တက်သစ်စ Streamer ပေါက်စတွေအတွက် ဆုကြေးငွေ ကန်ဒေါ်လာ ၆၀,၀၀၀ ရရှိနိုင်တဲ့ Reality TV Show တစ်ခု ပြုလုပ်ပေးသွားမယ့် Twitch

date_range 20 December 2017

တက်သစ်စ Streamer ပေါက်စတွေအတွက် ဆုကြေးငွေ ကန်ဒေါ်လာ ၆၀,၀၀၀ ရရှိနိုင်တဲ့ Reality TV Show တစ်ခု ပြုလုပ်ပေးသွားမယ့် Twitch

visibility 300 Views

                Amazon ကပိုင်ဆိုင်ပြီး Gamer တိုင်းသိတဲ့ Twitch အနေနဲ့ နောက်နှစ်မေလကျရင် တက်သစ်စ Streamer ပေါက်စတွေအတွက် Reality TV Show တစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီ Reality TV Show ကို "Stream On" လို့ နာမည်ပေးထားပြီး Streamer တွေအနေနဲ့ American Idol လိုမျိုး ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ 

                Twitch က တာဝန်ရှိသူတွေကတော့ အခု Show ကို Game Show လို့ပဲ ပြောထားပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် Streamer တွေ အနေနဲ့ Streamer တစ်ယောက်မှာ ရှိသင့်၊ ရှိထိုက်တဲ့ အရည်အချင်းတွေ ရှိရမှာဖြစ်ပြီး Twitch က ဒိုင်လူကြီးတွေက အကဲဖြတ် အမှတ်ပေးသွားမှာ ဖြစ်ပါတယ်။

                ပါဝင်ယှဉ်ပြိုင်မယ့် Streamer တွေအနေနဲ့ မိမိတို့ရဲ့အိမ်ကနေပဲ Twitch ကတစ်ဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Twitch ကနေတစ်ဆင့် ယှဉ်ပြိုင်ကြရမှာ ဖြစ်တဲ့အတွက် အကဲဖြတ်ပေးမယ့်သူတွေ ဆိုတဲ့နေရာမှာ Twitch က ဒိုင်လူကြီးတွေအပြင် ဝင်ရောက်ကြည့်နေတဲ့ Viewer တွေလည်း ပါဝင်ဦးမှာပါ။ အကဲဖြတ်အမှတ်ပေးတဲ့ နေရာမှာ Viewer တွေဆီကရရှိတဲ့ Feedback က ပိုအရေးကြီးမယ်လို့လည်း Twitch က ပြောထားပါသေးတယ်။

                “Stream On” မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အရင်ဆုံး Twitch ရဲ့ Partnership Program မှာ “Partner Status” ရရှိထားရမှာ ဖြစ်ပြီး US, UK နဲ့ Canada နိုင်ငံတွေကပဲ ယှဉ်ပြိုင်လို့ ရမှာပါ။ အနိုင်ရရှိသူအနေနဲ့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ရရှိမယ့်အပြင် Twitch မှာ တစ်လကို ကန်ဒေါ်လာ ၅,၀၀၀ ရရှိမယ့် Full-Time Streamer အနေနဲ့လည်း အလုပ်ရရှိဦးမှာ ဖြစ်ပါတယ်။ 

                “Stream On” Show ကိုတော့ Twitch ရဲ့ကိုယ်ပိုင် Studio ထဲမှာပဲ ရိုက်ကူးထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

References
The Verge TechCrunch Variety
About Author
Assinged Tags
Twitch TV Series
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed