Google Contact App ကို Android 5.0 နဲ့အထက် ဖုန်းတွေအကုန်လုံးမှာ သုံးစွဲနိုင်ပြီ

date_range 15 August 2017

Google Contact App ကို Android 5.0 နဲ့အထက် ဖုန်းတွေအကုန်လုံးမှာ သုံးစွဲနိုင်ပြီ

visibility 2100 Views

                ကျွန်တော်တို့ ဖုန်းတစ်လုံးကနေ နောက်တစ်လုံးကို ပြောင်းတဲ့အချိန်မှာ Contact တွေကို မပျောက်မပျက်အောင် Google Contact အနေနဲ့ မှတ်ထားတတ်ကြပါတယ်။ ဒါမှသာ အလွယ်တကူ နောက်ထပ်ဖုန်းအသစ်မှာလည်း Google Services တွေကိုအသုံးပြုပြီး Sync လုပ်လိုက်တဲ့အခါ မှတ်ပြီးသား Contact တွေကို ပြန်လည်တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Feature ဟာ Google Services ပါဝင်တဲ့ဖုန်းတွေမှာပဲအသုံးပြုနိုင်တာဖြစ်တဲ့အတွက် အချို့သော Google Services မရရှိနိုင်တဲ့ဖုန်းတွေမှာ အသုံးပြုဖို့ အဆင်မပြေခဲ့ပါဘူး။

                အခုအချိန်မှာတော့ Google ကနေ ယခင်က Google ကနေထုတ်လုပ်တဲ့ Pixel, Nexus နဲ့ Google Play Edition ဖုန်းတွေမှာပဲပါဝင်တဲ့ Google Contact App ကို Android 5.0 Lollipop နဲ့ အထက် ဘယ်ဖုန်းမဆို အသုံးပြုနိုင်အောင် Google Play Store ပေါ်တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ 

                Google Contact App ကို Android 5.0 နဲ့ အထက်ဖုန်းတွေအကုန်လုံးမှာ Google Services မလိုဘဲ အသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် Contact တွေကို Google Account ထဲမှာ backup ပြုလုပ်ရ အလွန်လွယ်ကူသွားပြီဖြစ်ပြီး၊ Contact တွေကို Restore ပြုလုပ်တဲ့အချိန်မှာလည်း ဘယ် Google Account ထဲက Contact ပဲဖြစ်ဖြစ်၊ ဘယ် Device ထဲမှာ မှတ်ထားတဲ့ Contact ပဲဖြစ်ဖြစ် လိုသလို Restore ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

                အခုထွက်ရှိထားတဲ့ Google Contact App မှာ တူညီတဲ့ Contact တွေကို Merge လုပ်နိုင်တဲ့ Feature လည်း ပါဝင်လာခဲ့ပြီး တကယ်လို့ ကိုယ့်ဖုန်းထဲက Contact တွေကို Backup မလုပ်ရသေးရင် အသိပေးမယ့် Automatic Suggestions လည်းပါဝင်လာဦးမှာ ဖြစ်ပါတယ်။

                Google Contact App ကို အသုံးပြုလိုတဲ့သူတွေအတွက် Google Play Store မှာ အလွယ်တကူပဲ ဒေါင်းလုပ်ရယူနိုင်ပြီ ဖြစ်ပါတယ်။

References
Phone Arena
About Author
Assinged Tags
Google Google App Android App Backup And Sync Google Contact Contact Sync
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed