ဒီနေ့ဟာ Microsoft ရဲ့ .NET Framework ကို စတင်မိတ်ဆက်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 22 June 2017

ဒီနေ့ဟာ Microsoft ရဲ့ .NET Framework ကို စတင်မိတ်ဆက်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 480 Views

                ဇွန်လ ၂၂၊ ၂၀၀၀ ခုနှစ်မှာ Microsoft ကနေပြီးတော့ .NET Framework ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Microsoft ရဲ့ .NET Framework ကို “Next Generation User Experience” လို့လည်း ခေါ်ဆိုခဲ့ကြပါသေးတယ်။

                .NET Framework ကို Microsoft ကနေ 1990 မှာ စတင် Develop လုပ်ခဲ့ပြီး Beta Version ကိုတော့ 2001 ခုနှစ်မှာ စ တင်ထုတ်လုပ်ပေးခဲ့ပါတယ်။ .NET Framework မှာ User Interface, Data Access, Database Connectivity, Cryptography, Network Communications နဲ့ တခြား Features အတော်များများပါ၀င်ပါတယ်။ 

                Programmers တွေအနေနဲ့ .NET Framework ထဲက Features တွေကိုအကုန်လုံးကို ကိုယ်ပိုင် Code တွေနဲ့အတူ တွဲဖက်အသုံးပြုနိုင်ပါတယ်။  .NET Framework ကို Microsoft မှပြုလုပ်ထားတဲ့ Windows OS နဲ့ အခြားဆက်စပ်ပစ္စည်းတွေပေါ်မှာပဲ အသုံးပြုနိုင်မှာပါ။ 

                .NET Framework ကို Common Language Runtime (CLR) ဆိုတဲ့ Software Environment အောက်မှာပဲ အသုံးပြုနိုင်ပါတယ်။ Microsoft .NET Framework ကို Version 4.7 ထိထွက်ရှိထားပြီး ယနေ့ထိတိုင်အောင် Windows 10 ပေါ်မှာ အသုံးပြုနေဆဲပါပဲ။ 

References
Day in Tech History
About Author
Assinged Tags
Microsoft .NET Framework Own Code Integrate Microsoft Windows Common Language Runtime
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed