ဒီနေ့ဟာ Mac OS X ပေါ်မှာ Internet Explorer ကို နောက်ဆုံးမြင်တွေ့ရတဲ့နေ့ဖြစ်ပါတယ်

date_range 15 June 2017

ဒီနေ့ဟာ Mac OS X ပေါ်မှာ Internet Explorer ကို နောက်ဆုံးမြင်တွေ့ရတဲ့နေ့ဖြစ်ပါတယ်

visibility 840 Views

                ဇွန်လ ၁၃ ရက်၊ ၂၀၀၃ ခုနှစ်မှာ Microsoft ရဲ့ Internet Explorer (Macintosh) ရဲ့ Development ကိုရပ်တန့်တော့မယ်လို့ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ Internet Explorer:mac ရဲ့ Final Version (5.2.3) ကို ဇွန်လ ၁၆ ရက်၊ ၂၀၀၃ ခုနှစ်မှာ ထုတ်လုပ်ပေးပြီးတဲ့နောက်ပိုင်း Microsoft အနေနဲ့ Mac OS အတွက် Development တွေကို လုံး၀ ရပ်တန့်ခဲ့ပါတယ်။ 


                ဧပြီလ ၂၃၊ ၁၉၉၆ ခုနှစ်မှာ IE ကို Mac အတွက် Microsoft ကနေ စတင်ထုတ်လုပ်ပေးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Internet Explorer (Macintosh) ကို Default Browser အနေနဲ့အသုံးပြုဖို့ကိုလည်း Apple နဲ့ Microsoft က သဘောတူညီမှု ရယူခဲ့ပါသေးတယ်။ 

                ၂၀၀၃ ခုနှစ်မှာတော့ Apple ရဲ့ Mac OS X 10.3 “Panther” Update မှာ Safari Browser ကို Default Browser အနေနဲ့ အစားထိုးပစ်ခဲ့ပါတယ်။ ဒီလို အစားထိုးပြီး သိပ်မကြာတဲ့အချိန်မှာပဲ Microsoft ဘက်ကနေလည်း Internet Explorer အတွက် Development တွေကို ရပ်တန့်ပစ်ခဲ့တာပါ။


References
Wikipedia
About Author
Assinged Tags
Safari macOS Browser Macintosh Mac Internet Explorer Panther Internet Browser
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed