Android App တွေကို APK Editor သုံးပြီး ပြုပြင်နည်း

date_range 16 May 2017

Android App တွေကို APK Editor သုံးပြီး ပြုပြင်နည်း

visibility 3160 Views

                ကျွန်တော်တို့ သုံးနေတဲ့ App တွေရဲ့ String values တွေ၊ အထဲက စာသားတွေ ကိုပြုပြင်လို့ရရင်သိပ်ကောင်းမှာပဲ လို့တွေးဖူးပါသလား? တခြားဘာ SDK မှမလိုပဲနဲ့ Android ဖုန်းပေါ်မှာပဲ အနည်းအကျဉ်းပြင်လို့ရမယ် ဆိုရင်ကော? ပြုပြင်လို့အများကြီးမရပေမဲ့ APK ဖိုင်တွေထဲမှာရှိတဲ့ string values တွေ resources တွေကို ကျွန်တော်တို့ SteelWorks ကပြုလုပ်ထားတဲ့ APK Editor လေးနဲ့ Android ပေါ်မှာပဲပြုပြင်လိုက်ရအောင်။

  • အရင်ဆုံး ကျွန်တော် Sample တစ်ခုအနေနဲ့ 2048 (No Ads) ဆိုတဲ့ ဂိမ်းလေးကို ဒေါင်းပြီး ပြုပြင်ပြပါမယ်။ ဒီဂိမ်းလေးကိုလိုချင်တယ်ဆိုရင်တော့ Play Store ကနေ အလွယ်တကူ Download ရယူနိုင်ပါတယ်။ 


  • ဒေါင်းပြီးပြီဆိုတော့ နောက်ထပ် APK Editor လေးကို Play Store ကနေ ထပ်ဒေါင်းလိုက်ရအောင်။ ပြီးရင် APK Editor လေးကိုဖွင့်လိုက်ပါ။ 


  • ညာဘက်ပုံမှာပြထားတဲ့အတိုင်းပေါ်လာပြီဆိုရင်ေတာ့ ကျွန်တော်တို့ Select Apk from App ဆိုတာလေးကိုရွေးပေးပါ။ Loading တက်နေရင်ခဏစောင့်ပေးပါ။  


  • ပြီးတာနဲ့ 2048 (com.tpcstld.twozerogame) ကိုရွေးလိုက်ပါ။ ပြီးရင် Full Edit (RESOURCE RE-BUILD) ဆိုတာလေးကို ရွေးပေးပါ။


  • ကျွန်တော်တို့ အခုဆိုရင်တော့ Default String ထဲက Values လေးတွေကိုမြင်နေရပါပြီ။ အခု Sample ပြထားတဲ့ပုံမှာဆိုရင်တော့ abc_action_menu _overflow_description ဆိုတာက String name ဖြစ်ပြီး ဒါကတော့ Android app စရေးကတည်းက Developer ကိုယ်တိုင်ရေးထားတဲ့ Function strings တွေမို့လို့ပြင်လို့မရပါဘူး။ ဒါပေမဲ့ ဒီ သက်ဆိုင်ရာ String name တွေအတွက် Display ထုတ်ပေးမယ့် String Value ကိုတော့ ပြုပြင်လို့ရပါတယ်။


  • အပေါ်မှာပြထားတဲ့ပုံအတိုင်းပြုပြင်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ်ပိုင်စာကြောင်းတွေလည်း ရေးချင်သလိုရေးထည့်လို့ရပါတယ်။ အားလုံးပြီးပြီဆိုရင်တော့ ညာဘက် အပေါ်ထောင့်က Build ကိုနှိပ်လိုက်ပါ။ 


  • အခုလို “Succeed! APK saved as ….” ပေါ်လာပြီဆိုရင်တော့ အောက်က Install button လေးနှိပ်ပေးပါ။ 


  • ဒီနေရာမှာပဲ Header နဲ့ app_name ကိုပြင်ခဲ့မယ်ဆို ပြင်ထားတဲ့ Value လေးပေါ်နေတာကို သတိထားမိကြမှာပါ။ (ကျွန်တော်က ၂၀၄၈ လို့ပြင်ခဲ့ပါတယ်။) သွင်းပြီးသွားပြီဆို ပြုပြင်ထားတဲ့ App လေးကိုဖွင့်ကြည့်လိုက်ပါ။ 


  • အခုဆို ကျွန်တော်ပြင်ထားတဲ့အတိုင်း မြန်မာလိုလေးတွေ App ထဲမှာပေါ်နေပါပြီ။ တကယ်လို့ ထပ်ပြုပြင်ချင် သေးတယ်ဆိုလည်း အပေါ်က ပြောထားတဲ့အတိုင်း ထပ်၀င်၊ ပြီးရင် ပြုပြင်ထားတဲ့ App ကိုပဲ Overwrite လုပ်လို့ရပါတယ်။ (ဘာလို့လဲဆိုတော့ App name ပြောင်းပေမဲ့ App ID ဖြစ်တဲ့ com.tpcstld.twozerogame ကပြောင်းမသွားလို့ပါ။) App ID ပါပြောင်းချင်တယ်ဆိုရင်တော့ SDK Tools တွေနဲ့ အတူ Java Programming ပါအသုံးပြုရမှာဖြစ်တဲ့အတွက် Android Phone ပေါ်မှာအဆင်မပြေသေးပါဘူး။ 

                သတိပေးချင်တာကတော့ တချို့ App တွေဟာပြုပြင်ရအဆင်မပြေသလို မလိုလားအပ်ပဲနဲ့ Error တွေလည်းတက်နိုင်တာမို့ တခြား App တွေမကလိခင်မှာ Backup အရင်လုပ်ထားကြပါလို့ အကြံပြုချင်ပါတယ်။ Online ဂိမ်းအတော်များများဟာ ဂိမ်း စ မတက်ခင် File Check ၀င်တာမို့ တစ်ခုခုပြုပြင်ထားတာနဲ့ App Crash ဖြစ်တတ်ပါတယ်။ 

                ဒီလောက်ဆို Android APK တစ်ခုကိုဘယ်လိုပြုပြင်ရမလဲဆိုတာသဘောပေါက် နားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်။ APK Editor ရဲ့တခြား Features တွေကတော့ res တွေနဲ့ assets ကိုပါပြုပြင်လို့ရသေးတာကြောင့် ကိုယ်ပိုင် .png ဖိုင်တွေ templates တွေသာလုပ်တတ်မယ်ဆို ကိုယ်ပြုပြင်ချင်တဲ့ Android App ထဲက Design တွေကိုပါ Files ဆိုတဲ့ နေရာကနေ သွားပြုပြင်လို့ရပါသေးတယ်။ ကိုယ်ပြုပြင်ဆဲ Project ကိုလည်း Save ထားလို့ရပါသေးတယ်။ Pro Version မှာဆို Manifest XML ဖိုင်တွေကိုပါပြုပြင်လို့ရမှာပါ။ 

References
TechX How-to
About Author
Assinged Tags
Android Android App How To Android Phone Editing Android Package Kit APK Editor
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed