ဒီနေ့ဟာ Apple မှ Lisa ကိုစတင်မွေးဖွားပေးခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 30 July 2017

ဒီနေ့ဟာ Apple မှ Lisa ကိုစတင်မွေးဖွားပေးခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 300 Views

                ဇူလိုင် ၃၀၊ ၁၉၇၉ ခုနှစ်မှာ Apple မှ ပထမဦးဆုံး Graphical User Interface (GUI) နဲ့ ထွက်ရှိလာမယ့် လုပ်ငန်းသုံးကွန်ပျုတာ “Lisa” ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

                ၁၉၈၁ ခုနှစ်မှာ Lisa ကို USD $2,000 နဲ့ ရောင်းချပေးဖို့ကြိုးပမ်းခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးသွားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာမှ USD $1,000 နဲ့ စတင်ရောင်းချပေးနိုင်ခဲ့ပါတယ်။

                Lisa ဟာ အဲ့ဒီခေတ်အခါက နည်းပညာအသစ်အဆန်း (GUI လိုမျိုး) တွေကိုအသုံးပြုထားသလို စျေးကလည်းကြီး၊ Software လည်းသိပ်မရှိပဲ Hardware ပြဿနာမျိုးစုံကြောင့် ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။

                ဒါပေမဲ့လည်း အဲ့ဒီအချိန်က စျေးကွက်ထဲမှာသာ မအောင်မြင်ခဲ့ပေမဲ့ ယနေ့ခေတ် PC တွေရဲ့ ဒီဇိုင်းနဲ့ နည်းပညာတွေဟာ Lisa ရဲ့လွှမ်းမိုးမှုအောက်ကနေ ဆင်းသက်လာတဲ့အထိ နည်းပညာပိုင်းမှာတော့ အောင်မြင်မှုအတိုင်းအတာတစ်ခုရရှိခဲ့ပါတယ်။

References
This Day In Tech History
About Author
Assinged Tags
Macintosh GUI Lisa Apple Lisa Graphical User Interface
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed