & Answer Feature ပါ။ 

                အခုအချိန်မှ Google ဟာ Q & A Feature ကို Google Maps နဲ့ Search မှာ ထည့်သွင်းပေးလိုက်တဲ့အတွက် တကယ်လို့ Maps မှာ စားသောက်ဆိုင်တစ်ဆိုင်၊ ကော်ဖီဆိုင် တစ်ဆိုင်ဆိုင်ကို ကောင်းမကောင်းသိချင်ရင် Review တွေတင်မဟုတ်ပဲ ကိုယ်တိုင် မေးခွန်းမေးမြန်းနိုင်တော့မှာပါ။ ဒါက ယခင်ကရှိခဲ့တဲ့ အချိန်နှစ်နဲ့ချီပြီး ကြာနေနိုင်တဲ့ Review တွေထက် ပိုပြီး ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါလိမ့်မယ်။


                အခု ဒီ Q & A Feature ကို Google Search ရော Google Maps မှာပါ အသုံးပြုနိုင်နေပြီ ဆိုတော့ ကိုယ်သိချင်တာကို အလွယ်တကူစတင်မေးမြန်းနိုင်ပြီပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က Business Owner ဆိုရင်လည်း ကိုယ့်လုပ်ငန်းကို မကြာခဏမေးမြန်းတတ်တဲ့ Frequently Asked Questions တွေကိုလည်း သတ်မှတ်နိုင်ပြီး အမှာစာလက်ခံမှုကိုလည်း တစ်ခါတည်းပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ 

via GIPHY

References
The Verge
About Author
Assinged Tags
Google Google Search Google Maps Q & A Questions And Answers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed