ဇွန်လ ၂၁ ရက်၊ ၁၉၄၈ မှာ Machester Small-Scale Experimental Machine (SSEM) ရဲ့ ပထမဦးဆုံး Stored-Program ကို စတင် Run ခဲ့တဲ့နေ့ဖြစ်ပါတယ်။ SSEM ဟာ Stored-Program တွေကို Execute လုပ်နိုင်တဲ့ ပထမဦးဆုံးကွန်ပျုတာလည်းဖြစ်ပါတယ်။ Stored-Program ဆိုတာကတော့ လူက ကိုယ်တိုင် Program Instruction တွေထပ်ရေးပြီး Memory Unit ပေါ်မှာသိမ်းဆည်းပြီး Execute လုပ်နိုင်တာကို ပြောတာပါ။
Baby လို့ နာမည်ပြောင်ပေးထားတဲ့ SSEM ကွန်ပျုတာကို England နိုင်ငံမှာ တည်ရှိတဲ့ Victoria University of Manchester အတွင်းမှာ တည်ဆောက်ခဲ့တာပါ။ 32-bit Word Length ပါ၀င်ပြီး Cathoe-Ray Tube နဲ့တည်ဆောက်ထားခဲ့တဲ့ SSEM ကွန်ပျုတာဟာ Mathematics Functions တွေဖြစ်တဲ့ Subtraction နဲ့ Negation တွေကိုပဲအသုံးပြုနိုင်တာပါ။ တခြား Functions တွေကိုတော့ Stored-Program ပေါ်ကပဲအသုံးပြုနိုင်မှာပါ။
ပထမဦးဆုံး Run ခဲ့တဲ့ Program ကို ရေးသားသူကတော့ Professor Tom Kilbum ပဲဖြစ်ပါတယ်။ Instruction ပေါင်း ၁၇ ခုကိုသိမ်းဆည်းထားခဲ့တဲ့ Stored-Program ကို Run ဖို့ အချိန် 52 မိနစ်ကြာမြင့်ခဲ့ပါတယ်။ ဒီ Program ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆခွဲကိန်း 218 ရဲ့ အဖြေကိုရှာဖွေခိုင်းတာပဲဖြစ်ပါတယ်။
Join Us On