Headphones မရွေး Dolby Atmos Surround Sound ခံစားနိုင်မယ့် Dolby Access App

date_range 05 December 2017

Headphones မရွေး Dolby Atmos Surround Sound ခံစားနိုင်မယ့် Dolby Access App

visibility 1620 Views

                Microsoft ဟာ ပြီးခဲ့တဲ့ သြဂတ်စ်လက ထုတ်ပေးခဲ့တဲ့ Windows 10 Creators Update မှာ များပြားလှတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ Microsoft Store မှာ သီးသန့် Download ရယူအသုံးပြုနိုင်တဲ့ Dolby Access App တခုကို ထည့်သွင်းပေးခဲ့ပါတယ်။

                အဆိုပါ App ကို Microsoft Store ကနေ ၁လခန့် အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ Microsoft Account ရှိထားဖို့တော့ လိုအပ်ပါတယ်။ ဝယ်မယ်ဆိုရင်တော့ ၁၄.၉၉ ဒေါ်လာ ကျသင့်မှာပါ။


                Dolby Access App ထဲမှာတော့ Dolby Atmos for Home Theater နဲ့ Dolby Atmos for Headphones ဆိုပြီး Feature နှစ်မျိုး ပါရှိမှာဖြစ်ပါတယ်။ Dolby Atmos for Headphones က Virtual Dolby Atmos Surround Sound အသံစနစ်ကို Windows 10 PC မှာ ဘယ် Headphone အမျိုးအစားနဲ့မဆို ခံစားနိုင်မယ့် စနစ်တစ်ခု ဖြစ်ပါတယ်။

                Dolby Atmos for Headphones ကို စတင်အသုံးပြုမယ်ဆိုရင်တော့  "With my headphones" ဆိုတာကို နှိပ်လိုက်ပြီး၊  ပြထားတဲ့အဆင့်အတိုင်း လုပ်ကာ၊ Virtual 7.1 Surround Sound Function ကို အမှန်ခြစ်ပေးရမှာပါ။


                Virtual Surround ဖြစ်နေတဲ့ အတွက်ကြောင့်လည်း ဒီ Dolby Access App ဟာ 5.1 သို့ 7.1 Channels လုပ်ဆောင်ချက် ပါဝင်တဲ့ Gaming Headphones များနဲ့တော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

                ဒါပေမယ့် Stereo Headphone ဒါမှမဟုတ် Earphone တွေမှာ ကောင်းစွာ အလုပ်လုပ်မှာ ဖြစ်ပြီး၊ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာမျိုးတွေမှာ Virtual Dolby Atmos Surround Sound ကို တမူထူးခြားစွာ ခံစားနိုင်မှာ ဖြစ်ပါတယ်။


                Dolby Access App ကို အသုံးမပြုခင် App ထဲမှာပါတဲ့ Dolby Atmos Surround Demo တွေကိုလည်း အစမ်းနားဆင်ခံစားကြည့်နိုင်ပါတယ်။ Gaming အတွက်ဆိုရင်လည်း Dolby Atmos for Headphone Virtualization ဟာ မိမိ ကစားနေတဲ့ ဂိမ်းထဲက Surround Sound တွေကို  3D Space အတွင်း Digitally Signalized Processing ပြုလုပ်ပေးမှာဖြစ်ပြီး တမူထူးခြားသည့် အတွေ့အကြုံအနေနဲ့ အသံတစ်သံချင်းစီရဲ့နေရာကို သိရှိခံစားနိုင်မှာပါ။


                အားနည်းချက် အနေနဲ့ကတော့ Atoms Surround ရဲ့ အခြားထင်ရှားတဲ့ Overhead Sound ခေါ် Bouncing Surround နှင့် Full 360° Immersion Audio Experience ကြောင့် ရုပ်ရှင်အလယ်ထဲ ရောက်နေသည့်အလား ခံစားချက်မျိုး ကိုတော့ ရရှိနိုင်မှာ မဟုတ်ဘဲ၊ ထိုကဲ့သို့ အသုံးပြုနိုင်ဖို့အတွက်က Dolby Atmos Receiver နဲ့ Speakers တွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။


                ဒီ့အပြင် Windows 10 Creators Update တွင် Virtualization Surround Sound ထပ်မံ အသုံးပြုနိုင်သည့် Windows Sonic for Headphones လည်း ပါဝင်ဦးမှာ ဖြစ်ပြီး၊ သူ့ကို အသုံးပြုနိုင်ရန် Speaker Properties တွင် သွားရွေးပြီး၊ Dolby Atmos for Headphones နှင့် နှိုင်းယှဉ်သုံးကြည့်နိုင်ပါတယ်။


This Article is Contributed by 2ppu
References
Microsoft Store How To Geek
About Author
Assinged Tags
Microsoft Windows 10 Windows Store Related App Dolby Atmos Dolby Headphones Dolby Access Creators Update Surround Sound Virtual
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed