SonicSpy လို့ခေါ်တဲ့ Android Malware တစ်မျိုး ပျံ့နှံ့လျက်ရှိ

date_range 15 August 2017

SonicSpy လို့ခေါ်တဲ့ Android Malware တစ်မျိုး ပျံ့နှံ့လျက်ရှိ

visibility 1140 Views

                Lookout လို့ခေါ်တဲ့ Malware Security ကုမ္ပဏီတစ်ခုရဲ့ Report အရ Google Play Store ပေါ်မှာ “SonicSpy” လို့အမည်ရတဲ့ Malware တစ်မျိုးပျံ့နှံ့လျက်ရှိတယ်လို့ သိရှိရပါတယ်။ 

                “SonicSpy” Malware ကို Google Play Store ပေါ်ကနေ Soniac ဆိုတဲ့ App တစ်ခုက စတင် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။  ဒီ “SonicSpy” ဟာ Third-Party App Store တွေပေါ်မှာဆို App ပေါင်း ၁၀၀၀ ကျော်ခန့်အထိ ပုံစံမျိုးနဲ့၀င်ရောက်နေခဲ့ပြီဖြစ်ပါတယ်။ “SonicSpy” ဟာ မိမိစမတ်ဖုန်းကို လိုသလိုထိန်းချုပ်ပြီး စောင့်ကြည့်ပေးနိုင်တဲ့ Spyware အမျိုးအစားလည်းဖြစ်ပါတယ်။ 

                “SonicSpy” ဟာ မိမိရဲ့စမတ်ဖုန်းထဲရောက်ရှိနေတဲ့အခါ အသံတွေကိုလည်း တိတ်တဆိတ် Record ပြုလုပ်နိုင်ပြီး၊ ဖုန်း Calls ခေါ်ဆိုတာ၊ Call Logs နဲ့ Contacts တွေကြည့်ရှုနိုင်တာအပြင် ဓာတ်ပုံတွေပါ ခိုးယူရိုက်ကူးနိုင်သေးတယ်လို့ ဆိုပါတယ်။     

                Soniac ဆိုတဲ့ App ဟာ နာမည်ကြီး Telegram App ကိုပဲ အနည်းငယ်ပြုပြင်မှုပြုလုပ်ထားပြီး Messenger App အမျိုးအစားနဲ့၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် “SonicSpy” အနေနဲ့ Google Play Store ပေါ်မှာ Troy Chat, Hulk Messenger စတဲ့ နာမည်တွေနဲ့လည်း ၀င်ရောက်နေရာယူနေခဲ့ပါတယ်။

                ဒီလိုမျိုး Google Play Store ထဲမှာ Malware တွေ၀င်ရောက်နေခဲ့တာဟာ ပထမဦးဆုံးတော့မဟုတ်ပါဘူး။  လွန်ခဲ့တဲ့ ဇွန်လလောက်ကလည်း dvmap လို့ခေါ်တဲ့ Malware တစ်မျိုးဟာ colourblock ဆိုတဲ့ Game အနေနဲ့ ၀င်ရောက်နေခဲ့ဖူးပါသေးတယ်။ 

                Google ဘက်ကလည်း Android Spyware တွေကို အသေးစိတ်လေ့လာမှုတွေ ပြုလုပ်နေပြီး SonicSpy အပြင် နောက်ထပ် Spyware တစ်မျိုးဖြစ်တဲ့ “Chrysaor” ကိုပါရှာဖွေတွေ့ရှိထားပြီး တတ်နိုင်သမျှ ဖယ်ရှားမှုတွေပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ 

                တကယ်လို့သာ အထက်မှာဖော်ပြထားတဲ့ App တစ်မျိုးမျိုး မိမိစမတ်ဖုန်းထဲမှာရှိနေတယ်ဆိုရင်တော့ တစ်ခါတည်း Uninstall ပြုလုပ်ပစ်ဖို့နဲ့၊ မယုံကြည်ရတဲ့ App တွေကို လွယ်လင့်တကူ Download ရယူပြီး အသုံးပြုတာမျိုး မလုပ်ကြဖို့ အကြုံပြုတိုက်တွန်းချင်ပါတယ်။ 

References
Gadgets 360
About Author
Assinged Tags
Google Android Malwares Google Play Store Malware SonicSpy Spyware Android Malware Lookout
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed