AI ပါဝင်တဲ့ Email App "Astro"

date_range 29 June 2017

AI ပါဝင်တဲ့ Email App "Astro"

visibility 460 Views

                Mobile ဖုန်းတွေကနေ Gmail နဲ့ Microsoft Office 365 Account တွေကို App တစ်ခုထဲနဲ့ အသုံးပြုနိုင်တဲ့ App တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ Gmail App လိုရှုပ်ထွေးခြင်းမရှိပဲနဲ့ Google Inbox လောက်ကို အသုံးပြုရမြန်ဆန်တဲ့ Astro Email app ပဲဖြစ်ပါတယ်။

                လောလောဆယ် Astro Email client ကို App Store, Google Play Store မှာ အခမဲ့ရယူနိုင်ပြီး Mac OS အတွက်ကတော့ Astro website မှာ Email Address ဖြည့်ပြီး Download ရယူနိုင်ပါတယ်။ Atro ရဲ့ ထူးခြားချက်တစ်ခုကတော့ AI ပါဝင်တာပဲဖြစ်ပါတယ်။ 


                Astro ကို စတင်အသုံးပြုမယ်ဆိုရင် စစခြင်း Mail ထည့်သွင်းထဲက ပြုလုပ်ရတဲ့အဆင့်အလွန်လွယ်ကူပြီး ကိုယ်ထည့်သွင်းချင်တဲ့ Gmail တွေကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။ Astro ရဲ့ Mail Inbox မှာ အပိုင်း ၂ ပိုင်းပါဝင်ပြီး Priority နဲ့ Others ပဲဖြစ်ပါတယ်။ Mail စီထားပေးတာက ပိုပြီးစနစ်ကျပြီး အရေးပါတဲ့ Mail တွေအကုန်လုံးက Priority ထဲမှာပဲရှိနေမှာဖြစ်ပါတယ်။ အကောင်းဆုံးတစ်ချက်ကတော့ Astro ဟာ Maill တွေပြန်ရှာတာ၊ ပြန်စီတာ အကုန်လုံးကို Background မှာ ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ ဒီ့အပြင် Email တွေကိုလည်း Schedule လုပ်ပြီး ပို့လို့ ရပါတယ်။


                Astro Mail App ရဲ့ Design ကရိုးရှင်းပြီး Gmail App လိုပဲ Mail တွေကို ညာဘက် Swipe လုပ်လိုက်ရင် Archive လုပ်ပေးတာအပြင် ဘယ်ဘက်ကို Swipe လုပ်ရင် ခတ္တ Notifications ပိတ်ထားပေးတဲ့ Snooze function ပါ ပါဝင်မှာဖြစ်ပါတယ်။ Filter View ပါဝင်ပြီး Unread, Starred, Attachments, Unsnoozed နဲ့ VIP ဆိုပြီး ကိုယ်နှစ်သက်သလို စစ်ထုတ်ပြီး ကြည့်နိုင်ဦးမှာဖြစ်ပါတယ်။ နောက်ပြီးတွေ့ရမှာက Mail Compose လုပ်ဖို့ Floating button တစ်ခုနဲ့ Astro Logo နဲ့ Astrobot ဆိုတဲ့ AI Messaging button ပါဝင်ပါတယ်။ 


Astrobot AI က ဘယ်လိုမျိုးလဲ?

                စတင်ပြီး အသုံးပြုတာနဲ့ သူ့မှာရနိုင်တဲ့ Features တွေကို ပြောပြပေးမှာဖြစ်သလို သူ့ရဲ့လောလောဆယ် လုပ်ဆောင်နိုင်ပေးတာက Reminder သတ်မှတ်ပေးနိုင်တယ်၊ Zap ဆိုတဲ့ ရက် ၃၀ နဲ့အထက်က ကြာပြီဖြစ်တဲ့ Mail တွေကို Archive လုပ်ပေးနိုင်တယ်၊ Email ပို့ပေးနိုင်တယ်။ နောက်ပြီး Fun staffs လို့ခေါ်တဲ့ Random Facts တွေကို ဖော်ပြပေးမယ်။ Features အသစ်တွေလည်း ထည့်ပေးဖို့လုပ်နေတယ်ဆိုတော့ "Ask Astro", "Help with an Astro feature", "Help using Astrobot" စတဲ့ Commands တွေရိုက်ပြီး သူ့ရဲ့ Functions တွေကို ဘယ်လိုအသုံးပြုရလဲဆိုတာကို လေ့လာနိုင်တယ်။ 


                နောက်ထပ် ထူးခြားချက်တစ်ခုက Astro က Gmail, MS Office 365 account တွေအပြင် Slack, Amazon Alexa တွေနဲ့ပါ ချိတ်ပြီး အသုံးပြုလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ သိပ်အသုံးမဝင်လောက်ပါဘူး။ 


                ယေဘုယျသုံးသပ်ကြည့်မယ်ဆိုရင် Astro က လောလောဆယ် ပုံမှန် Mail app တွေထက် အသုံးပြုရတာ ပိုရိုးစင်းတယ်၊ Astrobot က Google Assistant (or) Apple Siri လို AI အကြီးစားတွေမဟုတ်တဲ့အတွက် Features တွေမျိုးစုံမရသေးသလို ကိုယ်ပြောတဲ့စကားကိုလည်း အကုန်နားမလည်သေးပေမယ့် သူရနိုင်တဲ့ functions တွေဖြစ်တဲ့ ကြာနေတဲ့ Mail တွေကို Archive လုပ်ပေးတာက တော်တော်လေးအသုံးဝင်တယ်။

                Google Inbox နဲ့ ယှဉ်ရင်တောင် Astro ကို ပိုကြိုက်မိပေမယ့် ဒီ Astro App ကနေ ကျွန်တော်တို့ကို အတွေးတစ်ခုပေးမိပါတယ်။ တကယ်လို့ Google က သူ့ရဲ့ Google Assistant Function တွေကို Gmail ဒါမှမဟုတ် Inbox app တွေမှာ ထည့်သွင်းပေးခဲ့ရင် Productivity ကို ပိုပြီး မြှင့်တင်ပေးနိုင်မယ်ထင်မိပါတယ်။ လောလောဆယ်တော့ Astro က Google Gmail, Inbox တွေရဲ့ အကောင်းဆုံး Alternative Mail app လို့ပဲ သတ်မှတ်ချင်ပါတယ်။ 

References
TechX Myanmar
About Author
Assinged Tags
Features Artificial Intelligence Email Astro Email App
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed