Mobile Game အနေနဲ့ ထွက်ရှိလာတော့မယ့် Legend of Zelda

date_range 15 May 2017

Mobile Game အနေနဲ့ ထွက်ရှိလာတော့မယ့် Legend of Zelda

visibility 300 Views

                Pokemon Go၊ Mario Run နဲ့ Fire Emblem: Heroes စတဲ့ Title တွေနဲ့ Nintendo ဂိမ်းတွေ Mobile ပေါ်ကို ထွက်ရှိခဲ့ပြီးနောက်မှာတော့ အခုအခါ Nintendo uMajor Franchise ဂိမ်းတစ်ခုဖြစ်တဲ့ Legend of Zelda ကိုလည်း Mobile Game တစ်ခုအဖြစ်ဖန်တီးဖို့ စတင်ပြုလုပ်နေပြီလို့ The Wall Street Journal မှ သိရှိခဲ့ရပါတယ်။ 

                ဒီသတင်းနဲ့အတူ The Pokemon Company ကလည်း Card Based ဂိမ်းနောက်တစ်ခု Mobile ပေါ်မှာထုတ်လုပ်လာဖို့အစီအစဉ်ရှိတယ်လို့လည်းသိရပါတယ်။

                Legend of Zeldia ဂိမ်းကို ဘယ်အချိန်မှာထုတ်လုပ်ပေးမလဲဆိုတာလဲ မသိရသေးသလို၊ Mobile ပေါ်မှာ ထုတ်ပေးမယ်လို့ ကြေငြာထားတဲ့ Animal Crossing ဟာလည်း April 2017 မှာထွက်ရှိလာမယ်ဆိုပြီး အခုထိတိုင်အောင် ထွက်လာဖို့ နောက်ကျနေဆဲမို့လို့ ထွက်ရှိလာဖို့လိုပါသေးတယ် လို့လည်း ခန့်မှန်းလို့ရပါတယ်။ 

                Legend of Zelda ဂိမ်းကို Mobile အတွက် Nintendo ရဲ့ Mobile Game Partner ဖြစ်တဲ့ ဂျပန်ဂိမ်း Developer “DeNA” က ကူညီရေးသားပေးမှာပါ။ WSJ (Wall Street Journal) က Legend of Zelda Mobile နဲ့ ပတ်သတ်ပြီး  Nintendo ကော DeNA  ကိုကော မေးမြန်းခဲ့ပေမယ့်၊ နှစ်ဖက်လုံးက ဘာမှပြန်လည်ပြောကြားခြင်းမရှိခဲ့ပါဘူး။ Gameplay ကလည်း ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ မသိသေးပါဘူး။ Mario Run တုန်းကတော့ Free-To-Play အနေနဲ့ အစပိုင်းအခန်းတွေကို ဆော့စေပြီး အခန်းအကုန်လုံး Unlock ပွင့်ဖို့ကို $10 အနေနဲ့ ရောင်းချခဲ့ပါတယ်။ 

                Nintendo အနေနဲ့ Mobile Game တွေလုံး၀ မထုတ်လုပ်ဘူးလို့ပြောခဲ့ပေမဲ့ March 2015 ကနေ စတင်ပြီး Mobile Game တစ်ခုပြီးတစ်ခု Launch လုပ်ဖို့ စတင်ခဲ့ပါတယ်။ Miitomo ကို First Release အနေနဲ့ Mobile မှာထွက်ရှိလာပြီးတဲ့နောက် Nintendo ဟာ Mobile ဖုန်း Platform မှာ လူသိပိုများလာခဲ့ပါတယ်။ Nintendo ဟာ Mobile Games တွေထုတ်လုပ်လိုက်တာအတွက် ထင်သလောက် စီးပွားရေးအကျိုးအမြတ်များစွာ မရရှိခဲ့ပေမဲ့လို့ $176.4 million လောက်အထိ ၀င်ငွေရှိခဲ့တယ်လို့ WSJ က ထောက်ပြခဲ့ပါတယ်။ 

                Legends of Zelda နဲ့ Pokemon Card Game တို့ဟာ Animal Crossing နောက်မှ ထွက်ရှိလာမှာမို့လို့ စောင့်ဆိုင်းရဖွယ်ရှိပေမဲ့ Nintendo ဟာ Mobile Games တွေတစ်ခုပြီးတစ်ခု ကတိအတိုင်း မိတ်ဆက် ပေးခဲ့တာမို့လို့ ထွက်လာဖို့ကတော့ ရာခိုင်နှုန်းပိုများပါတယ်။ 

References
Gamespot
About Author
Assinged Tags
Nintendo Android App Android Games iOS Games Mobile Game Mobile Gaming Related News iOS App Related Legend of Zelda Related Wall Street Journal
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed