Battlefield 1 ရဲ့ ပထမဆုံး Expansion ဖြစ်တဲ့ They Shall Not Pass ဟာမနက်ဖြန် March လ ၁၄ ရက်နေ့မှာထွက်ရှိလာမှာပါ။ Battlefield 1 ရဲ့ Premium Pass Edition ကိုဝယ်ယူထားတဲ့ Player တွေအတွက်တော့ ဒီ Expansion ဟာ DLC အနေနဲ့ Download ဆွဲရယူနိုင်မှာပါ။
ဒီ Update ကို Battlefield 1 ရဲ့ Developer ဖြစ်တဲ့ Dice က Update ကိုဘယ်အချိန်မှာ မလဲနဲ့ Sever က ဘယ်အချိန်ထိ Down နေမလဲဆိုတာကို ဒီလိုဖော်ပြခဲ့ပါတယ်။
Battlefield 1 ကို PC မှာ ဒီနေ့၊ နေ့လည် တစ်နာရီခွဲမှာလွှင့်တင်မှာဖြစ်ပြီး PlayStation 4 မှာတော့ ညနေ ၃နာရီခွဲနဲ့ Xbox One မှာတော့ ၅နာရီခွဲမှာ ရောက်ရှိလာမှာပါ။ ဒီ Update လွှင့်တင်နေတဲ့အချိန်ကစပြီးနောက်တစ်နာရီအတွင်းမှာ Multiplayer Sever တွေက Down နေမှာပါ။
ဒီ Update ဟာ Battlefield ရဲ့ Winter Update အပြီးမှာထွက်ရှိလာပြီး အဲ့ Update မှာပါလာတဲ့ Bug တွေလဲ ဒီ Update မှာ ပြင်ဆင်ပေးသွားမယ်လို့သိရပါတယ်။
Battlefield 1 ရဲ့ They Shall Not Pass Update မှာတော့ ပြင်သစ်တပ်ဖွဲ့နဲ့ ပြင်သစ်မှာအခြေခံထားတဲ့ Map အသစ် ၄ ခု ၊ လက်နက်အနည်းငယ်ရယ် Behemoth လို့ခေါ်တဲ့ Special ယှဥ် တစ်စီးအပြင် Frontline လို့ခေါ်တဲ့ Laser Tag Mode တစ်ခုပါပါလာမှာပါ။
ဒီ Update ဟာ ဒီလ ၂၈ ရက်နေ့အထိ တော့ Battlefield 1 ရဲ့ Premium Pass ကို ဝယ်ယူထားတဲ့ User တွေအတွက်ပဲ ရယူနိုင်မှာဖြစ်ပြီး အဲ့နောက်ပိုင်းတော့ လူတိုင်းဝယ်ယူနိုင်မှာဖြစ်ပြီး ဝယ်ယူလို့ရမယ့် စျေးနှုန်းကိုတော့မသိရသေးပါဘူး။ They Shall Not Pass ရဲ့ Official Trailer ကိုတော့ ဒီအောက်မှာကြည့်ရှူနိုင်မှာပါ။
Join Us On