Find my iPhone အသုံးပြုပြီး မိမိပျောက်သွားတဲ့ iPhone/iPad ကို ဘယ်လိုရှာဖွေမလဲ

date_range 03 September 2017

Find my iPhone အသုံးပြုပြီး မိမိပျောက်သွားတဲ့ iPhone/iPad ကို ဘယ်လိုရှာဖွေမလဲ

visibility 9020 Views

                ကျွန်တော်တို့ Apple ရဲ့ iPhone/iPad Products တွေရွေးချယ်အသုံးပြုတဲ့အခါမှာ အဓိကနှစ်ခြိုက်ကြတာက သွက်လက်ပေါ့ပါးပြီး လုံခြုံရေးစနစ်ကောင်းမွန်တဲ့ iOS ကိုနှစ်ခြိုက်ကြလို့ပါ။ 

                Apple ID တစ်ခုတည်းနဲ့ မိမိရဲ့ Device တွေအားလုံးကို iCloud နဲ့ Backup/Restore ပြုလုပ်နိုင်၊ ထိန်းချုပ်နိုင်တာနဲ့၊ ပျောက်သွားတဲ့အခါမှာလည်း ဘယ်လောက်ပဲ Firmware Restore ပြန်လုပ်လုပ် Activation မှာ သက်ဆိုင်တဲ့ Apple ID Account နဲ့ Password ကိုမသိရင် ကျော်လွှားဖို့ခက်ခဲတဲ့ Find My iPhone/iPad Feature စတာတွေကို အသုံးပြုချင်တာလည်း ပါပါတယ်။

                အခု ကျွန်တော့်အနေနဲ့ မိမိ iPhone/iPad ကို ခိုးယူခံရတာ (ဒါမှမဟုတ်) ကျပျောက်သွားတဲ့အခါ Find My iPhone/iPad Feature နဲ့ ဘယ်လိုရှာရမလဲဆိုတာကို တင်ဆက်ပေးချင်ပါတယ်။ အရမ်းကြီးခက်ခဲတာမျိုးမဟုတ်ပေမယ့်၊ မသိတဲ့သူတွေ ဘယ်လိုအလွယ်တကူရှာဖွေနိုင်တယ်ဆိုတာကို သိရှိအောင် တင်ပြပေးလိုက်ရတာဖြစ်ပါတယ်။ Android မှာလည်း Google ရဲ့ Service တစ်ခုဖြစ်တဲ့ Find My Device ကိုအသုံးပြုပြီး ပြန်လည်ရှာဖွေနိုင်တယ်။

                အရင်ဆုံး ကျွန်တော်တို့အနေနဲ့ မိမိ iDevice တွေမှာ Find My iPhone/iPad Feature နဲ့ လွယ်လွယ်ကူကူ ပြန်လည်ရှာဖွေနိုင်ဖို့ Setup အချို့ပြုလုပ်ကြရအောင်။ 

  • ပထမဦးဆုံးအနေနဲ့ iOS Settings ကို ၀င်ရပါမယ်။


  • Settings ထဲမှာ Apple ID ကိုထပ်၀င်လိုက်မယ်ဆိုရင် iCloud ဆိုတာကိုတွေ့ရပါလိမ့်မယ်။ iCloud ထဲ ဆက်၀င်ပေးပါ။


  • iCloud Settings ထဲရောက်ပြီဆိုရင်တော့ Find My iPhone/iPad ကိုရှာပြီး ၀င်ပေးပါ။


  • Find My iPhone/iPad ထဲ၀င်ပြီးတာနဲ့ Find My iPhone/iPad Settings ကော Send Last Location (On ပေးထားရင်ပိုကောင်းပါတယ်။ ရှာရပိုမိုလွယ်ကူလို့ပါ။) ကော On ပေးထားလိုက်ပါ။
  • ပြီးတာနဲ့ ပြန်ထွက်ပြီး iCloud Settings အောက်နားက Share My Location ထဲထပ်၀င်ပေးပါ။ ပြီးရင် Share My Location Switch လေးကိုလည်း On ထားပေးပါ။ 


                ဒါဆိုရင်တော့ မိမိ Device ကို Find My iPhone/iPad အသုံးပြုဖို့အတွက် အဆင်သင့်ဖြစ်သွားပါပြီ။

                အားလုံးအသင့်ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့ အခြား iPhone/iPad ထဲက Find My iPhone App နဲ့ မိမိ iDevice တွေကို ပြန်လည်ရှာဖွေတာပဲဖြစ်ဖြစ်၊ ကွန်ပျုတာကနေ http://www.icloud.com/find ကနေ ရှာဖွေတာပဲဖြစ်ဖြစ် စတင်ပြလုပ်နိုင်ပြီဖြစ်ပါတယ်။

                ကျွန်တော်တို့ အခြား iDevice နဲ့ရှာရတာ ပိုမိုလွယ်ကူပေမယ့် တကယ်လို့ မိမိ iDevice တွေကျပျောက်သွားတဲ့အခါ အနားမှာ အခြား iDevice တစ်လုံး အသင့်ရှိနေဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ PC/Laptop တစ်ခုခုရဲ့ Browser ကနေပဲ မိမိပျောက်သွားတဲ့ iPhone/iPad ကို Find My iPhone/iPad Feature အသုံးပြုပြီး ဘယ်လိုရှာဖွေရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ တစ်ခုရှိတာက မိမိပျောက်သွားတဲ့ iDevice ဟာ Online ဖြစ်နေမှ (Wifi/Mobile Data) ရှိနေမှသာ ပြန်ရှာရလွယ်ကူမှာဖြစ်ပါတယ်။

  • အရင်ဆုံး ကျွန်တော်တို့ အပေါ်မှာပြောထားတဲ့ http://www.icloud.com/find Website လိပ်စာကို ကွန်ပျုတာ Browser မှာရိုက်ပြီး ၀င်လိုက်ပါ။


  • ဒီလိုမျိုး Screen ပေါ်လာပြီဆိုရင်တော့ မိမိ Apple ID နဲ့ Password ကိုရိုက်ထည့်ပေးလိုက်ပါ။
  • Apple ID Login ၀င်လိုက်ပြီဆိုတာနဲ့ Find My iPhone Feature အသုံးပြုချိတ်ဆက်ထားတဲ့ မိမိ iPhone/iPad တည်နေရာတွေကို မြေပုံနဲ့တကွ စတင်ပြသပေးသွားမှာဖြစ်ပါတယ်။


  • ကဲ ဒါဆို ကျွန်တော်တို့ အရင်ဆုံး မိမိပျောက်ဆုံးသွားတဲ့ iPhone/iPad ကို အနီးအနားမှာရှိနေတယ်လို့ထင်ရင်တော့ Play Sound အသုံးပြုပြီးရှာဖွေနိုင်ပါတယ်။ မိမိ Device နာမည်ကိုရှာဖွေပြီး Play Sound ဆိုတာလေးကိုနှိပ်လိုက်ပါ။


  • ဒါဆိုရင်တော့ အပေါ်မှာပြထားတဲ့အတိုင်း Alert ပေါ်လာပြီး အသံလေးထွက်လာမှာဖြစ်ပါတယ်။
  • နောက်တစ်ခုကတော့ ကျွန်တော်တို့ပျောက်သွားတာ သေချာတယ်ဆို Lost Mode နဲ့ မိမိ iPhone/iPad ကို Lock ချပစ်ဖို့ပါ။ Lost Mode ဆိုတာကို နှိပ်လိုက်တာနဲ့ မိမိကိုပြန်လည်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တောင်းပါလိမ့်မယ်။ 


  • ဖုန်းနံံပါတ်ရိုက်ထည့်ပြီးရင် ဒီဖုန်းနံပါတ်သေချာတယ်ဆိုရင် Use Anyway ဆိုတာကို နှိပ်ပေးပါ။ 


  • နောက်တစ်ဆင့်အနေနဲ့ ကိုယ့် Device ကိုလက်ခံရယူထားတဲ့သူ သိစေချင်တဲ့စာသားအချို့ရိုက်ထည့်ပေးပါ။


  • ပြီးတာနဲ့ Lost Mode ကို On လို့ရပါပြီ။


  • ဒါဆိုရင်တော့ မိမိ iDevice မှာ အပေါ်မှာပြထားတဲ့ပုံအတိုင်း ပေါ်နေပြီး ဘာမှဆက်သုံးမရပဲဖြစ်သွားမှာပါ။ 


  • တကယ်လို့ Lost Mode ကို ပြန်ဖြုတ်ချင်တယ်ဆိုရင် Browser ကနေ Stop Lost Mode ကိုနှိပ်ပြီး ပြန်လည်ဖြုတ်ပစ်နိုင်ပါတယ်။ ဒါမှမဟုတ် မိမိ iPhone/iPad ကနေ Passcode ရိုက်ပြီးလည်းပြန်ဖြုတ်ပစ်နိုင်ပါတယ်။ 


  • ဘယ်လိုမှ ပြန်ရှာမရတော့ရင်တော့ နောက်ဆုံးကျန်တဲ့ Erase iPhone/iPad ကိုအသုံးပြုရတော့မှာဖြစ်ပါတယ်။ တကယ်လို့သာ ခိုးယူသွားတဲ့သူက ကိုယ့်ရဲ့ Passcode တွေကိုသိတယ်ဆိုရင် ကိုယ့် Data တွေအခိုးယူမခံရအောင် Erase iPhone/iPad လုပ်ပြီး အဝေးကဖျက်ပစ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Erase iPhone/iPad နှိပ်လိုက်ရုံပါပဲ။


  • ဒီလိုမျိုး Dialog ပေါ်လာပြီဆိုရင်တော့ Erase ကိုနှိပ်ပေးလိုက်ပါ။ 


  • ပြီးတာနဲ့ ကျွန်တော်တို့ Erase ပြုလုပ်ဖို့အတွက် Apple ID Password နောက်တစ်ခါထပ်ထည့်ပေးရမှာဖြစ်ပါတယ်။ Apple ID Password ထည့်ပေးလိုက်ပြီးပြီဆိုတာနဲ့ မိမိ iPhone/iPad Online ဖြစ်နေတဲ့အခါ အလိုအလျောက် Data Erase လုပ်ပေးသွားမှာဖြစ်ပါတယ်။ 

                ဒီလောက်ဆိုရင်တော့ Find My iPhone/iPad ကိုအသုံးပြုပြီး မိမိ iDevice တွေကို အဝေးကနေ ဘယ်လိုထိန်းချုပ်/ရှာဖွေရမလဲဆိုတာကို သိသွားကြလောက်ပြီလို့ မျှော်လင့်ပါတယ်။ တစ်ခုသတိထားရမှာက Find My iPhone/iPad အတွက် မိမိ iDevice တွေ Online ဖြစ်နေဖို့လိုအပ်တာကြောင့် Offline အခြေအနေမျိုးနဲ့ ပျောက်ရှသွားတယ်ဆိုရင်တော့ ပြန်လည်ရှာဖွေဖို့ခက်ခဲမှာဖြစ်ပါတယ်။

စာကြွင်း - ယခုနည်းလမ်းနဲ့ Apple ရဲ့ အခြား Products တွေဖြစ်တဲ့ Mac နဲ့ Watch တွေကိုလည်း ရှာဖွေနိုင်ပါသေးတယ်။
References
TechX How-To
About Author
Assinged Tags
iPhone iPad Apple's iPhone Apple Apple iPad Find My iPhone Find My iPad
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed