Redmi Note 4 ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် Xiaomi ကုမ္ပဏီမှ စစ်ဆေးမှုများပြုလုပ်

date_range 16 August 2017

Redmi Note 4 ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် Xiaomi ကုမ္ပဏီမှ စစ်ဆေးမှုများပြုလုပ်

visibility 15520 Views

                Xiaomi ကုမ္ပဏီမှ Redmi Note 4 ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အပေါ် စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရှိရပါတယ်။

                Bhavana Suryakiran လို့အမည်ရတဲ့ India သားတစ်ဦးဟာ Redmi Note 4 ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး စက်ဘီးစီးနေရင်းမှာပဲ အဆိုပါစမတ်ဖုန်းဟာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ 


                Suryakiran အနေနဲ့ Redmi Note 4 ကို Flipkart မှ၀ယ်ယူခဲ့ပြီး ဒီလိုမျိုးမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တရားရုံးမှာ ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးတောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

                Xiaomi ကုမ္ပဏီကလည်း Suryakiran ကိုတိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမှုတွေပြုလုပ်ဖို့ ကြိုးစားနေပါတယ်။ Xiaomi ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှလည်း 

Customer တွေရဲ့လုံခြုံမှုဟာ Xiaomi ကုမ္ပဏီအတွက် အရမ်းအရေးကြီးတာမို့ ဒီကိစ္စကို အရေးတယူဖြေရှင်းပေးသွားမှာဖြစ်တယ်

                လို့ Gadgets 360 ကို ပြောကြားခဲ့ပါတယ်။

                နောက်ထပ်ပြောကြားချက်တွေအရလည်း Xiaomi ဟာ မိမိ Device အားလုံးကို Quality Test တွေ သေချာပြုလုပ်ခဲ့တဲ့အကြောင်း၊ Suryakiran ထံသို့ တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး ပျက်စီးသွားခဲ့တဲ့ Redmi Note 4 ကိုလည်း သေချာစစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့အကြောင်း စသဖြင့်လည်း သိရှိခဲ့ရပါတယ်။ 

                Redmi Note 4 ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဟာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့လတုန်းကလည်း Redmi Note 4 တစ်လုံး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရတာဟာ Original Charger ကိုအသုံးမပြုပဲ အခြား Charger တစ်ခုကို အသုံးပြုမိတာကြောင့်လို့ Xiaomi ရဲ့ပြောကြားချက်အရ သိရှိရပါတယ်။

References
Gadgets 360
About Author
Assinged Tags
Xiaomi Redmi Note 4 Related Xiaomi Smartphones Redmi Explode
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed