Mobile Platform အတွက် ထွက်ရှိလာမယ့် South Park: Phone Destroyer ဂိမ်း

date_range 14 June 2017

Mobile Platform အတွက် ထွက်ရှိလာမယ့် South Park: Phone Destroyer ဂိမ်း

visibility 200 Views

                Assassin’s Creed, Far Cry, Watch Dogs နဲ့ Prince of Persia စတဲ့ နာမည်ကြီးဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Ubisoft ဟာ ယခုကျင်းပနေတဲ့ E3 2017 ပွဲမှာ နာမည်ကြီးကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ South Park ဇာတ်လမ်းတွဲကို အခြေခံတဲ့ South Park: Fractured but Whole ဂိမ်းနဲ့ South Park: Phone Destroyer ဆိုတဲ့ ဂိမ်းနှစ်မျိုးကို မိတ်ဆက်ကြေငြာခဲ့ပါတယ်။

South Park: Fractured but Whole က PC, Xbox One နဲ့ PS4 တို့မှာ ထွက်ရှိလာမှာဖြစ်ပြီး၊ South Park: Phone Destroyer ကတော့ မိုဘိုင်းမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။


                Phone Destroyer အတွက် Trailer ကိုလည်း E3 2017 သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပြီး၊ Cards Collection နဲ့  Turn-based Strategy RPG ဂိမ်းအမျိုးအစားဖြစ်မယ်လို့ ယူဆရပါတယ်။ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ South Park: Stick of Truth ဂိမ်းမှာ တုန်းကလိုပဲ New Kid နေရာကနေ ကစားရမှာဖြစ်ပြီး Trailer အရတော့ Stan (native Americans), Timmy (buccaneers), Ike (knight), Kenny (princesses), Jimmy (bards), Butter (choirboys), Token (clerics), Wendy (angels), Officer Barbrady (cops), Cartman (wizards), Clyde (aliens) စတဲ့ character တွေနဲ့ တွဲဖက်ပြီးဆော့ကစားသွားရမယ့်ပုံမှာ ရှိပါတယ်။ ကိုယ့်ရဲ့ Team မှာ ပါတဲ့ character တွေကို ကစားလို့ ရလာတဲ့ card အသစ်တွေနဲ့ upgrade ပြုလုပ်သွားရမှာဖြစ်ပြီး multiplayer mode မှာ အခြား player တွေနဲ့ ယှဉ်ပြိုင်ရမယ်လို့လည်း ဆိုပါတယ်။

                South Park: Phone Destroyer ကို Ubisoft ရဲ့ Studio ဖြစ်တဲ့ RedLynx နဲ့ South Park Digital Studio တို့ ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး free-to-play ဂိမ်းအမျိုးအစား ဖြစ်မယ်လို့ သိရပါတယ်။ Ubisoft ရဲ့ အဆိုအရတော့ ဂိမ်းမှာ ပိုက်ဆံနဲ့ ဝယ်မှ ဆော့လို့ရမယ့် အခန်းတွေ ပါဝင်မှာ မဟုတ်ဘဲ အခမဲ့ကစားသူတွေအနေနဲ့ စိတ်ကြိုက်ကစားနိုင်မှာဖြစ်ပါတယ်။ (South Park ရဲ့ Freemium ဂိမ်းက အမှန်တကယ် free ဖြစ်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ) ဂိမ်းကိုတော့ ဒီနှစ်ထဲမှာ ထွက်ရှိဖို့ စီစဉ်ထားပြီး iOS အတွက်ရော android အတွက်ရော ထွက်ရှိမှာပါ။

                ၂၀၁၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Stick of Truth ကတော့ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ထွက်ရှိခဲ့သမျှ South Park ဇာတ်လမ်းတွဲတွေကို ပြန်လည်အမှတ်ရစေခဲ့တဲ့ ရယ်စရာဟာသတွေနဲ့ အချိတ်အဆက်မိတဲ့ ဇာတ်လမ်းသွား၊ လွယ်ကူပြီး ရိုးရှင်းတဲ့ game-play ကြောင့် South Park ရဲ့ အမာခံ ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့တဲ့အပြင် သုံးသပ်သူတွေဘက်ကလည်း Rating ကောင်းကောင်းတွေ ရရှိခဲ့တာဖြစ်ပါတယ်။

                အခုကြေငြာခဲ့တဲ့ South Park: Fractured but Whole နဲ့ South Park: Phone Destroyer ဂိမ်းနှစ်ခုမှာ X-box တို့ PS4 တို့လိုမျိုး တန်ဖိုးကြီး console တွေ က လူအများစု တတ်နိုင်ဖို့ ခဲယဉ်းတဲ့အတွက်မို့ ၊ Mobile-Platform မှာ ထွက်ရှိလာမယ့် Phone Destroyer ဂိမ်းကိုပဲ အများစုက ပိုပြီး မျှော်လင့်နေကြမယ့် သဘောမှာ ရှိပါတယ်။

This Article is Contributed by Min Hein Kyaw
References
Screen Rant IGN
About Author
Assinged Tags
PS4 Ubisoft Windows Xbox One Mobile Game South Park South Park: Phone Destroyer
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed