ဒီနေ့မှာ ၃၁ နှစ်ပြည့်ခဲ့တဲ့ The Legend Of Zelda Franchise

date_range 21 February 2017

ဒီနေ့မှာ ၃၁ နှစ်ပြည့်ခဲ့တဲ့ The Legend Of Zelda Franchise

visibility Views

                ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ Nintendo က Open World Elements တွေအစောဆုံးပါဝင်တဲ့ ပထမဆုံး Legend Of Zelda Game ကို Famicon Disk System အတွက် Japan မှာ Floppy Disk နဲ့ စတင်ထွက်ရှိခဲ့ပါတယ်။ Famicon Disk System ဆိုတာ Nintendo Entertainment System ( ကျနော်တို့အခေါ် Family ဂိမ်းစက်တွေမှာ ထပ်မံတပ်ဆင်ကစားရတဲ့ Add-on တစ်ခုဖြစ်ပြီး၊ ရိုးရိုးကတ်ထရစ်အခွေအစား Floppy Disk ထည့်ကစားနိုင်တဲ့စက်ဖြစ်ပါတယ်။)

                ပထမဆုံး Legend of Zelda ဂိမ်းရဲ့ Size က 128 KB ရှိပြီး အဲ့တုန်းက Floppy Disk တွေရဲ့ Data သိုလှောင်နိုင်စွမ်းရည်ကို အဆုံးအစွန်ထိသုံးဆွဲထားတဲ့ ကြီးမားတဲ့ RPG တစ်ခုပါ။ ဒီ Game ကိုတော့ Nintendo က မအောင်မြင်လောက်ဘူးလို့မှန်းထားခဲ့ပေမယ့် အကြီးအကျယ်အောင်မြင်မှုရရှိခဲ့တဲ့ဂိမ်းတစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီဂိမ်းကို အမေရိကပရိတ်သတ်တွေအတွက် ၁၉၈၇ ခုနှစ် သြဂုတ်လမှာ ကတ်ထရစ်အခွေနဲ့ ထပ်မံထုတ်ပေးခဲ့ပါတယ်။

                Fun Fact : The Legend Of Zelda Franchise ဟာ Guiness  စံချိန်တင်ထားတဲ့ ပထမဆုံး ဓာတ်ခဲ က Power ကိုအသုံးပြုပြီး Save မှတ်နိုင်တဲ့ Feature ကို ပထမဆုံးပါဝင်ထည့်သွင်းနိုင်တဲ့ ဂိမ်းဖြစ်ပြီး  သက်တမ်းအရှည်ဆုံး Franchise တစ်ခုအဖြစ် စံချိန်တင်ထားပါတယ်။ 


References
Today In Tech History Famicom Disk System - Gaming Historian
About Author
Assinged Tags
Nintendo
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed