Social Media တွေနဲ့ အင်တာနက်မှာ ချိတ်ဆက်ထားသမျှ Account တွေကို ဖျက်ပစ်နိုင်မယ့် Deseat.me

date_range 04 July 2017

Social Media တွေနဲ့ အင်တာနက်မှာ ချိတ်ဆက်ထားသမျှ Account တွေကို ဖျက်ပစ်နိုင်မယ့် Deseat.me

visibility 680 Views

                ကျနော်တို့ Gmail account တစ်ခုဟာ Facebook, Dropbox, Instagram, Twitter စတဲ့ Social App တွေမျိုးစုံနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ တစ်ခါတစ်လေ အရေးကြုံလာလို့ ကိုယ်သုံးနေတဲ့ Social Apps တွေ အကုန်လုံးကို မသုံးချင်တော့ဘဲ၊ အကောင့်တွေအကုန်လုံး ဖျက်ပစ်ချင်တာ၊ ဒါမှမဟုတ်လည်း မသုံးချင်တော့တဲ့ အကောင့်တစ်ခုခုကိုပဲ ဖျက်ပစ်ချင်တဲ့ အခိုက်အတန့်မျိုး ရှိကြမှာပါ။ ။ အဲ့ဒီလိုအချိန်ကြရင် အသုံးဝင်တဲ့ Website တစ်ခုရှိပါတယ်။ Deseat.me ပါ။ 

                Deseat.me ကို စပြီးဖွင့်လိုက်ရင် ကိုယ်ဖျက်ချင်တဲ့ Gmail or Outlook Account တောင်းပါလိမ့်မယ်။


                ဝင်လိုက်ပြီး ခဏစောင့်ပြီးရင် ကိုယ့် Gmail နဲ့ ချိတ်ဆက်ထားတဲ့ Social Media account တွေ၊ အခြား Website တွေ၊ App တွေနဲ့ ချိတ်ထားတာကို မြင်ရမှာဖြစ်ပါတယ်။


                အဲ့ဒီ List မှာပဲ ကိုယ်ဖျက်ချင်တဲ့ Website or App ကို Add to Delete queue ထဲထည့်ပြီး ဖျက်နိုင်ပါတယ်။ ပြီးရင် အောက်မှာ ကိုယ်ဝင်ထားတဲ့ Mail ပေါ်နေပြီး Mail ကိုပါ ဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။ 

                တကယ်လို့ Gmail အကောင့်ကြီး တစ်ခုလုံးကို ဖျက်ချင်စိတ်တော့ မရှိဘူး။ ဒါပေမယ့် ဒီ အကောင့်နဲ့ ဝင်ထားတဲ့ တစ်ချို့ Service တွေကို မသုံးတော့တာကြောင့်၊ ဒါမှမဟုတ် မကြိုက်တာကြောင့် ဖျက်ပစ်ချင်တယ်ဆိုရင်လည်း ဒီ Website ကနေ Service တစ်ခုချင်းစီ Delete လုပ်လို့ရတာကြောင့် တော်တော်အသုံးဝင်တယ်ပြောရမှာပါ။

                တစ်ခုပြောဖို့လိုအပ်တာက Deseat.me မှာ QAuth 2.0 Protocol ကို အသုံးပြုပြီး တည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Account Password, Login information တွေကို ဘာတစ်ခုမှမှတ်ယူထားမှာမဟုတ်ပါဘူး။


                ဒီတော့ ကျွန်တော်တို့ ကိုယ့်ရဲ့ Internet, Social Network တစ်ခုလုံးကို ဖျက်ပစ်ပြီး သာမန်နေထိုင်မှုဘဝကို ဖြတ်သန်းတော့မယ်ဆိုရင် Deseat.me က အမြဲတမ်းရှိနေမှာဖြစ်ပါတယ်။

References
Deseat.met
About Author
Assinged Tags
Websites Gmail Tips and Tricks Social Media Deseat.me Delete Accounts Gmail Account
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed