Valentine’s Day နေ့မှာ ထွက်ရှိလာမယ့် For Honor

date_range 13 February 2017

Valentine’s Day နေ့မှာ ထွက်ရှိလာမယ့် For Honor

visibility Views

           ဒီ Game ကို တော့ နာမည်ကြီး Game တွေဖြစ်တဲ့ Far Cry Series, Assassin's Creed တို့ကိုထုတ်လုပ်ထားတဲ့ Ubisoft က ထုတ်ထားပြီး PC, PS4 နဲ့ Xbox One တို့မှာ ကစားနိုင်မယ့် Action-Hack & Slash Game တစ်ခုဖြစ်ပါတယ်။


Combat System

            Game ရဲ့ Combat System ကိုတော့ Developer တွေက The Art Of Battle လို့ နာမည် ပေးထားပြီးတော့ Top (အပေါ် ), Left (ဘယ်) , Right (ညာ) ဆိုတဲ့ Stance သုံးခုနဲ့ Attack (တိုက်ခိုက်မှု) တွေ Block (ကာကွယ်မှု) တွေ လုပ်ရမှာပါ။ ဥပမာ Attack Button ကို နှိပ်တဲ့အချိန်မှာ ကိုယ့် Stance က Right ဖြစ်နေရင် ကိုယ့် Character က ညာဘက်ကနေ တိုက်ခိုက်မှာပါ။ အဲ့ဒီ့တိုက်ခိုက်ချက်ကို ရန်သူက ကွာကွယ်မယ်ဆိုရင် Block Button ကိုနှိပ်ပြီး ညာဘက် Stance ကိုပြောင်းပြီး ကာကွယ်ရမှာပါ။

[တစ်ကယ့် အပြင်က Martial Arts Fight တွေလိုပေါ့၊ သူက ညာဘက်ကနေချရင် ကိုကညာဘက်နဲ့ကာမယ်ပေါ့။ ]

Story

            Game ရဲ့ Single Player ဇာတ်လမ်းမှာတော့ ရှေးခတ် (Medieval) ဇာတ်အိမ်ကို အခြေခံထားပြီး၊ သဘာ၀ကပ်ဘေးဒုက္ခ တစ်ခုကျရောက်ပြီးနောက် အစာရေစာ (Resource) တွေ ရှာပါးနေတဲ့အချိန်မှာ စစ်ဘုရင် Apollyon က Faction ၃ ခု ဖြစ်တဲ့ The Legion, The Warborn နဲ့ The Chosen တို့အား အတွင်းစစ်ဖြစ်အောင် လုပ်ဆောင်ထားပြီး၊ Player အနေနဲ့ Faction ၃ ခုထဲက တစ်ခုကိုရွေးခြယ်ပြီး မိမိ Faction အတွက် စစ်သူရဲကောင်း တစ်ယောက်နေရာက ဆော့ကစားရမှာပါ။

Gameplay

            Samurai တွေဖြစ်တဲ့ The Chosen၊ သံချပ်ကာဝတ်သူရဲကောင်း (Knights) တွေဖြစ်တဲ့ The Legion တို့အပြင်၊ Viking တွေဖြစ်တဲ့ (The Warborn) စတဲ့ တပ်ဖွဲ့ သုံးခုကနေပြီး Class ၃ မျိုးကို ရွေးခြယ်ပြီး Story ကစားနိုင်မယ့် Single Player Mode နဲ့ 1 Vs 1 , 2 Vs 2 နဲ့ 4 Vs 4 စတဲ့ Player Vs Player ကစားနိုင်မယ့် Multiplayer Mode တို့ပါ၀င်လာမှာဖြစ်ပြီး၊

The Chosen (Samurai) မှာဆိုရင်

  1. Nodachi လို့ခေါ်တဲ့ လူတစ်ရပ်ကျော်တဲ့ Japan ဓားအရှည်ကို ကိုင်တဲ့ The Chosen  ရဲ့ Vanguard Class ဖြစ်တဲ့ Kensei
  2. Kanabo လို့ခေါ်တဲ့ တင်းပုတ်ကိုကိုင်ပြီး The Chosen ရဲ့  Heavies Class ဖြစ်တဲ့ Shugoki
  3. ဂျပန် Katana ကိုင်ပြီး Ninja Ability တွေ သုံးနိုင်တဲ့ The Chosen ရဲ့ Assassin Class ဖြစ်တဲ့ Orochi
  4. Naginnata လို့ခေါ်တဲ့ လက်နှက်ကို ကိုင်ပြီး Attack Range ကျယ်တဲ့ The Chosen ရဲ့ Hybrid Class ဖြစ်တဲ့ Nobushi

The Warborn (Vikings) မှာဆိုရင်

  1. လက်နှစ်ဖက်နဲ့ ကိုင်တွယ် ရတဲ့ ပုဆိန် ကိုင်တွယ်တဲ့ The War တွေရဲ့ Vanguard Class ဖြစ်တဲ့ Raider
  2. ဓားနဲ့ ဒိုင်းကို ကိုင်တွယ်တဲ့ The Warborn ရဲ့ Heavies Class ဖြစ်တဲ့ Warlord
  3. ပုဆိန်နှစ်လက်ကိုင်တွယ်တဲ့ The Warborn ရဲ့ Assassin Class ဖြစ်တဲ့ Berserker
  4. ဒိုင်းနဲ့ လှံကို ကိုင်တွယ်တဲ့  The Warborn ရဲ့ Hybrid Class ဖြစ်တဲ့ Valkyries

The Legion (Knights) မှာဆိုရင်

  1. ဓားရှည်တွေကိုင်တွယ်တဲ့ The Legion ရဲ့ Vanguard Class ဖြစ်တဲ့ Warden
  2. ဒိုင်းနဲ့  Flail (ဆူးချွန်တွေပါတဲ့ သံလုံးကို လက်ကိုင်နဲ့ သံကြိုးနဲ့ ဆက်ထားတဲ့) ကို ကိုင်တွယ် တဲ့ The Legion ရဲ့ Heavies Class ဖြစ်တဲ့ Conqueror
  3. ဓားနှစ်လက်ကိုင်ဆောင်တဲ့ The Legion ရဲ့ Assassin Class ဖြစ်တဲ့ Peacekeepers
  4. Poleaxe (လက်ကိုင်ရှည်ပုဆိန်) ကိုကိုင်တွယ်တဲ့ The Legion ရဲ့ Hybrid Class ဖြစ်တဲ့ Lawbringer

                စတဲ့ Faction ၃ ခု အတွက် Class လေးခုစီ ပါဝင်လာမှာဖြစ်ပြီး Vanguard Class မှာဆိုရင် Defense နဲ့ Attack က Balance ဖြစ်မှာပါ။ Heavies မှာတော့ Attack Speed နှေးမယ် Defense Rating များသွားပါမယ်။

               Assassins တွေကတော့ Speed မြန်မယ်။ Damage များမယ် ဆိုပေမယ့် Defense ကနည်းသွားမှာပါ။ နောက် Hybrid တွေကတော့ ကျန်တဲ့ Class တွေ ရဲ့ အားသာချက် အားနည်းချက်တွေကို ပေါင်းစပ်ထားပြီးတော့ အများအားဖြင့်တော့ Defense Rating နည်းပြီး Weapon Range ကျယ်တာများပါတယ်။

References
Ubisoft
About Author
Assinged Tags
Gaming News
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed