Google Translate နဲ့ Gboard Application တွေမှာ နောက်ထပ်ဘာသာစကားအမျိုးအစား ၃၀ ခန့်ကို Voice Support ပြုလုပ်တော့မည် 

date_range 17 August 2017

Google Translate နဲ့ Gboard Application တွေမှာ နောက်ထပ်ဘာသာစကားအမျိုးအစား ၃၀ ခန့်ကို Voice Support ပြုလုပ်တော့မည် 

visibility 480 Views

                Google ဟာ သူရဲ့ Voice Neural Machine Learning စနစ်အပေါ်ကို အများအပြားရင်းနှီးမြုပ်နှံထားတာဖြစ်ပြီး ယခုအချိန်မှာတော့ နောက်ထပ် ဘာသာစကားအမျိုးအစား ၃၀ ခန့်ကို Support ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ 

                အခုအသစ်ရရှိလာနိုင်တဲ့ဘာသာစကားတွေထဲမှာ နှစ်တစ်ထောင်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဂျော်ဂျီယန်ဘာသာစကား၊ အာဖရိကန်ဘာသာစကား ၂ မျိုးနဲ့ အိန္ဒိယဘာသာစကား အနည်းငယ်ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။ 


                အခုအသစ်ထပ်မံ Support ပြုလုပ်လာတဲ့ ဘာသာစကားတွေဟာ လက်ရှိအချိန်မှာ Google ရဲ့ Cloud Speech API မှာပဲရှိနေသေးပြီး၊ မကြာခင်မှာ Google Translate နဲ့ Google Keyboard ဖြစ်တဲ့ G Board App တွေမှာပါ Voice Support ရရှိတော့မှာဖြစ်ပါတယ်။ 

                Google ကအခုလို ဘာသာစကားအသစ်တွေရဲ့ တိကျမှန်ကန်တဲ့ Voice Support ကို ရရှိဖို့အတွက် စက်ပစ္စည်းကိရိယာတွေတင်မဟုတ်ပဲ ဒေသခံတွေနဲ့ပါ ပူးပေါင်းပြီး စကားလုံးတွေကို ပိုပြီး တိကျပြီး အလွယ်တကူနားလည်နိုင်အောင်ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ 

                Google က အသစ်ထပ်မံပြီး Voice Support ပြုလုပ်တဲ့ ဘာသာစကားအမျိုးအစား ၃၀ ကတော့ Amharic (Ethiopia), Armenian (Armenia), Azerbaijani (Azerbaijani), Bengali (Bangladesh, India), English (Ghana, Kenya, Nigeria, Tanzania), Georgian (Georgia), Gujarati (India), Javanese (Indonesia), Kannada (India), Khmer (Cambodian), Lao (Laos), Latvian (Latvia), Malayalam (India), Marathi (India), Nepali (Nepal), Sinhala (Sri Lanka), Sundanese (Indonesia), Swahili (Tanzania, Kenya), Tamil (India, Singapore, Sri Lanka, Malaysia), Telugu (India) နဲ့ Urdu (Pakistan, India) တွေပဲဖြစ်ပါတယ်။

References
GSM Arena
About Author
Assinged Tags
Google Google Assistant Google App Gboard Google Voice Google Translate Voice Neural Machine Learning Language
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed