ဒီနေ့ဟာ Napster (File Sharing Service) ကို ပိတ်သိမ်းခဲ့တဲ့နေ့ ဖြစ်ပါတယ်။

date_range 03 July 2017

ဒီနေ့ဟာ Napster (File Sharing Service) ကို ပိတ်သိမ်းခဲ့တဲ့နေ့ ဖြစ်ပါတယ်။

visibility 360 Views

                ၁၉၉၉ ခုနှစ်လောက်ကတည်းက P2P (peer-to-peer) File Sharing နည်းပညာကို အစောဆုံးအသုံးပြုခဲ့တဲ့ File Sharing Service တွေထဲက တစ်ခုဖြစ်တဲ့ Napster ဟာ  ၂၀၀၁ ခုနှစ်၊ ဂျုလိုင်လ ၂ ရက်နေ့မှာ တရားဝင် ပိတ်သိမ်းခဲ့ရပါတယ်။

                MP3 ဖိုင်တွေကို အဓိက File Sharing လုပ်တဲ့ Napster ဟာ အဲ့ဒီခေတ်အခါက ရှာဖို့ ခက်ခဲတဲ့ MP3 ဖိုင်တွေ၊ သီချင်းအဟောင်းတွေ၊ မထုတ်ရသေးတဲ့ Recordings တွေကို လွယ်လွယ်ကူကူနဲ့ Download ရယူနိုင်တာကြောင့်၊ သီချင်းပရိတ်သတ်တွေကြားမှာ ခေတ်စားခဲ့တဲ့ File Sharing Service တစ်ခုဖြစ်ပြီး၊ အောင်မြင်မှုအထွတ်အထိပ်ကာလမှာ Registered Users ပေါင်း သန်း ၈၀ လောက် ရှိခဲ့ပါတယ်။

                ဒါပေမယ့် နောက်ဆုံးမှာတော့ Madonna နဲ့ Metallica အပါအဝင် နာမည်ကြီး ဂီတပညာရှင်တွေ၊ တီးဝိုင်းတွေနဲ့ မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် အမှုအခင်းတွေ ရင်ဆိုင်ခဲ့ရပြီး၊ ၂၀၀၁ ခုနှစ်၊ ဂျူလိုင်လ ၂ ရက်နေ့မှာတော့ တရားဝင်ပိတ်သိမ်းခဲ့ရပါတယ်။

                Napster ဟာ နစ်နာကြေးချည်းပဲ ဒေါ်လာ သန်း ၂၆ သန်းနဲ့ မူပိုင်ခွင့်ကြေး ဒေါ်လာ ၁၀ သန်းလောက် ပေးဆောင်ဖို့ အမိန့်ချခံခဲ့ရတာကြောင့်၊ နောက်ဆုံးမှာ ကုမ္ပဏီကို ဒေဝါလီခံဖို့ လျှောက်ထားခဲ့ရတဲ့အဆင့်အထိ ရောက်သွားခဲ့ပါတယ်။

                Napster Brand နဲ့ Logo ကို ဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Bertelsmann က ၂၀၀၂ ခုနှစ်မှာ ဒေါ်လာ ၈၅ သန်းနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပိတ်ပင်ခြင်းခံခဲ့ရပြီး၊ နောက်ဆုံးမှာတော့ Roxio ကုမ္ပဏီက ၂၀၀၈ ခုနှစ်မှာ လေလံပွဲကနေတဆင့် ဝယ်ယူနိုင်ခဲ့ပြီး၊ Music Service အဖြစ် တရားဝင်ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

                ၂၀၁၁ ခုနှစ်အရောက်မှာတော့ Napster Music Service ကို Best Buy ကုမ္ပဏီက ဒေါ်လာ ၁၂၁ သန်းနဲ့ ဝယ်ယူခဲ့ပြီး၊ သူတို့ရဲ့ Streaming Music Service ဖြစ်တဲ့ Rhapsody ကို Napster အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။ အခုထိ Napster Streaming Service ကို အသုံးပြုနိုင်ဆဲဖြစ်ပြီး၊ သီချင်း Playlists တွေကို GIPHY က GIF လေးတွေနဲ့ Cover Art လုပ်ထားလို့ ရတာကြောင့် လူသိများတဲ့ Service တစ်ခု ဖြစ်ပါတယ်။

                Napster ရဲ့ လက်ရှိ လစဉ်ကြေးကတော့ Radio ကတဆင့် နားထောင်လို့ရမယ့် unRadio Plan ကို တစ်လ ၄.၉၉ ဒေါ်လာနဲ့၊ သီချင်းတွေကို စိတ်ကြိုက်ရှာဖွေပြီး၊ Download ပြုလုပ်နိုင်တဲ့ Premier Plan ကို တစ်လ ၉.၉၉ ဒေါ်လာ ဖြစ်ပါတယ်။  

References
Day in Tech History Wikipedia Napster
About Author
Assinged Tags
Today Tech Music Streaming Service Napster P2P File Sharing MP3
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed