The Elder Scrolls Online အတွက် Expansion Pack အသစ်ဖြစ်လာမယ့် Morrowind

date_range 14 February 2017

The Elder Scrolls Online အတွက် Expansion Pack အသစ်ဖြစ်လာမယ့် Morrowind

visibility Views

                အမေရိကန်ဗီဒီယိုဂိမ်းကုမ္ပဏီ Bethesda ဟာ MMO Game တစ်ခုဖြစ်တဲ့ The Elder Scrolls Online ရဲ့ Expansion Pack အသစ် Morrowind ကို ဂျွန်လ ၆ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ကြောင်း အင်္ဂါနေ့က ကြေငြာလိုက်ပါတယ်။

                Windows, Mac, PlayStation 4 နဲ့ Xbox One ပလက်ဖောင်းအားလုံးအတွက် တစ်ရက်တည်းမှာ ဖြန့်ချိမှာဖြစ်ပြီး၊ ဂိမ်း Developer ZeniMax Online Studios ရဲ့ ပြောကြားချက်အရ The Elder Scrolls Online : Morrowind မှာ ကစားချိန်စုစုပေါင်း နာရီ ၃၀ ကျော်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

                ဒီ့အပြင် ယခု Expansion Pack မှာ Player တွေအနေနဲ့ The Elder Scrolls III : Morrowind ရဲ့ အဓိကနေရာတွေဖြစ်တဲ့ Vvardenfell, Seyda Neen, The Ashlands နဲ့ ဆောက်လက်စမြို့တော် Vivec City စတဲ့ နာမည်ကြီးနေရာတွေကို Explore လုပ်ပြီး Quest တွေလုပ်ဆောင်နိုင်မှာပါ။


                စိတ်ဝင်စားစရာကောင်းတဲ့ Update နောက်တစ်ခုကတော့ The Warden ဆိုတဲ့ Player Class အသစ်တစ်မျိုးပါဝင်လာမှာဖြစ်ပြီး၊ Nature Based Magic တွေအသုံးပြုကာ Animal Companion အသစ်ဖြစ်တဲ့ War Bear တစ်ကောင်ကို Summon လုပ်နိုင်မှာပါ။

                Battlegrounds လို့ခေါ်တဲ့ 4 vs 4 PVP Mode တွေပါ ပါဝင်လာမယ့် Morrowind Expansion အသစ်ရဲ့ စျေးနှုန်းကတော့ ၃၉.၉၉ ဒေါ်လာဖြစ်ပြီး၊ ယခု Update ကော Base Game ပါ ပါဝင်မယ့် The Standard Edition ကို ဝယ်ယူမယ်ဆိုရင်တော့ ၅၉.၉၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။


References
Polygon Kotaku
About Author
Assinged Tags
RPG
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed