Injustice 2  မှာ ပါဝင်လာမယ့် Firestorm The Nuclear Man

date_range 18 March 2017

Injustice 2 မှာ ပါဝင်လာမယ့် Firestorm The Nuclear Man

visibility 100 Views

                DC ရဲ့ Justice League Comics တွေ စဖတ်ဖြစ်တဲ့အချိန်မှာ ကျနော့်စိတ်ကိုဆွဲဆောင်နိုင်တဲ့ Character တစ်ယောက်က Firestorm ဗျ။ ဒါပေမယ့် DC Comics ရဲ့ Series တွေ Comics တွေထဲမှာ Firestorm ကနေရာသိပ်ရပဲ Marvel ရဲ့ Human Torch Copy လို့တောင်ထင်နေကြတယ်။ ဒါပေမယ့် အခုဆိုရင်တော့ Injustice 2 ထဲမှာပါလာပြီးတော့ Trailer မှာတင်တော်တော်ကြမ်းပြနေပြီဗျ။ Trailer ကိုတော့ဒီစာပိုဒ်အောက်မှာကြည့်ရှူနိုင်ပါတယ်။




                ဒီ Firestorm ကတော့ The Flash Series နဲ့ Green Arrow ထဲက Firestorm ဖြစ်တဲ့ Ronnie Raymond နဲ့ Professor Stein တို့ရဲ့ Firestorm မဟုတ်ပဲ Jason Rusch နဲ့ Professor Stein တို့ရဲ့ Firestorm ပါ။ Firestorm ဆိုတဲ့ ဒီ Character ဟာ DC Comics Universe ထဲကို မတ်လ ၁၉၇၈ ကစတင်ဝင်ရောက်ခဲ့ပါတယ်။

                Firestorm ရဲ့ အဓိက Power က သူကိုယ်တိုင်က Fire Elemental Energy ဖြစ်တဲ့အပြင် အရာဝတ္ထုတွေရဲ့ Atom တည်ဆောက်ပုံကိုသူလိုသလိုပြောင်းလဲနိုင်တာမျိုးဗျ။ သူ့အနေနဲ့ သံ တစ်တုံးကို ရွှေတုံးတစ်တုံးဖြစ်အောင်ပြောင်းလဲနိုင်တယ်။ ဒီ Gameplay Trailer သူ့ရဲ့ မီးနဲ့သက်ဆိုင်တဲ့ Attack တွေ Move Set တွေအပြင် သူ့ရဲ့ တစ်ခြား Form တစ်ခုဖြစ်တဲ့ Deathstorm Form ကိုပါဖွင့်ပြသွားပါတယ်။ ဒီ Deathstorm Form ကတော့ Activate လုပ်ရတဲ့ Character Trait တစ်ခုဖြစ်မယ်ထင်ပါတယ်။

                ( P.S ဒီ Trailer မှာတော့ Gotham Stage မှာ ကစားတဲ့အချိန် Firestorm က Catwoman ကို မြောင်းထဲကန်ချလိုက်တဲ့အချိန်မှာ Killer Croc ကိုတွေ့ရမှာပါ။ Killer Croc ကိုတော့ ဒီ Injustice 2 မှာ ကစားလို့ရတဲ့ Character အဖြစ်ပါလာမလား ဒါမှမဟုတ် Environmental သက်သက်ပဲလားဆိုတာတော့မသေချာသေးပါဘူး။ )

               Injustice 2 ကိုတော့ PS4 , Xbox One နဲ့ PC တို့မှာ မေ လ ၁၆ ရက်နေ့မှာထွက်ရှိလာမှာပါ။
References
TechX Gaming
About Author
Assinged Tags
Microsoft PlayStation PC Coming Soon Xbox One Injustice
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed