Microsoft ကနေ E3 2017 မှာ မိတ်ဆက်လိုက်တဲ့ Xbox One X Console အသစ်

date_range 12 June 2017

Microsoft ကနေ E3 2017 မှာ မိတ်ဆက်လိုက်တဲ့ Xbox One X Console အသစ်

visibility 170 Views

                Microsoft ဟာ Project Scorpio လို့နာမည်တပ်ပြီး အားလုံးအံ့အားသင့်စေမယ့် Performance မြင့်မားတဲ့ ဂိမ်း Console တစ်ခုထွက်ရှိဖို့ ကြိုးပမ်းနေခဲ့တာ ၂၀၁၇ နှစ်ဦးပိုင်းကတည်းက ဖြစ်ပါတယ်။ အခုဆိုရင်တော့ Project Scorpio ကနေ Xbox One X ဆိုတဲ့ ဂိမ်း Console အသစ်ကို E3 2017 ပွဲမှာ မိတ်ဆက်လိုက်ပါပြီ။ 


                Xbox One X မှာ Xbox One ဂိမ်းခလုပ်တွေနဲ့ အခြား Accessories တွေကိုအသုံးပြုလို့ရပါတယ်။ Xbox 360 နဲ့ Xbox One ရဲ့ Game တွေကိုလည်းဆော့လို့ရအောင် Backward Compatibility အသုံးပြုပေးထားပါတယ်။ Super Sampling နည်းပညာကိုအသုံးပြုပြီး 4K TV မဟုတ်တဲ့ 1080p အထိပဲ Support ပေးနိုင်တဲ့ TV တွေမှာတောင် 4K Resolution အတိုင်း ကြည်လင်ပြတ်သားတဲ့ အရည်အသွေးရရှိနိုင်အောင် ကြိုးပမ်းထားပါသေးတယ်။ Xbox 360 နဲ့ Xbox One ရဲ့ ဂိမ်းတွေကို Xbox One X အပေါ်မှာ ဆော့တဲ့အခါ Graphic သိသိသာသာ ကောင်းမွန်လာတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ 


                GPU အနေနဲ့ 6 Teraflops အရည်အသွေးရှိတဲ့ Graphical Power ပါ၀င်တာမို့ PS4 Pro မှာတောင် 4.2 Teraflops ထိပဲ အသုံးပြုထားတာမို့ အရည်အသွေးအတော်လေးကောင်းမွန်ပါတယ်။ Microsoft ရဲ့ AMD နည်းပညာ အသုံးပြုထားတဲ့ Scorpio GPU Engine ဟာ 1172MHz ထိ Clock Speed ရှိတာကြောင့် PS4 Pro ရဲ့ 911MHz ထက် အနည်းငယ်ပိုမြန်ဆန်ပါတယ်။ VRAM အနေနဲ့လည်း 12GB GDDR5 အသုံးပြုထားပြီး Data Transfer Rate အနေနဲ့ 326 GB/s ရှိပါတယ်။ 

                Microsoft ကနေလည်း E3 ပွဲမှာ ဒီ Xbox One X ဟာ 4K Resolution, 4K Textures နဲ့ 4K Assets တွေကို အပြည့်အ၀ထောက်ပံ့ပေးမယ့် ဂိမ်း Console တစ်ခုဖြစ်တယ်ဆိုပြီးလည်း ပြောကြားသွားခဲ့ပါသေးတယ်။ 4K Resolution ပေါ်မှာ 60 Frames Per Second (FPS) နဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Optical Drive အနေနဲ့လည်း 4K UHD Support ပေးနိုင်တဲ့ Blu-Ray Drive ပါ၀င်တာမို့ 4K ရုပ်ရှင်တွေနဲ့ အခြား Entertainment တွေကိုလည်း Xbox One X ပေါ်မှာ ကြည့်ရှုခံစားနိုင်ပါသေးတယ်။

                Sound System အနေနဲ့ Dolby Digital 5.1 နဲ့ Dolby TrueHD (Atmos Surround Sound System) တွေလည်း ပါ၀င်တာမို့ ကြည်လင်ပြတ်သားတဲ့ အသံအရည်အသွေးကို ဂိမ်းဆော့တဲ့အခါ သိသိသာသာတွေ့မြင်ရမှာပါ။ Audio Codecs တွေအနေနဲ့ AAC, MP3, MPEG1 နဲ့ WMV Format တွေကို Support ပေးမှာဖြစ်ပါတယ်။

                Design အနေနဲ့ Xbox One S ရဲ့ ပုံစံကိုပဲ အနည်းငယ် သေးငယ်တဲ့ ပုံစံနဲ့ထွက်ရှိလာမှာပါ။ Xbox One S ရဲ့ပုံစံအတိုင်းပဲ ဘာမှသိပ်ပြောင်းလဲသွားတာမျိုးလည်း မရှိပါဘူး။ “အသေးငယ်ဆုံး Xbox” လို့သာပြောပေမဲ့လည်း သိသိသာသာကြီး သေးငယ်သွားတာမျိုးလည်းမဟုတ်ပါဘူး။ 

                Kinect Port မပါ၀င်တဲ့အတွက် Kinect Sensor နဲ့အတူ လှုပ်လှုပ်ရှားရှားဆော့ချင်တဲ့ သူတွေအတွက်ကတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့လည်း VR Headset တွေ အသုံးပြုလို့ ရမှာလား၊ မရဘူးလားဆိုတာကိုလည်း Microsoft ဘက်ကနေ အတိအကျ ဘာမှမပြောသွားသေးပါဘူး။ 

                အခြား Specifications တွေအနေနဲ့ကတော့ Flash Memory 8GB, Internal Storage 1TB HDD နဲ့ 245W အထိ Support ပေးနိုင်တဲ့ Power Supply Unit (PSU) ပါ၀င်ပါသေးတယ်။ CPU အနေနဲ့ AMD Chipset ကိုအသုံးပြုထားပြီး 2.3GHz Clock Speed, 8-Cores ပါ၀င်ပါတယ်။ Wireless Capability အနေနဲ့ Bluetooth ပါ၀င်ပြီး Wireless Controllers တွေနဲ့ချိတ်ဆက်ရလွယ်ကူအောင် Activation Button ပါ၀င်ပါတယ်။ WiFi အနေနဲ့ Dual Band (2.4GHz နဲ့ 5GHz) အသုံးပြုထားပြီး Home Network တွေအတွက် အသုံးပြုလို့ရမယ့် WiFi Direct Feature လည်းပါ၀င်ပါတယ်။ 

                Port တွေအနေနဲ့ကတော့ Power Port တစ်ပေါက်၊ HDMI Port နှစ်ပေါက် (1.4b Input နဲ့ 2.0b Output)၊ USB 3.0 Port သုံးပေါက်၊  IR Out Port တစ်ပေါက်၊ S/PDIF Port တစ်ပေါက် နဲ့ Ethernet Port တစ်ပေါက် ပါ၀င်ပါတယ်။ 

                ဂိမ်းတွေအနေနဲ့ ကတော့ Forza Motorsport 7 ကို October 3 ရက်နေ့မှာ မြင်တွေ့ရဖို့ရှိပြီး Xbox One X ရဲ့ Exclusive တစ်ခုအနေနဲ့လည်းထွက်ရှိလာမှာပါ။ အောက်မှာတော့ Forza Motorsport 7 ကို Xbox One X (4K Resolution, 60FPS) နဲ့ဆော့ပြထားတဲ့ Gameplay Video ကို ကြည့်ရှုနိုင်ပါတယ်။ တခြား Exclusives တွေအနေနဲ့လည်း Crackdown 3, Sea of Thieves, Microsoft’s Xbox Chief နဲ့ Phil Spencer တို့ ပါ၀င်လာဦးမှာဖြစ်ပါတယ်။ 


                Xbox One X ဂိမ်းစက်သစ်ကို November 7 ရက်နေ့မှာ စ တင်ရောင်းချပေးမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ USD $499 နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ (Xbox One X ရဲ့ အသေးစိတ် Specifications တွေကို အောက်မှာပြထားတဲ့ပုံကနေ ကြည့်ရှုနိုင်ပါတယ်)


 

References
The Verge
About Author
Assinged Tags
Microsoft Xbox 360 Xbox Scorpio 4K Display Dolby Atmos EA Electronic Arts E3 E3 2017 Xbox One X Xbox One PS4 Pro 4K Resolution 4K Assets 1080p TV Scorpio Project Scorpio 4K UHD 4K Blu-ray Drive Dolby FPS 60 FPS
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed