မတ်လ ၂၃ ရက်နေ့မှာ Android အတွက် ထွက်ရှိလာတော့မယ့် Super Mario Run

date_range 19 March 2017

မတ်လ ၂၃ ရက်နေ့မှာ Android အတွက် ထွက်ရှိလာတော့မယ့် Super Mario Run

visibility 100 Views

                iOS မှာ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက ထွက်ရှိထားတဲ့ Nintendo ရဲ့ Super Mario Run ဂိမ်းဟာ နောက်ဆုံးမှာတော့ Play Store ပေါ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

                မိုဘိုင်းဂိမ်းတွေအပေါ် အာရုံစိုက်လာတဲ့ Nintendo ဟာ ဖေဖော်ဝါရီလအစောပိုင်းတုန်းကလည်း Fire Emblem: Heroes ဆိုတဲ့ Tactical-RPG ဂိမ်းတစ်ခုကို Android အတွက်ကော iOS အတွက်ပါ ထုတ်ပေးခဲ့ပါသေးတယ်။

                Nintendo America ရဲ့ Twitter အကောင့်မှာ Android အတွက် Super Mario Run ကို မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပေးသွားမှာဖြစ်ကြောင်း အတည်ပြုရေးသားထားပြီး၊ Android မှာ Version 2.0.0 နဲ့ စတင်ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထွက်ရှိတဲ့အခါ ဦးဦးဖျားဖျား ဆော့ကစားချင်သူတွေအနေနဲ့ ယခု Link မှာ Pre-Register လုပ်ထားနိုင်ပါတယ်။

                Super Mario Run ဂိမ်းဟာ ကျနော်တို့အကုန်နီးပါးဆော့ကစားဖူးတဲ့ “Temple Run” တို့ “Subway Surfers” တို့လို အဆုံးအစမရှိပြေးနေရတဲ့ Endless Running Game အမျိုးအစား ဖြစ်ပြီး၊ အရမ်းကြီး ထူးခြားမှုတော့ မရှိပါဘူး။ ဒါပေမယ့် တစ်ခုမိုက်သွားတာက အရင် Super Mario Bros. ဂိမ်းစီးရီးက Levels တွေ ပုံစံအတိုင်း လုပ်ထားတာကြောင့်၊ Mario ဂိမ်းပရိတ်သတ်တွေအနေနဲ့ ကိုယ်ချာတိတ်တုန်းက အမှတ်ရစရာ Memory လေးတွေကို ပြန်လည်ခံစားရင်း ဆော့နိုင်မှာပါ။

                Super Mario Run ဟာ iOS မှာ ထွက်ကတည်းက လူကြိုက်များခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး၊ အခုအချိန်ထိ Download အကြိမ်အရေအတွက်ပေါင်း ၇၈ သန်းတောင် ရရှိထားတာကြောင့် Android users တွေအနေနဲ့လည်း စမ်းဆော့သင့်တဲ့ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
Gaming News Android Nintendo Super Mario Run
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed