Character ပေါင်း ၁၀၀ ကျော် အသစ်ပါဝင်လာမယ့် Skyrim ရဲ့ Romace Overhaul Mod

date_range 22 March 2017

Character ပေါင်း ၁၀၀ ကျော် အသစ်ပါဝင်လာမယ့် Skyrim ရဲ့ Romace Overhaul Mod

visibility 250 Views

            Elder Scrolls : V ဖြစ်တဲ့ Skyrim ဆိုတဲ့ Game ဟာ RPG Elements တွေအပြည့်ပါပြီး Gameplay တွေကအစ ပြောစရာမလိုလောက်အောင်ကောင်းတဲ့ Game တစ်ခုဆိုတာကို Western RPG Gamer တွေအကုန်လုံး သိရှိပြီးသားပါ။ ဒါပေမယ့် Gamer တွေအကုန်လုံးကို Feel အောက်စေပြီး လုံးဝ မပြည့်စုံဘူးလို့ ခံစားစေရတဲ့ Feature တစ်ခုရှိပါတယ်။ Romance နဲ့ Marriage ဖြစ်ပါတယ်။

            ထားပါတော့။ Skyrim ထဲမှာ NPC Character တစ်ယောက်ကိုရွေးခြယ်ပြီး လက်ထပ်ယူလို့ရပါတယ်။ NPC Character ဆိုတာကလဲ ရတဲ့ Character တွေပဲရတာပါ Character တွေတိုင်းတော့မရပါဘူး။ Character တစ်ယောက်ကိုလက်ထပ်မယ်ဆိုရင် သူတို့ရဲ့ Mini-Quest လေးတစ်ခုလုပ် ပြီးရင် Riften လို့ခေါ်တဲ့မြို့ က Maramal ဆိုတဲ့ NPC ကို Gold ၂၀၀ လောက်ပေးပြီး Amulet Of Mara လို့ခေါ်တဲ့ ဆွဲကြိုး တစ်ကုံးဝယ် ဝတ်ပြီး ခုနက ကိုယ်လက်ထပ်ချင်တယ်ဆိုတဲ့ NPC ကိုသွားစကားပြောလိုက်ပါ။ ပြီးရင်နောက် နေ့တစ်နေ့မှာ Riften ကိုသွားပြီး Temple Of Mara ထဲဝင်လိုက်ပါ။ အဲ့လိုဆို သင့်အနေနဲ့ မိန်းမ တစ်ယောက်ရပါပြီ။

            အိမ်တစ်လုံးရှိမှ လက်ထပ်ယူလို့ရမှာဖြစ်ပြီး အိမ်တွေ သုံးလေးလုံးလောက်ရှိတယ်ဆိုရင်တော့ Player ယူမယ့်  NPC က ဘယ်အိမ်မှာနေမလဲဆိုတာ Wedding ပြီးတဲ့အချိန်မှာရွေးပေးရမှာပါ။ ပြောရရင်တော့ Skyrim ရဲ့ Romance System က တော်တော်ကိုအဖြစ်ဆန်ပါတယ်။ အခုဆိုရင်တော့ Modder တွေက Romance Option ကိုတိုးချဲ့ဖို့ Mod တစ်ခု ရေးသားနေကျပါတယ်။ ထွက်လဲထွက်ရှိပြီးပါပြီ။ ဒီ Mod ကိုတော့ ဒီ  လင့်ခ် မှာ Download ဆွဲရယူနိုင်မှာပါ။

            ဒီ Mod မှာတော့ Character အသစ်ပေါင်း ၁၀၀ ကျော်နဲ့ အသံ သရုပ်ဆောင် ပေါင်း ၁၇ ယောက်ကိုသုံးပြီး Character အကုန်လုံးကို Fully Voiced လုပ်ထားပြီးပါ။ အခုမှာဆိုရင်တော့ Female Character ကိုဆော့ကစားတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ။ ဘာလို့လဲဆိုတဲ့ အသစ်ပါလဲတဲ့ လက်ထပ်ရယူလို့ရမယ့် NPC တွေက ယောကျာ်းလေး Character တွေမို့ပါ။ အခုဆိုရင် Mod က Version 2.0 ထိ ထွက်ရှိထားပြီးဖြစ်ပြီးနောက်ထပ် Version 3.0 လဲထွက်ရှိလာမယ်လို့သိရပါတယ်။ ဒီ Mod ရဲ့ Trailer Video ကိုတော့ ဒီစာပိုဒ်အောက်မှာ ကြည့်နိုင်မှာပါ။




References
Skyrim Romance Kotaku
About Author
Assinged Tags
RPG Gaming News The Elder Scroll PlayStation PC Games The Elder Scrolls
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed