iOS 11 က ပြောပြနေတဲ့ iPhone 8 အကြောင်း

date_range 09 June 2017

iOS 11 က ပြောပြနေတဲ့ iPhone 8 အကြောင်း

visibility 9850 Views

                ပြီးခဲ့တဲ့ Apple WWDC 2017 ပွဲမှာ Apple ကနေ iDevices တွေအတွက် iOS 11 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အသစ်ထွက်ရှိလာတဲ့ iOS 11 ကိုကြည့်ပြီး ကျွန်တော်တို့ နောက်ထွက်မယ့် iPhone 8 မှာ ဘယ်လို Features တွေပါလာမယ်ဆိုတာကို သုံးသပ်ကြည့်ရအောင်...။ 

1. ပိုပြီးညဏ်ရည်မြင့်မားလာမယ့် iPhone အသစ်


                WWDC 2017 မှာ Apple ကနေ Machine Learning ဆိုတဲ့ စကားကို တဖန်တလဲလဲသုံးသွားခဲ့ပါတယ်။ ဒါ့အပြင် iOS 11 မှာ Apple ရဲ့ Digital Assistant ဖြစ်တဲ့ Siri ကလဲပိုပြီး ကောင်းမွန်လာမှာဖြစ်ပါတယ်။ အဲ့တော့ Apple iPhone 8 မှာ ကောလဟာလတွေအတိုင်း AI နည်းပညာအတွက် သီးသန့် Chip ပါဝင်လာနိုင်ပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ အလေ့အထတွေကနေ ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စတွေမှာ အလွန်လွယ်ကူစွာ ပြုလုပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ 

2. ပိုပြီးကောင်းတဲ့ ကင်မရာ


                Apple ကနေပြီးတော့ iOS 11 Update နဲ့အတူ ဓါတ်ပုံ Format ကို JPEG အစား HEIF Format အသစ်နဲ့ ပြောင်းလဲသိမ်းဆည်းထားပေးမှာဖြစ်ပါတယ်။ HEIF Format ကို အသုံးပြုလိုက်တာက ယခင် JPEG Format ထက် File size တဝက်ပိုပြီးသက်သာသွားစေမှာဖြစ်တဲ့အတွက် နောက်ထွက်လာမယ့် iPhone 8 မှာ ပိုပြီးစွမ်းဆောင်ရည်ကောင်းတဲ့ ကင်မရာကိုတပ်ဆင်လိုက်ရင်တောင် File size မတရားကြီးမားနေမယ့် ပြသာနာကိုဖြေရှင်းပြီး ဖြစ်သွားပါလိမ့်မယ်။

3. Video Recording ပိုကောင်းလာနိုင်မယ် 


                ဓါတ်ပုံရိုက်ကူးမှုတွေကိုပဲ ပြောင်းလဲခဲ့တာမဟုတ်ပဲ Apple ကနေ iOS 11 ရဲ့ Video Recording Features တွေကိုလည်းပြောင်းလဲခဲ့ပါတယ်။ ယခု iOS 11 မှာ File Compression ၂ ဆပိုပြီးကောင်းမွန်တဲ့ H.265 Codec နဲ့ Record ပြုလုပ်တော့မှာဖြစ်တဲ့အတွက် နောက်ထွက်လာမယ့် iPhone 8 မှာလည်း Video Recording စွမ်းဆောင်ရည်များစွာတိုးတက်လာပါလိမ့်မယ်။ 

4. iPhone 8 မှာ AR နဲ့ VR နည်းပညာများပါဝင်လာဖွယ်ရှိ


                Apple ကနေပြီးတော့ WWDC 2017 ပွဲမှာ AR နဲ့ VR ကို သေသေချာချာပြသခဲ့ပြီး Developer Tool Kits တွေကိုပါထုတ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ iPad Pro 2 မှာ AR Demo ကိုမြင်တွေ့ခဲ့ရပြီး iMac Computer တွေမှာ VR Support စတင်ပြုလုပ်လာတာကို တွေ့ခဲ့ရပါတယ်။ အဲ့တော့ နောက်ထွက်လာမယ့် Apple ရဲ့ အကောင်းဆုံးဖုန်းတစ်ခုဖြစ်လာမယ့် iPhone 8 မှာလည်း AR နဲ့ VR နည်းပညာတွေပါဝင်လာမယ်ဆိုတာကို လှစ်ဟပြနေသလိုပါပဲ။ 

5. iPhone 8 မှာ Screensize ပြောင်းလာနိုင်တယ်


                Apple iPhone 8 ကို Bezel-less Display အဖြစ် ကောလဟာလမျိုးစုံထွက်နေပြီးတော့ အခုထွက်ရှိလာတဲ့ iOS 11 က iPhone 8 ရဲ့ Screensize တွေပြောင်းသွားမယ်ဆိုတာကို ဖော်ပြနေတဲ့ Features အသစ်တွေပါလာပါတယ်။ အဲ့ဒါတွေကတော့ လောလောဆယ် iPad Pro မှာပဲရသေးတဲ့ Split-Screen Multi widows features က iPhone 8 အသစ်ထွက်ရှိတဲ့အချိန်မှာ ပါဝင်လာနိုင်ပြီးတော့ Photos app မှာ အသစ်ပါဝင်လာတဲ့ Memories Features က ဖုန်းရဲ့ Orientation ကိုလိုက်ပြီး အလိုအလျောက်ပြောင်းလဲပြီး ဓါတ်ပုံတွေကို Mini Video အနေနဲ့ပြသွားမှာဆိုတော့ မတူညီတဲ့ Screen Ratio တွေအတွက်ပါ Optimize လုပ်ပြီးသားဖြစ်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီတော့ iPhone 8 က Bezel-less Display နဲ့ ထွက်ရှိမယ်ဆိုတာက သေချာသလောက်ရှိတယ်လို့တောင် ပြောလို့ရနေပါပြီ။ 

References
Tech Radar
About Author
Assinged Tags
Augmented Reality iPhone Virtual Reality iOS iPhone 8 related news WWDC 2017 iOS 11
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed