Redmi Note 4 (MTK) ဖုန်းအတွက် Gaming Performance ညံ့နေတာကို ဘယ်လိုပြုပြင်မလဲ [Root]

date_range 14 May 2017

Redmi Note 4 (MTK) ဖုန်းအတွက် Gaming Performance ညံ့နေတာကို ဘယ်လိုပြုပြင်မလဲ [Root]

visibility 14080 Views

                Mediatek Processor သုံး Device တွေဟာ အရင်အချိန်တုန်းကတော့ Low-end Smartphones တွေမှာပဲတွေ့မြင်ရပြီး အခုအခါမှာတော့ Mid-range နဲ့ High-end Smartphones အချို့ မှာပါ Mediatek ကိုတပ်ဆင်အသုံးပြုနေကြပါပြီ။ Mediatek Processor ဟာအရမ်းကြီးမဆိုးပေမဲ့ Overheat ပြဿနာတွေ ၊ Gaming FPS (Frames Per Second) နည်းပြီး Battery drain issues တွေဖြစ်နေသေးတာကြောင့် Users အတော်များများအကြိုက်မတွေ့ကြပါဘူး။

                အခုအခါမှာတော့ Redmi Note 4 (MTK) သုံး ဖုန်းတွေအတွက် Overheat လည်းမဖြစ်အောင် Batter drain တာလည်းနည်းအောင် Deca-Core Processor သုံးထားပေမဲ့ CPU Throttling မှာ Thermal settings နဲ့ပိတ်ထားတာကြောင့် Game တွေဆော့တဲ့အခါမှာ FPS ကျပြီး တချို့ဂိမ်းတွေက ဆော့မရအောင် ဖြစ်နေတာကိုသတိထားမိကြမှာပါ။  Redmi Note 4 ဟာ Graphics အများကြီးလိုအပ်တဲ့ Game အကြီးကြီးတွေကို ဆော့လို့ အဆင်သိပ်မပြေနိုင် ပေမဲ့ Thermal settings ကြောင့် နည်းနည်းလေးပူလာတာနဲ့ CPU ကို Downclock လုပ်ပစ်တာကိုမလိုလားတာကြောင့် ကျွန်တော်အခု Thermal settings ကိုပိတ်တဲ့နည်းလေးပြောပြပေးပါမယ်။ (Battery Settings ထဲက Performance Mode လုပ်သော်လည်း Thermal Settings ကြောင့်အလိုလိုလေးပင်နေဦးမှာမို့ ဒီနည်းကတော့ အတော်အဆင်ပြေနိုင်မှာပါ။)

  • ပထမဦးဆုံးအနေနဲ့ ဖုန်းမှာ Root access ရှိရပါမယ်။ Bootloader ကို Unlock လုပ်ဖို့တော့လိုမှာပါ။ 
  • Root access ရပြီဆိုတာနဲ့ ကျွန်တော်တို့ Google Play Store မှာရှိတဲ့ Kernel Auditor (ROOT) ဆိုတဲ့ App လေး ဒေါင်းလိုက်ပါ။ 


  • ပြီးရင် ကျွန်တော်တို့ Kernel Auditor app ထဲကို၀င်ပြီး Root access ပေါ်လာရင် Grant ဆိုတာကိုနှိပ်ပေးလိုက်ပါ။ 


  • ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့ ဘယ်ဘက်ထောင့် ကို အသာလေး Swipe လုပ်လိုက်တာနဲ့ Menu တွေကို Material Design အတိုင်းမြင်တွေ့ရမှာပါ။ 


  • အပေါ်မှာပြထားတဲ့အတိုင်းပေါ်လာပြီဆိုရင် Thermal ဆိုတဲ့နေရာလေးကို နှိပ်ပေးပါ။


  • ပုံမှာမြင်ရတဲ့အတိုင်း ပေါ်လာပြီဆို Thermald ဆိုတဲ့နေရာနားက Switch လေးကို ပိတ်ပေးလိုက်ပါ။ အဲ့တာဆို Thermal Settings တွေ Disabled ဖြစ်သွားပြီမို့ Gaming Performance သိသိသာသာကောင်းမွန်လာမှာပါ။  

                တစ်ခုသတိထားရမှာက Thermal Settings ကိုပိတ်လိုက်တာနဲ့ ကိုယ့်ဖုန်းဟာ CPU ကို အလိုအလျောက်ချိန်ညှိမှာ မဟုတ်တော့တဲ့အတွက် ဂိမ်းတွေဆော့တဲ့အခါကျရင် သိသိသာသာကြီးပူလာနိုင်ပါတယ်။ အချိန်အကြာကြီး Thermal Settings ကိုပိတ်မထားသင့်ပါဘူး။ Battery ဟာလည်း သာမန်ထက်ပိုအကုန်မြန်နိုင်ပါတယ်။ ဂိမ်းဆော့တဲ့ တစ်ခဏလောက်ပဲဖွင့်ထားတာပိုကောင်းပါတယ်။ 

                နိဂုံးချုပ်အနေနဲ့ကတော့ Redmi Note 4 (MTK) ဟာ ဂိမ်းသမားများအတွက် သိပ်အဆင်မပြေနိုင်ပါဘူး။ စာရေးသူကိုယ်တိုင် Tweaking တွေအများကြီးလုပ်ခဲ့၊ ROM တွေမျိုးစုံပြောင်းခဲ့ပေမဲ့ အားရစရာကောင်းတဲ့ Result ထွက်မလာသေးပါဘူး။ အခုပြောတဲ့ Thermal settings ကြောင့် တချို့ဂိမ်းတွေရဲ့ FPS တွေသိသိသာသာကောင်းလာနိုင်ပေမဲ့ Graphics ကောင်းမွန်တဲ့ HD ဂိမ်းတွေအတွက် အဆင်မပြေနိုင်ပါဘူး။ 

References
TechX How-To
About Author
Assinged Tags
Xiaomi Android App How To Mobile Game Gaming Related Mobile Gaming Related News Redmi Note 4 Related Reduce Lag
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed