Castlevania Game Series ကို Animated Series အဖြစ်အသက်သွင်းမယ့် Netflix

date_range 17 February 2017

Castlevania Game Series ကို Animated Series အဖြစ်အသက်သွင်းမယ့် Netflix

visibility Views

                Vampire/Dracula စတဲ့ Dark Magical Theme ကို နောက်ခံထားတဲ့ Konami ရဲ့ R-rated Action RPG Game Franchise တစ်ခုဖြစ်တဲ့ Castlevania Series ကို ဒီနှစ် ၂၀၁၇ မှာ Netflix က Animated Series အနေနဲ့ ရိုက်ကူးပြသသွားမယ်လို့သိရပါတယ်။

                အဲ့ဒီ့ သတင်းကိုတော့ New York မှာ ပြုလုပ်ခဲ့တဲ့ The Network’s Upcoming Slate Of New Series Event အပြီးမှာ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒီ Animated Series ရဲ့ Director ဘယ်သူဖြစ်မလဲဆိုတာကို Netflix က ကြေငြာထားချင်းမရှိသေးပေမယ့် action ရုပ်ရှင်တစ်ခုဖြစ်တဲ့ Dredd ရဲ့ ထုတ်လုပ်သူ Adi Shankar က ပါဝင်လုပ်ဆောင်မှာ ဖြစ်ပြီး Iron Man Extreme , Transmetropolitan စတဲ့ Comics တွေကိုရေးသားခဲ့တဲ့ Warren Ellis က အခုဆိုရင် Season 1 အတွက် ဇာတ်လမ်းရေးပြီးပြီလို့သိရပါတယ်။

                ပထမဆုံး Castlevania Game ကိုတော့ ၁၉၈၆ မှာစထွက်ခဲ့ပြီး နောက်ဆုံး Castlevania Game ကိုတော့ ၂၀၁၄ ခုနှစ်မှာ PC , Playstation 3 နဲ့ Xbox 360 တို့အတွက်ထွက်ရှိခဲ့ပြီး အခုပြသတော့မယ့် Series မှာတော့ Game တစ်ခုခုရဲ့ ဇာတ်လမ်းကိုပြန်ယူမလား ဇာတ်လမ်းအသစ်ပြန်ရေးဆွဲမှာလားဆိုတာကိုတော့မကြေငြာသေးပါဘူး။

References
Polygon
About Author
Assinged Tags
Gaming News
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed