ဒီနေ့ဟာ Hot Coffee Mod တစ်ခုကြောင့် ESRB မှ Grand Theft Auto: San Andreas ကို Rating ပြောင်းလဲသတ်မှတ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 20 July 2017

ဒီနေ့ဟာ Hot Coffee Mod တစ်ခုကြောင့် ESRB မှ Grand Theft Auto: San Andreas ကို Rating ပြောင်းလဲသတ်မှတ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 580 Views

                ဇူလိုင် ၂၀၊ ၂၀၀၅ ခုနှစ်မှာ Entertainment Software Rating Board (ESRB) မှ Grand Theft Auto: San Andreas ကို Mature (17 and up) မှ Adults Only (18+) အဖြစ် Rating ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဘာကြောင့်ဒီလို Rating ကိုသတ်မှတ်ခဲ့တာလဲဆိုတော့ GTA:SA ဂိမ်းထဲမှာ အဓိကဇာတ်ကောင် CJ အနေနဲ့ သူ့ရဲ့ကောင်မလေးတွေကို လိင်မှုဆက်ဆံတဲ့ကိစ္စပြုလုပ်လို့ရတဲ့ Hot Coffee Mini Game Mod တစ်ခုကြောင့်ပဲဖြစ်ပါတယ်။


                Mod ဆိုပေမဲ့လည်း ဒီ Mod ကိုထုတ်လုပ်ခဲ့တဲ့ Wildenborg ရဲ့ပြောဆိုချက်အရ Rockstar ဟာ ဒီ Sex Mini-Game ကို Hide လုပ်ရုံသာပြုလုပ်ထားခဲ့ပြီး main.scm ဆိုတဲ့ဖိုင်ကိုပဲပြင်ပြီး Mod အနေနဲ့ထုတ်လုပ်ပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ PC CD-ROM, Xbox, PlayStation 2 စတဲ့ ဂိမ်း CD တွေထဲမှာကိုက ဒီ Mini-Game ဟာပါပြီးသားဖြစ်ပြီး သူ့အနေနဲ့လည်း Mini-Game အသစ်တစ်ခုကိုရေးဆွဲခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။ 

                ဂိမ်းကိုထုတ်လုပ်ခဲ့တဲ့ Rockstar ဘက်မှ Wildenborg ရဲ့ ပြောကြားချက်ကို ဘာမှခုခံပြောဆိုနိုင်ခြင်းမရှိပဲ ဒီ Mod ပြုလုပ်လို့မရတဲ့၊ Mini-Game ကိုလုံး၀ထုတ်ပယ်ထားတဲ့ Patched Version Game CD တွေသာ အနာဂတ်မှာ ဆက်လက်ထုတ်လုပ်ပေးမယ်ဆိုတာကိုပဲ ကတိပေးနိုင်ခဲ့ပါတယ်။ ESRB အနေနဲ့လည်း စျေးကွက်ထဲမှာဖြန့်ချိပြီးသား GTA:SA ဂိမ်း CD တွေမှာ Adults Only ဆိုတဲ့ Stickers တွေပြောင်းလဲကပ်ပြီး ရောင်းချဖို့ Retail သမားတွေကိုသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

                သိပ်မကြာခင်မှာပဲ Rockstar မှ Hot Coffee Mod ပြုလုပ်မရတဲ့ Patched ဂိမ်း CD အသစ်တွေ ပြန်လည်ဖြန့်ချီပေးခဲ့ပြီး ESRB မှ Rating M ကိုပြန်လည်ရရှိခဲ့ပါတယ်။ 

References
IGN Day In Tech History
About Author
Assinged Tags
PC Games PlayStation Windows PlayStation 2 Rockstar Games Grand Theft Auto Grand Theft Auto San Andreas Xbox
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed