Game Review: CS: GO ဆော့သူများအကြိုက်တွေ့စေမယ့် Critical Ops

date_range 02 June 2017

Game Review: CS: GO ဆော့သူများအကြိုက်တွေ့စေမယ့် Critical Ops

visibility 2750 Views

                Critical Force Entertainment ကနေ Android နဲ့ iOS အတွက်ထုတ်လုပ်ထားတဲ့ Critical Ops (C-Ops) ဆိုတဲ့ဂိမ်း ဟာ Counter Strike ပုံစံမျိုး အခြေခံထားတဲ့ စမတ်ဖုန်းတွေအတွက် First Person Shooter ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Critical Ops ဆိုပြီးမဖြစ်လာခင်မှာ Critical Strike Portable ဆိုတဲ့နာမည်နဲ့ Android နဲ့ iOS မှာဖြန့်ချီခဲ့ပါသေးတယ်။ အခုအခါမှာတော့ Critical Strike Portable ကိုရပ်နားခဲ့ပြီး C-Ops အသစ်ကို August 14, 2015 မှာ ပြန်လည်မိတ်ဆက်ခဲ့ပါတယ်။ 

                Critical Ops ကိုတော့ လမ်းသွားရင်းနဲ့ပဲဖြစ်ဖြစ်၊ အပြင်ရောက်နေပြီး အိမ်က PC/Laptops တွေနဲ့ဝေးနေလို့ CS: GO မပစ်ရတဲ့အခါ ဒီဂိမ်းလေးကိုဆော့ပြီးအာသာဖြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ iOS ကော Android ကော ဆော့ကစားနိုင်တဲ့အပြင် ကိုယ်တိုင် Host ထောင်ပြီး သူငယ်ချင်းတွေနဲ့အတူတူချိတ်ဆက်ကစားနိုင်တာကြောင့် လဘက်ရည်ဆိုင်ထိုင်နေကြတဲ့အခါမှာလည်း အချင်းချင်း စိန်ခေါ်ပစ်ခတ်နိုင်ပါသေးတယ်။ 

                Counter Strike အတိုင်းပဲ Team အနေနဲ့ Counter-Terrorists နဲ့ Terrorists ဆိုပြီး အသင်း နှစ်သင်းရှိပါတယ်။ သေနတ်တွေအနေနဲ့လည်း Counter Strike လိုပဲ Pistols၊ Sub-Machine Guns၊ Rifles၊ Shotguns နဲ့အတူ Sniper Rifle တွေလည်းပါ၀င်ပါတယ်။ Gears တွေအနေနဲ့လည်း Frag Grenade၊ Flashbang Grenade၊  Smoke Grenade နဲ့အတူ Kevlar & Helmet ဆိုပြီး Armor လည်းပါ၀င်ပါတယ်။ 


              Game Mode အနေနဲ့ကတော့ နှစ်မျိုးရှိပါတယ်။

  • Defuse - ဒါကတော့ ကျွန်တော်တို့ Counter Strike မှာရင်းနှီးခဲ့တဲ့အတိုင်း Terrorists ဘက်ကနေ ဗုံးကိုသယ်လာပြီး သက်ဆိုင်ရာ Bomb Site မှာ ဗုံးထောင်ရမှာဖြစ်ပါတယ်။ Counter-Terrorists တွေအနေနဲ့ Bomb Site ကိုကာကွယ်၊ ဗုံးလာထောင်ခဲ့ရင် ဗုံးကိုဖြုတ်၊ ဒါမှမဟုတ် Terrorists တွေကိုအပြတ်ရှင်းပစ်ရမှာပါ။ တစ်သင်းသင်းဘက်မှ ဆော့သူအားလုံးသေသွားခဲ့ရင်လည်း တစ်ဘက်အသင်းက အဲ့ပွဲမှာနိုင်သွားမှာဖြစ်ပါတယ်။ ပွဲချိန် ၁ မိနစ်နဲ့ ၄၅ စက္ကန့်ရှိပြီး တကယ်လို့သာ ဒီအချိန်အတွင်းမှာ Terrorists တွေဘက်က Counter-Terrorists တွေကိုမရှင်းပစ်နိုင်ဘူး၊ Bomb Site မှာ ဗုံးလည်းသွားမထောင်နိုင်ဘူးဆိုရင်တော့ Counter-Terrorists တွေဘက်က အနိုင်ရရှိမှာဖြစ်ပါတယ်။
  • Deathmatch - ဒီ Mode ကတော့ပျော်စရာလည်းကောင်းသလို မဆော့တတ်သေးသူတွေ ဆော့ဖို့သိပ်မသင့်တဲ့ Mode လည်းဖြစ်ပါတယ်။ ဘာလို့ဆို ၆ စက္ကန့်တစ်ခါ သေသွားတာနဲ့ မြေပုံရဲ့ Location တစ်ခုမှာ Respawn ဖြစ်လာမှာကြောင့် အခန့်မသင့်ရင် ကိုယ်ဟာလည်းရန်သူတွေကိုခဏခဏတိုးနိုင်သလို သေဖို့ Chance လည်းပိုများပါတယ်။ ပွဲအလိုက်မသတ်မှတ်ပေးထားပါဘူး။ ပွဲချိန် ၇ မိနစ်အတွင်း အများဆုံးသတ်နိုင်တဲ့ အသင်းဘက်က အနိုင်ရရှိမှာဖြစ်ပါတယ်။


Gameplay




                Gameplay အနေနဲ့ကတော့ သွားရ လာရတာ Smooth ဖြစ်သလောက် ပစ်ခတ်ရတဲ့အခါမှာတော့ Shoot ခလုပ်လေးကိုနှိပ်နေရသေးတာမို့ သွားလာနေရင်းနဲ့ ရုတ်တရက်ချက်ချင်းပစ်ခတ်နိုင်ဖို့ အချိန်အတော်ယူလိုက်ရပါတယ်။ Aim-Assists ကတော့ အခုမှ စတင်ဆော့မယ့်သူတွေအတွက် အသုံး၀င်မှာပါ။ ဒါပေမဲ့လည်း မျှမျှတတဖြစ်အောင် ကိုယ့်ဘက်ကလည်းသေချာချိန်မှ ကိုယ်ပစ်မယ့်သူကိုထိမှာပါ။ တစ်ခါတည်း တွေ့တာနဲ့ Auto ချိန်မပေးပါဘူး။ အခန်းတွေဟာ အရမ်းကျယ်ပြီး သွားရလာရတာ နည်းနည်းစိတ်ညစ်စရာကောင်းပါတယ်။ အရမ်းကျယ်၀န်းတဲ့မြေပုံ ငါးခုပဲရှိပြီး အခန်းကျဉ်း (ကျွန်တော်တို့ Counter Strike တုန်းပစ်ခတ်ခဲ့တဲ့ fy_iceworld တို့လိုမျိုး) မရှိတာကတော့ ဒီဂိမ်းရဲ့အားနည်းချက်တစ်ခုပါပဲ။ Team ကိုတော့ လူမျှအောင် Auto-Assign လုပ်ပေးတာကတော့အဆင်ပြေပါတယ်။


                ဒါပေမဲ့လည်း ဒီဂိမ်းမှာ Host အနေနဲ့က Room အပေါ် Password ပေးတာ၊ Max Players ဘယ်နှယောက်ထားချင်တာနဲ့အတူ အခန်းလောက်ပဲရွေးလို့ရမှာဖြစ်တာမို့ Counter Strike လောက်တော့မနိပ်ပါဘူး။ (ဒါကလည်း Mobile ဂိမ်းဖြစ်နေတာ့လည်းဘယ်တတ်နိုင်မလဲပေ့ါ) Counter Strike ကလိုလည်း mp_freezetime 0 တွေ sv_restartround 1 တွေလုပ်လို့မရပါဘူး။ အဲ့ဒါတွေကတော့ထားပါတော့။ Counter Strike မှာလို သေနတ်ကစားတာကို ညာဘက်အောက်က သေနတ်ပုံလေးကိုနှိပ်နှိပ်ပြီး Pistols ပြောင်းလိုက် Rifle ပြောင်းလိုက်ပြုလုပ်လို့ရပါတယ်။ (Q ခလုပ်နှိပ်ပြီးကစားသလိုမျိုးပေါ့။ ဘာရယ်တော့မဟုတ်ဘူးလေ။ ကျွန်တော်တို့ Counter ပစ်ရင်အဲ့ဒါကတော့ အမြဲကစားတတ်ကြတာကိုး။)

                Grenade ကိုရွေးချယ်ရာမှာ ညာဘက်အောက်ကိုဖိထားပြီး Layer နှစ်ခုမြောက်ကနေ သပ်သပ်ရွေးနေရတဲ့အတွက် Smooth တော့မဖြစ်ပါဘူး။ ကျွမ်းသွားရင်တော့မပြောတတ်ပေမဲ့ ကျွန်တော်အခုထိ ဗုံးပစ်ဖို့ကို စိတ်ညစ်နေရတုန်းပါပဲ။ သေနတ်၀ယ်ရတဲ့ Menu ရိုးရှင်းတာကိုတော့ အမှတ်အပြည့်ပေးပါတယ်။ သေနတ်ပစ်ချတာကလည်း နည်းနည်းအလေ့အကျင့်လိုပါတယ်။ ညာဘက်အောက်က သေနတ်ပုံမှာပဲ ဖိပြီး ဘယ်ဘက်ကိုတွန်းရတာမို့ လက် Gestures တွေအတော်ကျွမ်းကျင်ဖို့လိုပါတယ်။ Scoreboard ကိုကြည့်ရတာလွယ်ကူပါတယ်။ CT နဲ့ T တွေရဲ့အမှတ် ပြတဲ့နေရာကိုနှိပ်လိုက်ရင် Scoreboard ပေါ်လာမှာပါ။ ဘယ် Menu မဆို ဘယ်ဘက်ထောင့်က X လေးကိုနှိပ်ရင်ပိတ်သွားမှာဖြစ်တဲ့အတွက် လွယ်ကူပါတယ်။

                ဒီထဲမှာထူးထူးခြားခြား တိုးတိုးသာသာလေး သွားလို့ရသလို အမြန်ပြေးလွှားသွားလို့လည်းရပါတယ်။ D-Pad ကို မြှားပြထားတဲ့ထိ အဆုံးထိဆွဲထားမယ်ဆိုပြေးလွှားသွားမှာဖြစ်ပြီး မြှားနားမရောက်ခင်လောက်ပဲ ရှေ့တိုး နောက်ဆုတ် ပွတ်ဆွဲမယ်ဆိုပါက တိုးတိုးသာသာ သွားမှာဖြစ်ပါတယ်။ ခြေသံမကြားစေချင်ရင်တော့ တိုးတိုးသာသာသွားပေါ့ဗျာ။ နောက်ပြီးတော့ Counter Strike က အတိုင်း Pistols နဲ့ ဓားကို Equip လုပ်ထားမယ်ဆို သွားရလာရပိုမိုမြန်ဆန်ပြီး တခြားသေနတ်တွေ Equip လုပ်ပြီး လမ်းလျှောက်မယ်ဆို အနည်းငယ်နှေးသွားမှာဖြစ်ပါတယ်။


                Communication အနေနဲ့ စာရိုက်ပြောလို့ရအောင် ဘယ်ဘက်ထောင့်၊ မြေပုံဘေးနားမှာ Message ရိုက်ဖို့ ခလုပ်လေးထားပေးထားပါတယ်။ Tab နှစ်ခုခွဲထားပြီး All ဆိုရင်တော့ Team နှစ်ဘက်စလုံးကို လှမ်းပြောလို့ရပြီး၊ Team ဆိုရင်တော့ ကိုယ့်ဘက်က Teammates တွေပဲ မြင်ရတဲ့ Message တွေ ရိုက်ပို့လို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Auto Voice Commands တွေဖြစ်တဲ့ “Go Go Go!” တို့ “Taking Fire! Need Assistance!” စတဲ့ Counter Strike က Voice Commands တွေမပါတဲ့အတွက် ဒါဟာလိုအပ်ချက်တစ်ခုလို့မြင်ပါတယ်။ 

                ပစ်ရခတ်ရတာမှာ အနီးကပ်ပစ်ရတာအတွက်က အခက်အခဲသိပ်မရှိပေမဲ့ အဝေးပစ်ရတဲ့ Plaza တို့ Grounded တို့လိုအခန်းတွေမှာ Controls နဲ့ Accuracy အတော်လေးကျွမ်းကျင်မှဖြစ်မှာပါ။ Counter Strike လိုမျိုး ပြေးနေတဲ့အခါမှာ Crosshair ကျယ်လာတာ၊ သေနတ်ပစ်တဲ့အခါမှာ ပြန်ကန်တဲ့အရှိန်ကြောင့် Crosshair ကျယ်ပြီး အပေါ်တက်သွားတာတွေက သဘာ၀ကျပါတယ်။ (Dynamic Crosshair မလိုချင်ရင်လည်းပိတ်ထားလို့ရပါသေးတယ်။ ဒါပေမဲ့ Counter ပစ်နေကျသူတွေအဖို့တော့ မကြိုက်လောက်ဘူးထင်ပါတယ်။) Crosshair Size ကိုလည်း အကြီးအသေးရွေးလို့ရပေမဲ့ Color ရွေးမရပဲ အဖြူကြီးပဲဖြစ်နေတာတော့ နည်းနည်းကသိကအောက်နိုင်ပါတယ်။ ဘယ်သန်၊ ညာသန်ရွေးမရပဲ သေနတ်ကိုင်ထားတဲ့လက်ကို ညာဘက်မှာပဲမြင်နေရမှာမို့ ဘယ်သန်သမားတွေအတွက်ကတော့ ကြည့်ရတာအနည်းအငယ်အခက်အခဲဖြစ်မှာပါ။ 


                CS: GO ပုံစံအတိုင်း သေနတ် Skin တွေ၀ယ်ယူလို့ရပါတယ်။ Credit တွေကိုတော့ Ads ကြည့်ရင်းပဲဖြစ်ဖြစ် ၀ယ်ယူတာပဲဖြစ်ဖြစ် ရယူနိုင်ပါတယ်။ အကောင့်ကိုတော့ Google Play Games နဲ့ဖြစ်ဖြစ် Facebook နဲ့ဖြစ်ဖြစ်အလွယ်တကူဖွင့်နိုင်ပါတယ်။ ဒါပေမဲ့လည်း Facebook ကနေသူငယ်ချင်းတွေရှာလို့မရတာကတော့ အားနည်းချက်တစ်ခုဖြစ်သွားပါတယ်။ အကောင့်ချိတ်ရုံကလွဲ ဘာမှလုပ်လို့မရပါဘူး။ Friend တွေကိုအလွယ်တကူ နာမည်မှတ်ပြီး Add လို့ရပါတယ်။ တကယ်လို့သာ ကိုယ့်ရဲ့ Friend Request ကိုလက်ခံတယ်ဆို ကိုယ့်သူငယ်ချင်းရဲ့ Kill/Death Ratio ကိုမြင်ရမှာဖြစ်ပါ။ In Game မှာရှိနေတယ်ဆိုရင် သူရှိနေတဲ့ Room ရဲ့ Mode နဲ့ Map နာမည်ကိုမြင်ရပြီး Join ဆိုတာကိုနှိပ်လိုက်ရင် သူ၀င်ကစားနေတဲ့ Room ထဲကိုရောက်သွားမှာပါ။ ဒါပေမဲ့လည်း In Game Message ကလွဲလို့အပြင်ဘက်မှာ ကိုယ့်သူငယ်ချင်းနဲ့စကားပြောတဲ့ Chat Function မပါ၀င်ပါဘူး။ 

                Pay To Win ဂိမ်းတစ်ခုမဟုတ်တဲ့အတွက် အလကားနေရင်းပိုက်ဆံတောင်းတဲ့ရန်က ကင်း၀ေးသွားမှာပါ။ Players တွေအားလုံးကိုညီတူမျှတူပဲ သေနတ်လည်းတူတူကိုင်ခွင့်ရပြီး Skill ပဲအဓိကထားပြီး Pro ကျတယ်/မကျဘူးဆိုတာကွဲပြားသွားမှာမို့ ကျွန်တော် အတော်လေးကြိုက်ပါတယ်။ တစ်ခါတေလ Ads Video တွေပေါ်ပေါ်လာတတ်တာကတော့ အနှောင့်အယှက်ဖြစ်ပါတယ်။ (တစ်ခါတလေပါပဲ။ အမြဲတမ်းစိတ်အနှောင့်အယှက်ပေးတာမျိုးတော့မဟုတ်ပါဘူး။)  

                Gameplay ပိုင်းအနေနဲ့ကတော့ တခြားဘာမှမှတ်ချက်ထပ်ပေးစရာမရှိပေမဲ့ ဒီ Critical Ops ရဲ့အဓိကအားနည်းချက်ကတော့ Ranked Match တွေမရှိတာပါ။ Rank သတ်မှတ်ထားတာမျိုးမရှိတဲ့အတွက် ကိုယ့်ရဲ့ Skill Level သတ်မှတ်ချက်တစ်ခုမရှိတော့ အပျော်၀င်ပစ်တဲ့ပုံစံကြီးပဲဖြစ်သွားပါတယ်။ တကယ်ကျွမ်းတဲ့ Pro Players တွေအတွက် Pro League မရှိတဲ့အတွက် ဒီလူတွေကြားထဲ၀င်ပစ်ရတော့ ကိုယ့် Team မကောင်းတဲ့အခါမှာ စိတ်ညစ်ရမှာပါ။ ကိုယ်တိုင်လည်း Pro Players တွေနဲ့တွေ့တဲ့အခါ လူမမျှပဲ ထွက်တာနဲ့ သေ သေသွားတဲ့အခါမျိုးမှာအတော်စိတ်ညစ်ရပါတယ်။ Rank သတ်မှတ်ချက်တွေရှိသင့်တယ်လို့ထင်ပါတယ်။
Gameplay ပိုင်းကိုတော့ ကျွန်တော့်အနေနဲ့ 7/10 Rating ပေးပါတယ်။


Graphics & Interface

                Graphics အနေနဲ့ FPS (Frame Per Second) ကိုမြင်ချင်တဲ့သူတွေအတွက်ကတော့ FPS Counter ကို ညာဘက် အပေါ်ထောင့်မှာအမြဲပြသပေးနေမှာပါ။ FPS Counter လေးကိုသေးသေးလေးပဲမြင်ရပေမဲ့ မမြင်ချင်လို့ပိတ်ချင်တယ်ဆို Option မပါ၀င်တဲ့အတွက် အဆင်မပြေပါဘူး။ Graphic ပိုင်းမှာ ဖုန်းအမျိုးအစားအားလုံးဆော့လို့ရအောင် Graphics Setting အနေနဲ့ Lowest၊ Low၊ Medium၊ High နဲ့ Ultra ဆိုပြီး ငါးမျိုးပါ၀င်ပါတယ်။ ကိုယ့်ဘာသာကိုယ် Custom လုပ်ပြီး Graphics Settings တွေချိန်ချင်တဲ့သူအတွက် Screen Scale၊ Level Of Detail၊ Shader Level Of Detail၊ Texture Quality၊ Anti-Aliasing၊ Animation Quality၊ Tracers၊ Particles နဲ့ Environmental Particles ဆိုပြီး ရွေးချယ်ပြုပြင်လို့လည်းရပါသေးတယ်။ 

                    Target Framerate ကို 30/60 FPS ရွေးချယ်လို့ရပါသေးတယ် (60FPS ပဲထားတာ ကောင်းပါတယ်။) In-Game Lag လုံး၀မရှိတာကတော့အတော်လေးကောင်းပါတယ်။ Ultra တင်ရင် အနည်းငယ် Lag ရှိပေမဲ့ Mi Max နဲ့ပဲအဆင်ပြေပြေ ဆော့ကစားလို့ရတာကြောင့် Mid-Range နဲ့ High-End စမတ်ဖုန်းတွေအတွက် အဆင်ပြေပြေပဲ Ultra Settings တင်ပြီးဆော့ကစားနိုင်မှာပါ။ သေနတ်ကို နံရံပေါ်ပစ်မိတဲ့အခါ အမှုန်လေးတွေထွက်သွားတာတွေ၊ ပုံးတွေနဲ့တခြား အရာတွေပစ်ခတ်မိတဲ့အခါမှာ လွင့်စင်သွားတဲ့ Effect တွေဟာ Android ဂိမ်းတစ်ခုလို့ မထင်ရလောက်အောင် ကောင်းမွန်ပါတယ်။ အကြိုက်ဆုံးကတော့ ဗုံးပစ်လိုက်လို့ ပေါက်ကွဲသွားတဲ့အချိန်မှာ ဗုံးဆံတွေလွင့်စင်လာတာပဲဖြစ်ပါတယ်။ 

                In-Game Ping ကို Scoreboard မှာကြည့်ရှုနိုင်ပါတယ်။ Mobile Data နဲ့ပဲဆော့ကစားနိုင်ပြီး Data လည်းအရမ်းမစားပါဘူး။ 3G နဲ့စမ်းသပ်ကြည့်တဲ့အခါမှာ တစ်ချက်တစ်ချက်တော့ Lag ပါတယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွားဆော့မရအောင် Lag တာမျိုးမရှိပါဘူး။ Graphic ပိုင်းကတော့ တခြားဘာမှထွေထွေထူးထူး ပြောစရာမလိုပေမဲ့ အခန်းကျယ်ပြီး တစ်ချို့နေရာတွေမှာ ရှုပ်ယှက်ခတ်နေတဲ့ Decorations တွေကြောင့် မျက်စိအနည်းငယ်နောက်ပါတယ်။ တစ်ခါတလေ သွားနေလာနေရင်းနဲ့တင် မျက်စိတွေလည်လာပါတယ်။ အဲ့တစ်ခုကတော့မကောင်းပါဘူး။ 

                Interface တွေ အနေနဲ့ကတော့ ရိုးရှင်းတဲ့ UI တွေအသုံးပြုထားပါတယ်။ သေနတ် နဲ့ ဓားတွေရဲ့ Skin တွေကတော်တော်လေးကို လှပါတယ်။ Main Screen မှာလည်းရွေးချယ်စရာ Function တွေမျက်စိနောက်လောက်အောင် များများစားစားမထားထားတာကိုတော့ အတော်လေးချီးကျူးပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့  Bureau မြေပုံနောက်ခံလေးနဲ့ Main Menu လေးဟာသပ်ရပ်ပါတယ်။ 


                D-Pad နဲ့ တခြား Controls တွေမကြိုက်ဘူးဆိုရင်လည်း Controls ဆိုတဲ့ Settings နေရာမှာ တစ်ခုချင်းစီကို  နေရာပြောင်းလဲသတ်မှတ်ပေးလို့ရပါတယ်။ Audio မှာဆိုရင်လည်း Ambient Audio ဆိုတဲ့ Settings ပါ၀င်ပါတယ်။ Game ထဲက ပတ်၀န်းကျင်အသံတွေမကြားချင်ဘူးဆိုရင် Ambient Audio ကိုပိတ်ထားလို့ရပါတယ်။

                Custom Games ဆိုတဲ့နေရာမှာ Defuse ကိုရွေးလိုက်မယ်ဆိုရင်အလွယ်ပဲ Defuse Map ကိုထောင်ထားတဲ့ Room ကို Auto ရှာပေးပြီးတန်း Join မှာပါ။ Deathmatch ဆိုလည်း အတူတူပါပဲ။ Room Code ဆိုတာကတော့ Scoreboard ရဲ့ ညာဘက် အပေါ်ထောင့်မှာပေါ်နေတဲ့ Room Code ကိုပြောတာဖြစ်ပါတယ်။ အဲ့ Code ရိုက်ထည့်ပြီးတော့လည်း သက်ဆိုင်တဲ့ Room ကို၀င်ရောက်နိုင်ပါတယ်။ 

                Browse ဆိုတဲ့နေရာမှာတော့ လက်ရှိထောင်ထားတဲ့ Room List တွေပေါ်လာမှာပါ။ Filter နေရာမှာတော့ ကိုယ်က ဘယ် Map မှာပဲဆော့ချင်တယ်၊ Cross-Platform Room တွေ (iOS သမားကော Android သမားကော အတူတူ၀င်ပစ်လို့ရတဲ့ Room) ကို ရွေးချယ်နိုင်ပါတယ်။ Host ကတော့သိပ်များများစားစား ပြောစရာလိုတော့မယ်မထင်ပါဘူး။ Max Players ရွေးချယ်လို့ရသလို Cross-Platform Room အနေနဲ့ထောင်မှာလား မထောင်ဘူးလားဆိုတာကိုလည်းရွေးချယ်လို့ရပါသေးတယ်။

                UI ပိုင်းကတော့ အရမ်းရိုးရှင်းလွန်းတာမို့ တခြားဘာမှထွေထွေးထူးထူးရှင်းပြနေစရာတော့ မလိုလောက်ဘူးထင်ပါတယ်။ ထူးခြားတာကလည်း Game ရဲ့ Size ဟာ ထင်သလောက်မများပါဘူး။ 150MB ကျော်ကျော်လောက်ပဲရှိတဲ့ ဒီဂိမ်းလေးမှာ Graphics ကောင်းမွန်ပြီး Feature စုံလင်တာမို့ အတော်လေးသဘောကျပါတယ်။ Graphics နဲ့ Interface ပိုင်းကိုတော့ ကျွန်တော့်အနေနဲ့ အပြစ်ပြောစရာသိပ်မရှိတာမို့ 10/10 Rating ပေးပါတယ်။ 

Sound

                Mobile ဂိမ်းတစ်ခုအနေနဲ့ အသံပိုင်းဆိုင်ရာမှာ များများစားစားပြောစရာတော့သိပ်မရှိပါဘူး။ ခြေသံတွေ၊ သေနတ်ပစ်သံတွေ၊ ဗုံးပေါက်ကွဲသံတွေဟာ သဘာ၀ကျပါတယ်။ တစ်ခုသတိထားမိတာက ခြေသံတွေ ဘယ်နားကလာလဲဆိုတာကို သိပ်မသဲကွဲပါဘူး။ အ၀ေးကနေဆို ဖျော့ရုံလောက်ကြားရပြီး အနားရောက်ရင်အသံကျယ်လာတာကလွဲလို့ တခြား Surround Sound Effect တွေဘာမှမပါ၀င်ပါဘူး။ CT ဒါမှမဟုတ် T ဘက်ကနိုင်သွားတဲ့အခါ ထွက်လာတဲ့အသံတွေ၊ ဗုံးပစ်လိုက်တဲ့အခါ အချင်းချင်းအသိပေးတဲ့အသံတွေ၊ C4 ထောင်ထားရင် C4 ကထွက်လာတဲ့အသံတွေဟာ Counter Strike နဲ့ဆင်တူပါတယ်။ တခြားတော့ များများစားစားပြောစရာမရှိတာကြောင့် အသံပိုင်းဆိုင်ရာအတွက် 7/10 Rating ပေးပါတယ်။

နိဂုံးချုပ်

                ကျွန်တော်တို့ TechX Myanmar ရဲ့ Critical Ops Gaming Review ကိုကြိုက်နှစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂိမ်းကြီးတစ်ခုမဟုတ်ပဲ ပြိုင်ပွဲတွေလည်းများများစားစားမရှိပေမဲ့ အပျော်တမ်းအနေနဲ့ စမတ်ဖုန်းပေါ်မှာ Counter Strike ပစ်လိုသူတွေအတွက် အကြိုက်တွေ့ကြမယ်လို့ထင်ပါတယ်။ ဒီဂိမ်းကို Download ရယူလိုတယ်ဆိုရင်တော့ iOS ဆိုရင် App Store ပေါ်မှာပဲ Free Download ရယူနိုင်ပြီး Android ပေါ်မှာဆိုရင်တော့ Google Play Store ကနေပဲ Free Download ရယူနိုင်ပါတယ်။ 


References
TechX Gaming
About Author
Assinged Tags
Android iOS Android App Android Games iOS Games iOS App Related Counter Strike CS GO Critical Ops First Person Shooter First Person Counter Terrorists Terrorists Critical Force Entertainment Gaming Review App Review
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed