ကိုယ်ပိုင် Desktop App အသစ်တစ်ခု ပြုလုပ်နေတဲ့ Twitch

date_range 12 March 2017

ကိုယ်ပိုင် Desktop App အသစ်တစ်ခု ပြုလုပ်နေတဲ့ Twitch

visibility 100 Views

                မတ်လ ၈ ရက်နေ့တုန်းက Pulse ဆိုတဲ့ Gamer များအတွက်သီးသန့် Social Media လေးတစ်ခုကို မိတ်ဆက်ခဲ့တဲ့ Twitch ဟာ ကိုယ်ပိုင် Desktop App အသစ်တစ်ခု ပြုလုပ်နေပြန်ပါပြီ (Pulse အကြောင်းကို ဒီလင်ခ့် မှာဖတ်ရှုနိုင်ပါတယ်)။

                Desktop App အသစ်လို့ဆိုပေမယ့် အရင်ရှိပြီးသား App ကိုပဲ ပြန်လည်ပြုပြင်မွမ်းမံပြီး အသစ်တစ်ခုဖြစ်အောင် ပြုလုပ်မှာဖြစ်ပါတယ်။ မနှစ်တုန်းကမှ Curse ဆိုတဲ့ Gaming Chat App လေးကို Twitch က ဝယ်ယူခဲ့ပြီး ဒီနှစ်မှာတော့ Curse ကို Twitch ရဲ့ တရားဝင် Product တစ်ခုအနေနဲ့ ပြန်လည်မိတ်ဆက်မှာပါ။ 

                အသစ်ထွက်ရှိလာမယ့် Twitch ရဲ့ Desktop App မှာ Curse ရဲ့မူရင်း Tool တွေဖြစ်တဲ့ Screen Sharing, Voice and Video Chat, Community Server အပြင် Mod Tool တွေလည်း ပါရှိဦးမှာပါ။ ဒီ့အပြင် Pulse လည်းပါဝင်လာမှာ ဖြစ်ပါတယ်။  

                Gamer တွေအချင်းချင်း Game အကြောင်းတွေ ပြောလို့ရမယ့်အပြင် Whispers ဆိုတဲ့ Private Messaging Tool လေးလည်း ပါဝင်လာပြီး Twitch ရဲ့ Game Download Store ကိုလည်း Support ပေးသွားမှာပါ။ 

                အသစ်ပြုလုပ်ထားတဲ့ Desktop App ဟာ လာမယ့်မတ်လ ၁၆ ရက်နေ့မှာ Beta Version ထွက်ရှိမှာဖြစ်ပြီး အရင် Curse ကိုအသုံးပြုနေဆဲဖြစ်တဲ့ Gamer တွေလည်း Update လုပ်လို့ရမှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Gaming News Twitch Gaming Social Media Pulse Curse Whispers Desktop App
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed