IP 67/IP 68 စတဲ့ IP Protection တွေကို ဘယ်လိုခွဲခြားကြမလဲ

date_range 19 June 2017

IP 67/IP 68 စတဲ့ IP Protection တွေကို ဘယ်လိုခွဲခြားကြမလဲ

visibility 3620 Views

                အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ ရေစိုခံလာအောင် Hardware Protection တွေထည့်သွင်းလာကြပါတယ်။ အဲ့လိုရေစိုခံလာတာကိုလည်း IP Rating တွေနဲ့ IP 65/67 ဆိုပြီး ကြော်ငြာလာကြပါတယ်။ အဲ့ဒီအတွက် IP Rating တွေက ဘာကိုဆိုလိုတာလဲဆိုတာကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

                ပထမဆုံး IP Rating တွေအကြောင်း ရေစိုခံတဲ့အကြောင်းကို အရင်ရှင်းပြပေးချင်ပါတယ်။ Xiaomi Mi6 ထွက်ရှိပြီးနောက်ပိုင်းမှာ ရေစိုခံတာ နဲ့ ရေစိမ်ခံတာကို ရောထွေးလာကြသလို ပိုပြီးလည်း အခေါ်အဝေါ်တွေက ရှုပ်ထွေးလာပါတယ်။

(၁) Waterproof Phone (အချိန်အကန့်အသတ်မရှိရေစိမ်ခံခြင်း)

                Waterproof ဆိုတာက ဖုန်းအတွင်းပိုင်းအကုန်လုံးကို အချိန်ဘယ်လောက်ကန့်သတတ်ချက်မရှိပဲ ရေစိမ်ခံနိုင်ခြင်းဖြစ်ပါတယ်။ ဘယ်လောက်ပဲရေနဲ့ထိတွေ့ပါစေ ဖုန်းကိုမထိခိုက်နိုင်တဲ့အတွက် သူ့ကို IP Rating သတ်မှတ်ခြင်းမရှိပါဘူး။ လက်ရှိဈေးကွက်ထဲမှာရောင်းချနေတဲ့ဖုန်းတွေရဲ့ 90% ကျော်က Waterproof Phone အဆင့်ကိုမရောက်သေးပါဘူး။

(၂) Water Resistant Phone (ရေစိုခံနိုင်ပြီး အတိုင်းအတာတစ်ခုအတွင်း ရေစိမ်ခံခြင်း)

                Water Resistant ဆိုတာကတော့ ပုံမှန်ရေစိုခံတာဖြစ်ပြီး ရေချိုးတဲ့အချိန်မှာ၊ မိုးရေအောက်မှာ ဖုန်းကိုပုံမှန်အတိုင်းအသုံးပြုနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် Water Resistant ဖုန်းတွေဟာ အချိန်အတိုင်းအတာတစ်ခု၊ ရေအနက်သတ်မှတ်ချက်တစ်ခုအောက်မှာ ရေစိမ်ခံနိုင်ပါသေးတယ်။ အဲ့ဒါကိုမှ IP Rating နဲ့ ဘယ်လောက်ရေအနက်မှာ ဘယ်အချိန်ထိရေစိမ်ခံတယ်ဆိုတာကို သတ်မှတ်ကြတာဖြစ်ပါတယ်။ လက်ရှိဖုန်းအများစုက Water Resistant ဖုန်းတွေပဲဖြစ်ပါတယ်။

(၃) Splash Resistant (ရေစင်၊ ရေစိုခံခြင်း) 

            လောလောဆယ်မှာတော့ Xiaomi Mi6 မှာပဲ ပါဝင်တဲ့ Splash Resistant က လက်ရှိ ရေစိုခံနိုင်တဲ့အဆင့်တွေထဲမှာ အနိမ့်ဆုံးပါ။ သာမန် မိုးရေ (သို့) အခြားရေ မတော်တဆစိုတာကလွဲပြီး ကျန်တဲ့ ရေစိုတာမျိုး၊ ရေစိမ်ခံနိုင်တာမျိုးမရှိတဲ့ အမျိုးအစားဖြစ်ပါတယ်။ 

IP Rating တွေဆိုတာ...

            IP ရဲ့ အရှည်ကောက် Ingress Protection ကိုပြောတာဖြစ်ပြီး International Electrotechnical Commission (IEC) ကနေ သတ်မှတ်ထားတဲ့ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စက်ပစ္စည်းအတွင်းပိုင်း အထိခိုက်ခံနိုင်တဲ့ပမာဏကို ဖော်ပြတာဖြစ်ပါတယ်။

            IP Rating တွေကို ကိန်းဂဏန်း ၂ ခုနဲ့ဖော်ပြလေ့ရှိပြီး ပထမကိန်းဂဏန်းက ဖုန်၊ အမှုန်စတဲ့ အရာဝတ္ထုဝင်ရောက်မှုကိုဖော်ပြခြင်းဖြစ်ပြီး ဒုတိယမြောက် ကိန်းဂဏန်းကတော့ ရေ စတဲ့ အရည်ဝင်ရောက်မှုကိုတိုင်းတာခြင်းဖြစ်ပါတယ်။ 

                ပထမဆုံး အရှေ့နံပါတ်က ဖုန်၊ အမှန့် စတဲ့ အရာဝတ္ထုဝင်ရောက်မှု Dust Resistant ကို ဖော်ပြတာဖြစ်ပါတယ်။

IP 1x - ကြီးမားတဲ့အရာဝတ္ထု (ဥပမာ - လက်ဖြင့်ဆုပ်ကိုင်ခြင်း) ကိုခံနိုင်ရည်ရှိခြင်း။ 
IP 2x - လက်ချောင်း သို့မဟုတ် အခြားဆင်တူအရာဝတ္ထုတွေနဲ့ အသုံးပြုနိုင်ခြင်း။ 
IP 3x - ဝါယာကြိုး သို့မဟုတ်အခြား Tools တွေဝင်ရောက်မှုကို ခံနိုင်ရည်ရှိခြင်း။ 
IP 4x - ပုရွတ်ဆိတ်၊ သေးငယ်တဲ့ Screw တွေ နဲ့အခြားဆင်တူ အရာဝတ္ထုများဝင်ရောက်မှုကိုခံနိုင်ရည်ရှိခြင်း။ 
IP 5x - ဖုန်မှုန့် မတော်တဆဝင်ရောက်ခြင်းကို ခံနိုင်ရည်ရှိခြင်း။ 
IP 6x - ဖုန်မှုန့် ဒဏ်ကို လုံးဝခံနိုင်ရည်ရှိခြင်း။ 

                ဒုတိယ နံပါတ်ဖြစ်တဲ့ ရေ စတဲ့ အရည်ဝင်ရောက်မှု Water Resistant ခံနိုင်တဲ့ အတိုင်းအတာတွေဖြစ်ပါတယ်။

IP x1 - အပေါ်တည့်တည့်မှ ရေတစက်တစက်ကျခြင်းကို ခံနိုင်ရည်ရှိခြင်း။ 
IP x2 - 15 Degree Angle ကနေ ရေတစက်တစက်ကျခြင်းကို ခံနိုင်ရည်ရှိခြင်း။ 
IP x3 - 60 Degree Angle မှ ရေလောင်းချခြင်းကို ခံနိုင်ရည်ရှိခြင်း။ 
IP x4 - မည့်သည့် Angle မှမဆို ရေလောင်းချခြင်းကို ခံနိုင်ရည်ရှိခြင်း။ 
IP x5 - Pressure ပါဝင်သော Nozzle 6.3mm ခေါင်းမှတစ်ဆင့် ရေပက်ဖြန်းခြင်းကို ခံနိုင်ရည်ရှိခြင်း။ 
IP x6 - Pressure ပိုမိုကြီးမားတဲ့ Nozzle 12.5mm ခေါင်းမှတစ်ဆင့် ရေပက်ဖြန်းခြင်းကို ခံနိုင်ရည်ရှိခြင်း။ 
IP x7 - ရေအနက် ၁ မီတာအတွင်း အချိန်ကန့်သတ်ချက်တစ်ခုအထိ (များသောအားဖြင့် မိနစ် ၃၀အထိ) ရေထဲစိမ်ထားနိုင်ခြင်း။ 
IP x8 - ရေအနက် ၁ မီတာမှ ၃ မီတာအထိ အချိန်ကန့်သတ်ချက်တစ်ခုအတွင်း ရေစိမ်ခံနိုင်ခြင်း။ 

            အခုနောက်ပိုင်း ထွက်ရှိလာတဲ့ iPhone 7, 7 Plus, Samsung Galaxy S8, Sony XZ Premium အစရှိတဲ့အမြင့်ပိုင်းဖုန်းတွေအကုန်လုံး IP 67/68 Rating တွေနဲ့အတူ ရေစိုခံလာအောင်ပြုလုပ်လာကြပါတယ်။ နောက်ပိုင်းရေစိမ်ခံ ရေစိုခံတဲ့ဖုန်းတွေက အနာဂတ်တစ်ခုလို့တောင် ပြောလို့ရနေပြီဆိုရင်တောင် မမှားပါတော့ပါဘူး။

References
TechX Myanmar
About Author
Assinged Tags
Smartphones Featured Articles Knowledge Waterproof Water Resistance
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed