DDR4 RAM ထက် နှစ်ဆမြန်မယ့် DDR5 RAM ကို မကြာမီ တွေ့မြင်ရဖွယ်ရှိ

date_range 01 April 2017

DDR4 RAM ထက် နှစ်ဆမြန်မယ့် DDR5 RAM ကို မကြာမီ တွေ့မြင်ရဖွယ်ရှိ

visibility 1050 Views

                မကြာခင်မှာ ကွန်ပြူတာမမ်မိုရီမျိုးဆက်သစ်ဖြစ်တဲ့ DDR5 SDRAM ကို တွေ့မြင်ရတော့မှာဖြစ်ကြောင်း မမ်မိုရီစံနှုန်းသတ်မှတ်ရေးအဖွဲ့အစည်း JEDEC က ယခုတစ်ပတ် ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

                DDR5 ဟာ လက်ရှိ ကျနော်တို့အများစုအသုံးပြုနေတဲ့ DDR4 Memory နေရာကို အစားထိုးမယ့် Memory မျိုးဆက်သစ်ဖြစ်ပြီး၊ DDR4 Memory ထက် နှစ်ဆပိုမိုမြန်ဆန်ကာ၊ Density လည်း နှစ်ဆပိုများပေမယ့်၊ ပါဝါသုံးစွဲမှုကတော့ ပိုနည်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

                DDR5 Memory Module တစ်ခုမှာ DDR4 ထက် Density နှစ်ဆပိုများတဲ့ Memory Chips တွေ အသုံးပြုနိုင်မှာကြောင့် Memory Capacity လည်း ပိုများလာမှာဖြစ်ပြီး၊ RAM Module တစ်ခုမှာ 128GB လောက်အထိ တွေ့လာရနိုင်ပါတယ်။

                JEDEC အနေနဲ့ DDR5 Memory စံနှုန်းကို ၂၀၁၈ ခုနှစ်မှာ အပြီးသတ်ထုတ်ပေးဖွယ်ရှိပေမယ့်၊ DDR4 တုန်းကလိုပဲ အစောပိုင်းမှာ ဆာဗာကြီးတွေလောက်မှာပဲ အသုံးပြုသွားဖို့ ရှိပါတယ်။ Intel တို့လို ကွန်ပြူတာပရိုဆက်ဆာကုမ္ပဏီကြီးတွေနဲ့ Motherboard ကုမ္ပဏီတွေက Support ပေးတော့မှပဲ Personal Computers တွေနဲ့ Laptops တွေမှာ တွေ့မြင်ရမှာပါ။

 

References
PC World
About Author
Assinged Tags
DDR5 Memory Memory
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed