RPG ဂိမ်းအနေနဲ့ စမတ်ဖုန်းတွေပေါ်မှာ မြင်တွေ့ရမဲ့ Assassin’s Creed: Rebellion

date_range 30 June 2017

RPG ဂိမ်းအနေနဲ့ စမတ်ဖုန်းတွေပေါ်မှာ မြင်တွေ့ရမဲ့ Assassin’s Creed: Rebellion

visibility 520 Views

                Ubisoft မှ ထုတ်လုပ်နေကြ နာမည်ကြီးဂိမ်း Series တစ်ခုဖြစ်တဲ့ Assassin’s Creed ဂိမ်းကို များသောအားဖြင့် Action ဂိမ်းတစ်ခုအနေနဲ့ တကယ့်ကမ္ဘာ့သမိုင်းကို အခြေခံထားတဲ့ Storylines တွေနဲ့အတူ တွေ့မြင်ရလေ့ရှိပါတယ်။ ဒါပေမဲ့ အခုထွက်ရှိလာမယ့် Assassin’s Creed ဂိမ်းဟာတော့ ထူးခြားတယ်လို့ဆိုရမှာပါ။ ခါတိုင်းမြင်တွေ့ရလေ့ရှိတဲ့ Graphics အလန်းစားတွေနဲ့အတူ Action တွေအနေနဲ့ နံရံပေါ်တွေတက်တာ၊ အဆောက်အအုံတွေကြားထဲခုန်ပေါက်သွားရတာမျိုးမရှိတော့ပဲ RPG အနေနဲ့ အခန်းတိုင်းကို စဉ်းစားကျော်ဖြတ်ရမယ့် RPG ပုံစံနဲ့ထွက်ရှိလာလို့ပဲဖြစ်ပါတယ်။


                Graphics ဟာလည်း Cartoon ပုံစံ လူပုလေးတွေအနေနဲ့ မြင်တွေ့ရမှာပါ။ ဒါပေမဲ့လည်း Gameplay ဟာတော့စိတ်၀င်စားစရာကောင်းမှာပါ။ ဂိမ်းရဲ့ Goals တွေအနေနဲ့ Assassin’s Brotherhood ကို တည်ထောင်ရမှာတွေ၊ ကိုယ့်ရဲ့ခံတပ်ကို စီမံခန့်ခွဲရမှာတွေ နဲ့အတူ Templars တွေကို နှိမ်နှင်းဖို့အတွက် Missions တွေလည်းပြုလုပ်ရမှာပါ။

                Assassins ပေါင်း ၄၀ ကျော်ရွေးချယ်နိုင်မှာဖြစ်ပြီး Main Storylines တွေမှာပါ၀င်ခဲ့တဲ့ Ezio, Aguilar, Claudia နဲ့ Machiavelli တို့လည်းပါ၀င်လာမှာပါ။ ဒါဆိုရင် ဇာတ်ကောင်တွေအားလုံး မျိုးရိုးနဲ့ဆိုင်တဲ့ မှတ်ဉာဏ်မရှိပဲ ဒီမှာဘာလို့ အတူတူ၀င်ရောက်ပြီး Brotherhood ထောင်နေတာလဲလို့ မေးစရာရှိပါတယ်။ ဒီမေးခွန်းအတွက် Animus Version အသစ်တစ်ခုကြောင့်မို့ ရှိသမျှ Assassins တွေအကုန်လုံး မှတ်ဉာဏ်တွေပေါင်းစပ်စေနိုင်ခဲ့တာလို့ သိရှိရပါတယ်။ 

                Ubisoft ကနေထုတ်လုပ်မယ့် Assassin’s Creed: Rebellion ဂိမ်းမှာ စပိန်သာသနာပြုခေတ်တုန်းက အရှုပ်အထွေးကြားထဲ သင့်ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ RPG ဂိမ်းဆိုတော့ Levels တွေ၊ Skills တွေနဲ့ Equipment တွေ Upgrade လုပ်ဖို့လိုအပ်မှာ အမှန်ပါပဲ။ ကိုယ့်ရဲ့ခံတပ်ကိုလည်း Brotherhood Level မြင့်တက်လာတာနဲ့အမျှ တိုးချဲ့သွားနိုင်မှာပါ။ 

                Free-To-Play အနေနဲ့ထွက်ရှိလာမယ့် Assassin’s Creed: Brotherhood ဂိမ်းကို iPhone/iPad သမားတွေအတွက် iOS 8 နဲ့အထက်မှာ ဆော့ကစားနိုင်မှာပါ။ Android စမတ်ဖုန်း/Tablet အသုံးပြုတဲ့သူတွေအတွက် Android Version အနိမ့်ဆုံးအနေနဲ့ 4.1 (Jellybean) မှာဆော့ကစားနိုင်မည်ဖြစ်ပြီး 2GB RAM နဲ့အထက်ရှိဖို့လိုအပ်တယ်လို့ Ubisoft မှ အကြံပြုထားပါတယ်။

References
Android Authority
About Author
Assinged Tags
Mobile Gaming Related News Gaming News Android iOS Ubisoft Smartphones Android Games iOS Games Gaming Related Jellybean Assassin Creed Rebellion iOS 8
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed