ဒီနေ့ဟာ Wikimedia Foundation ကို စတင်တည်ထောင်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 20 June 2017

ဒီနေ့ဟာ Wikimedia Foundation ကို စတင်တည်ထောင်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 120 Views

                ဇွန်လ ၂၀၊ ၂၀၀၃ ခုနှစ်မှာ Wikimedia Foundation ကို Jimmy Wales မှ စ တင်တည်ထောင်ခဲ့ပါတယ်။ နယ်ပယ်အသီးသီးကနေ သက်ဆိုင်တဲ့အကြောင်းအရာတွေအားလုံးကို ကြိုက်သလို ပြုပြင်၊ ကူးယူ၊ ကိုးကားနိုင်မယ့် Open Content တွေကို ထိန်းသိမ်းဖို့၊ Wiki နဲ့သက်ဆိုင်တဲ့ Projects တွေနဲ့ ဆောင်ရွက်မှုတွေအားလုံးကို အများပြည်သူအတွက် အခမဲ့ ချပြနိုင်ဖို့အတွက် ပရဟိတ အဖွဲ့အစည်းတစ်ခုအနေနဲ့ ရည်ရွယ်တည်ထောင်ခဲ့ရခြင်းဖြစ်ပါတယ်။

                Wikimedia Projects တွေအနေနဲ့ Wikibooks, Wikinews, Wikispecies, Wikidata, Wikipedia, Wikiversity, Wikimedia Commons, Wikiquote, Wikivoyage, Meta-Wiki, Wikisource, Wikitionary စသည်ဖြင့် ပါ၀င်ပါတယ်။ Wiki နဲ့ပတ်သက်တဲ့ Projects တွေဟာ များသောအားဖြင့် Internet ပေါ်မှာပဲ ပြုလုပ်တတ်တာကြောင့် Internet Movement Foundation တစ်ခုလို့လည်း ပြောလို့ရပါတယ်။ 

                Wikimedia Foundation ကို ၂၀၀၅ ခုနှစ်မှာ အမေရိကန် ပြည်တွင်းအခွန်ဆိုင်ရာ ဥပဒေပုဒ်မ 501 (c)(3) အရ ပရဟိတအဖွဲ့အစည်းအနေနဲ့ အခွန်ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။ အသိပညာစုဆောင်းပေး၊ တိုးတက်အောင်လုပ်ဆောင်ပေးပြီး ပြည်တွင်းနဲ့ ပြည်ပမှာပါ ဖြန့်ဖြူးပေးမယ့် ပရဟိတအဖွဲ့အစည်းဆိုတဲ့ ဖော်ပြချက်အရ အခွန်ကင်းလွတ်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 


References
Wikipedia
About Author
Assinged Tags
Wiki Wikipeda Wikimedia Wikimedia Foundation Charity Non Profitable Organization Internet Internet Movement
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed