Online အပြင် Offline မှာပါ Local Wifi ချိတ်ဆက်ပြီး Multiplayer ဆော့ကစားနိုင်မယ့် Mini Militia 2

date_range 26 July 2017

Online အပြင် Offline မှာပါ Local Wifi ချိတ်ဆက်ပြီး Multiplayer ဆော့ကစားနိုင်မယ့် Mini Militia 2

visibility 900 Views

                ဒီနေ့မှာတော့ အပစ်အခက်ကစားနည်းတွေကိုသဘောကျတဲ့ ပရိသတ် တွေအတွက် ပေါ့ပေါ့ပါးပါးပဲဖုန်းပေါ်မှာကစားလို့ကောင်းတဲ့ Game တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Doodle Army 2 : Mini Militia လို့ခေါ်တဲ့ဒီ Game လေးက 2D – SideScroll Gameplay ကိုပဲရိုးရှင်းတဲ့ Control တွေနဲ့ ဆော့ရမှာပါ။ Appsomniacs LLC မှထုတ်လုပ်ထားပြီးတော့ Android နဲ့ iOS ၂မျိုးလုံးအတွက် ထွက်ထားပါတယ်။

                Game တစ်ခုကို ပုံမှန် Player တစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် Single Player လား၊ Multiplayer လား၊ Online လား၊ Offline လား၊ ကစားရတာပျော်ဖို့ကောင်းလား ဆိုပြီး ကြည့်လေ့ရှိကြပါတယ်။ Mini Militia 2 မှာ အဲ့အချက်တွေအကုန်ပါဝင်ပါတယ်။ Single Player နဲ့ Multiplayer Mode နှစ်မျိုးလုံးကစားနိုင်ပါတယ်။ Online ဆိုရင်တော့ အခြား online ကစားသူများနဲ့ ချိတ်ဆက်ဆော့ကစားနိုင်မှာပါ။ Offline ဆိုရင်တော့ တစ်ယောက်ထဲကစားနိုင်တဲ့အပြင်ကို Lan (WiFi) ချိတ်ပြီးတော့လဲ ကိုယ့်သူငယ်ချင်းတွေနဲ့ စိန်ခေါ်ကစားနိုင်ပါတယ်။

Control


                Control ပိုင်းမှာတော့ အဓိကအားဖြင့် Joystick အဝိုင်းလေးနှစ်ခု ပါပါတယ်။ ဘယ်ဘက်တစ်ခုက ကိုယ့် Character ရဲ့ Movement ဖြစ်ပြီး ညာဘက်တစ်ခုက သေနတ်ပစ်ခတ်တာပါ။ ဖုန်းပေါ်မှာအခြား Shooting Game တွေကို ဆော့ဖူးတဲ့သူတစ်ယောက်ဆိုရင်တော့ ဖြစ်နေကြအခက်အခဲတစ်ခုရှိပါတယ်။ အဲ့တာကတော့ပစ်မယ့် ဘက်ကို Camera ကိုပွတ်ဆွဲပြီး တစ်ခါလှည့်ရ၊ ပစ်မယ်ဆိုတော့မှ ပစ်တဲ့ Icon ကိုတစ်ခါနှိပ် စတဲ့ Aiming ပြဿနာကို Touchscreen မှာ Shooting တိုင်းကစားတဲ့ Player တွေ အမြဲကြုံတွေ့ရလေ့ရှိပါတယ်။

                ဒီ Game ကို အဓိကသဘောကျရတဲ့အချက်ကတော့ ညာဘက်က Joystick လေးတစ်ခုထဲနဲ့ ချိန်တာရော ပစ်တာရော တစ်ပြိုင်နက် ပြုလုပ်လို့ရတာပါပဲ။ Joystick ကိုသတ်မှတ်ထားတဲ့ area ထဲမှာပွတ်ဆွဲမယ်ဆိုရင် ဆွဲတဲ့ဘက်ကို သေနတ်လိုက်ချိန်ပါတယ်။ area ရဲ့အပြင်ကို ပွတ်ဆွဲလိုက်တော့မှပစ်ခက်တာဆိုတော့ အရမ်းကိုလွယ်ကူသွားပါတယ်။ ကစားသူတိုင်းမှာ JetPack တွေပါတာမို့လို့ ဘယ်ဘက် Joystick ကိုအပေါ်ဘက်ဖိဆွဲထားရင် ဆွဲထားတဲ့ Sensitivity အလိုက် JetPack ကိုအသုံးပြုပြီး လေပေါ်ပျံနိုင်မှာပါ။ အခြား control တွေအနေနဲ့ Bomb ပစ်၊ ကျည်ဆံဖြည့်၊ Scope ချဲ့၊ အနီးခုတ် ဆိုပြီးတော့ပါဝင်ပါတယ်။ တစ်ခုခြင်းအသေးစိတ်ကိုတော့ Gameplay ပိုင်းမှာရှင်းပြပေးပါမယ်။

Gameplay


                Survival Mode နဲ့ DeathMatch ဆိုပြီး Gameplay အမျိုးအစား၂မျိုးရှိပါတယ်။ Survival Mode ဆော့မယ်ဆိုရင် Player ၂ယောက်က သူတို့ကိုဝိုင်းပြီးတိုက်ခိုက်မယ့်စက်ရုပ်တွေကို တက်နိုင်သလောက်ကြာကြာပြန်ပြီးခုခံတိုက်ခိုက်ရပါတယ်။ Single Player ဆော့မယ်ဆိုရင် Training အရင်ဆော့ပြီး Sarge ဆိုတဲ့ AI တစ်ယောက်က Control တွေကိုအသေးစိတ်သင်ပေးပါတယ်။ တစ်ယောက်ထဲဆော့မယ်ဆိုရင်တော့ Survival mode ပဲကစားနိုင်ပါတယ်။

                Multiplayer ဆော့မယ်ဆိုရင်တော့ Survival ရော Deathmatch ရောကစားနိုင်ပါတယ်။ Survival ကတော့ အခြား player နဲ့ချိတ်ဆော့လဲ အနည်းဆုံး ၂ယောက်ပဲ ဆော့နိုင်မှာဖြစ်ပါတယ်။ Deathmatch မှာ ကစားသူ ၁၂ယောက်အထိကစားနိုင်ပြီး လူများရင်များသလောက် တကယ်ပျော်ဖို့ကောင်းပါတယ်။ Gun ကို ၂မျိုးကိုင်ထားနိုင်ပါတယ်။ ကစားပွဲထဲစစဝင်ခြင်းမှာ Pistol တစ်လက်ကပုံသေပါပြီးတော့ နောက်တစ်လက်က Uzi ဒါမှမဟုတ် Magnum တစ်မျိုး Random ကျပါတယ်။

                တကယ်လို့လမ်းပေါ်မှာ ကိုယ်ကိုင်ထားတဲ့ One Handed-Gun ထဲက ပုံစံတူ Gun နောက်တစ်ခုတွေ့မယ်ဆိုရင် ကောက်ယူပြီးတော့ ၂ခုကို လက်နှစ်ဖက်နဲ့ Dual အသုံးပြုလို့ရပါတယ်။  ခဏလောက်ဆော့လိုက်ရင် Gun တွေတစ်ခုခြင်းစီရဲ့သဘောတစ်ရားကိုနားလည်သွားပါလိမ့်မယ်။ ခုမှ စ ဆော့မယ် player တွေအတွက် လေ့လာလို့ရအောင် အမျိုးအစားတစ်ခုခြင်းစီကို အကျဉ်းချုံးရှင်းပြပေးပါမယ်။

  • EMP – Electromagnetic Pulse ဆိုတဲ့အတိုင်း အပစ်ခံရတဲ့လူရဲ့ Jetpack ကအသုံးပြုလို့မရတော့ပဲ ခဏပိတ်သွားမှာဖြစ်ပါတယ်။
  • Laser – Range တော်တော်လေးကျယ်တဲ့ gun တစ်ခုပါ။ တစ်ထောင့်ချင်းပစ်ရတာမဟုတ်ပဲ ဆက်တိုက်အတန်းလိုက်ပစ်လို့ရပါတယ်။
  • Flamethrower – Range ကတော့ကျဉ်းပေမယ့် ထွက်လာတဲ့မီးတွေကိုအဆက်မပြတ်ထိနေရင် ခဏလေးသေသွားနိုင်ပါတယ်။
  • Uzi – Damage နည်းပေမယ့်လဲ Firerate အရမ်းမြန်ပါတယ်။ Target ကိုသေချာအဆက်မပြတ်ချိန်ထားနိုင်ရင်ပိုကောင်းပါတယ်။
  • Desert Eagle - ဒီကောင်ကတော့ Player တိုင်းမှာ Default ပါတဲ့ ပစ်စတိုတစ်လက်ပါ။
  • Magnum - ကျည်ဆံ ၆ တောင့်ပဲပါပြီး Firerate နှေးပါတယ်။ ဒါပေမယ့် Damage အရမ်းပြင်းတဲ့အတွက် တစ်ချက်ဆိုလဲ ဆိုသလောက်တော့ အီစိမ့်သွားမှာပါ။ ဒီကောင့်ကိုသာ လက်နှစ်ဖက်နဲ့ Dual ကိုင်ပြီးထိအောင်ပစ်နိုင်ရင်နိုင်ဖို့အေးဆေးပါပဲ။
  • M4 – Semi-Auto စနစ်နဲ့ ကျည်ဆံ ၃တောင့်တစ်ခါ ပစ်ရတဲ့ Rifle တစ်မျိုးပါ။
  • M14 – Damage ၊ Scope ၊ Firerate ၊ အားလုံးပုံမှန်ဖြစ်တဲ့ Sniper Rifle တစ်ဖြစ်ပါတယ်။
  • M93A - သေနတ်တွေအားလုံးထဲမှာ Scope အဝေးဆုံးပါ၊ x7 အထိဆွဲယူနိုင်တဲ့အပြင် Damage ကလဲပြင်းပါတယ်။ ကျည်ဆံကတော့ clip တစ်ခုကို ၄တောင့်ဆံ့ပါတယ်။
  • Riot Shield – Handgun တစ်ခုခုနဲ့ Duel ကိုင်ရတဲ့ ဒိုင်းကာပါ၊ ပစ်တဲ့ဘက်ကိုနေရာချတက်ရင် တော်တော်လေးအသုံးဝင်ပေမယ့် သေနတ်ပြောင်းရင်ဖြစ်ဖြစ်၊ Bomb ပစ်ရင်ဖြစ်ဖြစ် ပြုတ်ကျသွားမှာပါ။
  • Machete - တစ်ခုတည်းသော အနီးခုတ်လက်နက်ဖြစ်တဲ့ ဓားတစ်လက်ပါ။
  • MP5 – Damage က ပုံမှန်ဆိုပေမယ့် Firerate အရမ်းအရမ်းကိုမြန်တဲ့ သေနတ်တစ်လတ်ပါ။ Clip တစ်ခုကို ကျည်ဆံ ၅၀ ဆံ့ပါတယ်။
  • AK47 – AK47 ဆိုရင်တော့ သေနတ်အမျိုးအစားတွေအကြောင်းသိပ်မသိရင်တောင် အားလုံးနဲ့ကြားဖူးလောက်မဲ့ သေနတ်တစ်လက်ပါ။ Firerate မြန်ပြီး damage ပုံမှန်ရှိပါတယ်။
  • Shotgun – Shotgun အားလုံးရဲ့ သဘောတရားနဲ့တူပါတယ်။ Short-range အတွင်းမှာပဲကျည်ဆံတွေဖြာပြီးထွက်သွားတာပါ။ Firerate နှေးပေမယ့် ကျည်ဆံများများထိအောင်ပစ်နိုင်ရင် Damage တော်တော်ပြင်းပါတယ်။
  • SMAW - လောင်ချာလို့လဲခေါ်ကြပါတယ်၊ ထိတဲ့ area ကျယ်ပြန့်ပြီး Damage အရမ်းများပါတယ်။ ကျည်ဆံ ၃တောင့်စီပဲဆံ့ပြီး Firerate လဲနှေးပါတယ်။
  • Saw Gun –  ဒီတစ်ခုကတော့ ထူးထူးခြားခြား စက်သွားတွေကိုကျည်ဆံအနေနဲ့ပစ်ရတာပါ။ တကယ်လို့နံရံနဲ့ထိရင်လဲ ပြန်ကန်ထွက်ပြီးတော့ ရန်သူကိုတည့်တည့်ထိရင် ဆက်ပြီးတိုးဝင်သွားမှာမို့လို့ အဆက်မပြတ်သွေးတွေလျော့သွားမှာပါ။ တစ်ခါပစ်ရင် တစ်တောင့်စီပဲပစ်ရပီး Reload Time လဲကြာပါတယ်။
  • Frag – Player တိုင်းကို ၃ခုစီပေး Default ပေးထားတဲ့ ပုံမှန်လက်ပစ်ဗုံးပါ။
  • Gas - ဒီဗုံးကိုပစ်လိုက်ပီးပေါက်ကွဲသွားရင် အဆိပ်ငွေ့တွေထွက်လာပြီးတော့ အဲ့ထဲဝင်မိသူတိုင်း သွေးတဖြေးဖြေးလျော့ကျသွားမှာပါ။ အချိန်တစ်ခုကြာမှ အဆိပ်ငွေ့တွေပျယ်သွားပါတယ်။
  • Proxy Mine - နာမည်အတိုင်းပဲ မိုင်းဗုံးတစ်ခုဖြစ်ပါတယ်။ ပစ်လိုက်ရင်ချက်ချင်းထမပေါက်တဲ့အတွက် ရန်သူလာနိုင်မယ့်နေရာမှာထောင်ချောက်ဆင်ပြီးကပ်ထားလို့ရပါတယ်။

                    Screen ရဲ့အပေါ်ဘယ်ဘက်ထောင့်က Scope ချိန်တဲ့ Button မှာ ကိုယ်ကိုင်ထားတဲ့ သေနတ်ရဲ့ Range အပေါ်မှုတည်ပြီး Scope အကျဉ်းအချဲ့ပြုလုပ်နိုင်ပါတယ်။ Online ကစားမယ်ဆိုရင် သေနတ်တွေ၊ Avatar တွေ၊ Dual အသုံးပြုနိုင်မူတွေ Limit ရှိပါတယ်။ Pro pack ကိုဝယ်ပြီးကစားတော့မှ Feature အားလုံးပွင့်တဲ့အပြင် ကျည် Clip ကိုပုံမှန်ထက်တိုးတာ၊ Laser Sight အစရှိသဖြင့် Advantage တွေရပါတယ်။ ဒါပေမယ့် နဂိုပါဝင်တာတွေနဲ့ Offline ကစားရင်တောင်တော်တော်လေး ဆော့လို့ကောင်းနေပါပြီ။

Avatar


                ကိုယ့် Character ကို ကြိုက်သလိုပြုပြင်နိုင်ပါတယ်။ မျက်နှာပုံစံ၊ မျက်ခုံး၊ မျက်လုံး၊ ဆံပင် တစ်ခုခြင်းစီ ပြင်ဆင်နိုင်သလို အဝတ်အစားခပ်လန်းလန်းတွေကိုပါ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့်အောက်ဆုံးက Body Type နှစ်မျိုးကိုအသုံးပြုဖို့တော့ pro pack ဝယ်ထားဖို့လိုပါတယ်။ အခမဲ့သုံးလို့ရတဲ့ ကြိုပြီးပြင်ဆင်ပေးထားတဲ့ costume တွေလဲရှိပါသေးတယ်။


နိဂုံးချုပ်

                Gameplay အားဖြင့်လဲ MOBA ကို သေနတ်များနဲ့ပစ်ခက်ပြီးဆော့ရထဲက အသစ်အဆန်းဖြစ်နေပါပြီ။ ဒါအပြင့်ကို အသုံးပြုတဲ့ Control တွေကလဲ Creative ဆန်ဆန်နဲ့ Easy To Learn/Hard To Master ပုံစံမျိုးဖန်တီးထားပါတယ်။ Online မကစားချင်လို့ Offline ပဲ Lan ချိတ်ပြီးကစားမယ်ဆိုရင်တောင် အခြား Game တွေလို Hotspot ထောင်တဲ့လူကပဲကောင်းကောင်းဆော့လို့ရပြီး တခြား Join တဲ့လူတွေ Lag နေတယ်ဆိုတာမျိုးလုံး၀ မရှိပါဘူး။

                IOS , Android မရွေးပဲ Cross-Platform လဲကစားနိုင်တာမို့ Shooting ဂိမ်းကြိုက်တဲ့ Gamer တိုင်း စမ်းဆော့ကြည့်သင့်တဲ့ Game လေးတစ်ခုပါ။ ဒီဂိမ်းလေးကို ရယူလိုတယ်ဆိုရင်တော့ Android အတွက် Google Play Store နဲ့ iOS အတွက် App Store မှာ Free Download ပြုလုပ်နိုင်ပါတယ်။

This Article is Contributed By SkyeJasper
References
Wikia Wikipedia
About Author
Assinged Tags
Android iOS App Store Google Play Store Android Games iOS Games Google Play Mini Militia Mini Militia 2
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed