Overwatch မှာ အစမ်းကစားနိုင်တော့မယ့် Hero အသစ် Orisa

date_range 03 March 2017

Overwatch မှာ အစမ်းကစားနိုင်တော့မယ့် Hero အသစ် Orisa

visibility Views

                Blizzard Entertainment ဟာ ဒီနေ့မှာ Overwatch ရဲ့  ၂၄ ယောက်မြောက် Hero ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Omnic Robot တစ်ခုဖြစ်တဲ့ ဒီ Hero ရဲ့နာမည်က Orisa ဖြစ်ပြီး အခုဆိုရင် Public Test Realm မှာအစမ်းကစားနိုင်ပြီလို့သိရပါတယ်။

                PC Player တွေဆိုရင် ဒီ Hero ကိုစမ်းသပ်ကစားနိုင်ဖို့ Public Test Realm ကို Update လုပ်ပေးသွားရမှာပါ။ ဒါပေမယ့် Console တွေဖြစ်တဲ့ PS4 နဲ့ Xbox One မှာတော့ကစားလို့မရသေးဘူးလို့သိရပါတယ်။

                လွန်ခဲ့တဲ့အပတ်က ပဲစတင်ကြေငြာခဲ့တဲ့ Orisa လို့ခေါ်တဲ့ Omnic Robot တစ်ယောက်ဟာ  Numbani လို့ခေါ်တဲ့ နေရာကလာတဲ့ စက်ရုပ် Peacekeeper တစ်ယောက်ပါ။ Orisa ရဲ့ Type ကတော့ Defensive ဘက်ရောက်ပြီး Tank Hero လို့ပြောရင်မမှားပါဘူး။ သူ့ရဲ့ အဓိက Spell က ရန်သူဘက်ကနေပစ်ခတ်လိုက်တဲ့ Attack တွေကို Shield Barrier တွေချပြီး ကာကွယ်ပေးနိုင်တဲ့ Spell မျိုးပါ။ Ultimate ကတော့ ကိုယ့်ဘေးနားက ကိုယ့် Team Mate တွေကို Buff ပေးနိုင်မယ့် Spell ပါ။ ကျန်တဲ့သူ့ရဲ့ Power တွေ Move Set တွေကလဲ Defensive Style ဘက်ရောက်တယ်လို့သိရပါတယ်။

                Orisa ကို Omnic Robot တွေက လူတွေကိုတော်လှန်တဲ့ ကာလဖြစ်တဲ့ Omni Crisis ဆိုတဲ့ကာလမှာ အသက် ၁၁ နှစ်သာရှိသေးတဲ့ ပါရမီရှင် Efi Oladele က ပျက်စီးနေတဲ့ Orisa ဆိုပြီးဖြစ်လာမယ့် ဒီ စက်ရုပ်ကလေးကို ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။ Efi ကို မိတ်ဆက်ပေးပြီးသိပ်မကြာခင်မှာပဲ Overwatch Fan တွေက Eli နဲ့ပတ်သက်တဲ့ စက်ရုပ် Hero တစ်ယောက်ပါလာမယ်လို့ ခန့်မှန်းခဲ့ကျပါတယ်။ Blizzard ရဲ့ Orisa နောက်ကြောင်းကိုရှင်းပြတဲ့ Animated Video မှာဆိုရင်လဲ Efi နဲ့ Orisa ရဲ့ သံယောဇဥ် ကိုအခိုင်အမှာဖော်ပြထားခဲ့ပါတယ်။




References
Polygon
About Author
Assinged Tags
Microsoft Blizzard Windows Retina Display Playstation 4 Xbox One
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed