Middle Earth : Shadow Of War ရဲ့ DLC နဲ့ Expansion Pack တွေအကြောင်း

date_range 01 March 2017

Middle Earth : Shadow Of War ရဲ့ DLC နဲ့ Expansion Pack တွေအကြောင်း

visibility 20 Views

                Middle Earth : Shadow Of War ထွက်လာမယ်လို့ကြေငြာပြီးနာရီအနည်းငယ်မှာပဲ ထွက်ရှိလာမယ့် Game အတွက် Expansion တွေ DLC ရဲ့ အကြောင်းစုံကိုကြေငြာခဲ့ပါတယ်။

                သြဂုတ်လမှာထွက်ရှိလာမယ့် Middle Earth : Shadow Of War ကို Pre-order မှာယူချင်တယ်ဆိုရင် သင့်အနေနဲ့ရွေးချယ်စရာ ၄ ခုရှိလာမှာပါ။ 
ပထမဆုံးအနေနဲ့ ကတော့ Standard Edition ( ရိုးရိုး version ပေါ့ဗျာ ) သူကတော့ ဒေါ်လာ ၅၉.၉၉ ကျပ်ကျသင့်မှာပါ။ ဒီ Edition ကို Pre-oder မှာယူမယ်ဆိုရင်တော့ Legendary Champions War Part ရယ် Epic Exclusive Sword Of Dominion စတဲ့ Item နှစ်ခုပါဝင်မှာပါ။

                နောက်တစ်ခုက Silver Edition တဲ့ဗျ။ ဒီမှာကတော့ Slaughter Tribe Nemesis Expansion , Outlaw Tribe Nemesis Expansion နဲ့ Silver War Chest တစ်ခုကိုရရှိမှာြဖစ်ပါတယ်။ ဒီ Edition ကတော့ ဒေါ်လာ ၇၉.၉၉ ကျပ်ကျသင့်မှာပါ။

                Gold Edition မှာတော့ Silver Edition မှာပါတာတွေအပြင် The Desolation Of Mordor Story Extansion နဲ့ Silver War Chest တစ်ခုအစား Gold War Chest တစ်ခုပါဝင်လာမှာပါ။ ဒေါ်လာ ၉၉.၉၉ ကျပ်ကျသင့်သွားမှာပါ။

                နောက်ဆုံးတစ်ခုကတော့ Mithril Edition ပါ။ Silver မှာကော Gold မှာကောပါတဲ့ Item တွေအပြင် ၁၅ လက်မရှည်တဲ့ Limited Edition Tar-Goroth Balrog vs Carnan Drake ရုပ်ထု ( Figuring ) တစ်ခု Exclusive Lithographs ( ကျောက်ပြားပေါ်ရုပ်ပုံဆွဲထားတာမျိုး ) Set တစ်စုံ Orc Tribe တစ်ခုချင်းစီရဲ့ အလံတွေ Logo တွေပါမယ့် Sticker Set တစ်စု Premium Magnetic Power Ring တစ်ကွင်းနဲ့ Power Ring ထည့်ဖို့အတွက် Premium Box , Steel နဲ့ပြုလုပ်ထားတဲ့ Exclusive Case ထဲမှာပါဝင်လာမယ့် Game ရဲ့ Official Soundtrack နဲ့ အ၀တ်ပေါ်မှာရေးဆွဲထားတဲ့ Mordor ရဲ့မြေပုံအပြင် Gold နဲ့ Mithrill War Chest နှစ်ရရှိမှာဖြစ်ပြီး စျေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ခန့်ရှိသွားမယ်လို့သိရပါတယ်။


                Tribe Expansion တွေအကုန်လုံး Middle Earth Game တွေရဲ့ Main Feature တစ်ခုဖြစ်တဲ့ Nemesis System ပါရှိမှာပါ။ War Chest တွေမှာတော့ Exclusive Items တွေပါရှိမှာဖြစ်ပြီး Story Expansion တွေကတော့ ဇာတ်လမ်း တွေ Mission အသစ်တွေပိုပါမှာပါ။ ဒီ Game ကိုတော့ August လ ၂၂ ရက်နေ့မှာ PC ၊ Playstation 4 နဲ့ Xbox One အတွက်ထွက်ရှိလာမှာပါ။ 

References
Polygon Shadow Of War
About Author
Assinged Tags
RPG PlayStation PC Games Lord Of The Ring Coming Soon Playstation 4 Playstation 4 Pro Xbox One Xbox Scorpio Exclusive
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed